လှပထက်မြက်တဲ့ မိန်းမသားတွေမှာ ရှိနေတတ်တဲ့အရာတွေ

blank

တန်ဖိုးကြီးတဲ့ မိတ်ကပ်တွေ၊ ရေမွှေးတွေ၊ အဝတ်အစားတွေ ဝတ်တာနဲ့ပဲ တကယ်လှပတဲ့ မိန်းမပျိုတစ်ယောက်ဖြစ်သွားတယ်လို့ ထင်ပါသလား ဂန္ထဝင်ပရိသတ်ကြီးရေ…။ မိန်းမသားတစ်ယောက် တကယ်လှပပြီး ဆွဲဆောင်မှုရှိဖို့ မိတ်ကပ်တွေ၊ အဝတ်အစားတွေက အပေါ်ယံ အထောက်အကူပြုပေးနိုင်ပေမယ့် တစ်သက်တာလှပဖို့အတွက်ကတော့ အောက်ပါ အရည်အချင်းလေးတွေ ရှိနေမှ ရမှာပါ။

၁။ ကိုယ်နေဟန်ထား

လှပစွာနေထိုင်ပြုမူတတ်ခြင်းရဲ့ အဓိကသော့ချက်က ကိုယ်နေဟန်ထားပဲဖြစ်ပါတယ်။ ကိုယ်နေဟန်ထားလှပမှုဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစေပြီး လူအများကြားမှာ ကျက်သရေရှိစွာ လှပစေပါတယ်။ (ဥပမာ- မတ်မတ်ထိုင်တာမျိုး၊ ခေါင်းကို မမော့မငုံ့ဘဲ ကြော့ကြော့မော့မော့ လမ်းလျှောက်တာမျိုးပေါ့။)  ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၂။ စကားပြောဟန်

လှပတဲ့ မိန်းမသားတစ်ယောက်ရဲ့ အင်္ဂါရပ်တွေထဲမှာ စကားကို နည်းနည်းနဲ့ ထိထိရောက်ရောက်ပြောနိုင်ခြင်းလည်းပါဝင်ပါတယ်။ စကားတစ်ခွန်းပြောလိုက်တိုင်း လူတွေကို တွေးစရာတွေ ပေးနိုင်တာဟာ ပညာရှိကြောင်းကို ပြသနေတဲ့ အရည်အချင်းတစ်ခုပါ။ ဗဟုသုတနဲ့ စမတ်ကျကျ ပြောဆိုတတ်ခြင်းက တကယ့်ကို လှပတဲ့ ဆွဲဆောင်မှုတစ်ရပ်လည်းဖြစ်ပါတယ်။

၃။ ခန္ဓာကိုယ်အချိုးအစားလှပမှု

ခန္ဓာကိုယ်အချိုးအစားလှပမှုက မိန်းမပျိုတစ်ယောက်အတွက် အလိုအပ်ဆုံးပေါ့။ အချိုးအစားလှပတယ်ဆိုလို့ ပိန်ရမယ်လို့ ပြောတာမဟုတ်ပါဘူး။ ကိုယ့်အရပ်အမောင်း၊ ရုပ်ရည်နဲ့ လိုက်ဖက်တဲ့ ခန္ဓာကိုယ်အချိုးအစားလေးရှိနေရင်ကို အလိုလို ဆွဲဆောင်မှုရှိသွားတာပါပဲ။ စိတ်ထားလေးလှဖို့လည်း လိုတာပေါ့။

၎။ ကျန်းမာရေး

ကျန်းမာရေးမကောင်းဘူးဆိုရင် အလှတွေ ဘယ်လောက်ပြင်ပြင် အချည်းနှီးဖြစ်သွားပြီး ပင်ကိုယ်အလှလေးပါ ပျောက်ကွယ်သွားတတ်ပါတယ်။ ဒါကြောင့် လှပပြီး လူအများအားကျရတဲ့ မိန်းမပျိုတစ်ယောက်အနေနဲ့ ကျန်းမာရေးကောင်းမွန်ဖို့ သိပ်ကို လိုအပ်ပါတယ်။

၅။ လှပတဲ့အသားအရေ

မိန်းမပျိုတစ်ယောက်ရဲ့ လှပမှုမှာ အသားအရေလှပမှုကလည်း အရေးပါပါတယ်။ အသားအရေကိုကောင်းစွာ ထိန်းသိမ်းခြင်းကြောင့် အရွယ်မတိုင်ခင်အိုမင်းရင့်ရော်တာတွေကို ကာကွယ်ပေးနိုင်တယ်၊ အလှတရားကို ပြည့်စုံစေနိုင်ပါတယ်။ အသားအရေကို အစားအသောက်ကနေပဲဖြစ်ဖြစ်၊ skin care တွေနဲ့ပဲဖြစ်ဖြစ် အထောက်အကူပြုနိုင်အောင် ကြိုးစားသင့်ပါတယ်။

၆။ အိပ်ရေးဝဝ အိပ်စက်ခြင်း

အိပ်ရေးပျက်တဲ့အခါ ခန္ဓာကိုယ်အလေးချိန်တိုးလာပြီး မျက်ကွင်းညိုတာတွေဖြစ်စေနိုင်ပါတယ်။ အိပ်စက်တဲ့အခါ ကိုယ်နေဟန်ထားမမှန်ခြင်းကလည်း ကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့် လှပတဲ့အမျိုးသမီးတစ်ယောက်အတွက် အိပ်ရေးဝဝအိပ်ဖို့နဲ့ ကိုယ်နေဟန်ထားမှန်ကန်စွာ အိပ်ဖို့ အရေးကြီးပါတယ်။

၇။ စိတ်ဖိစီးမှုကင်းဝေးခြင်း

စိတ်ဖိစီးမှုတွေ များလာရင် နဖူးနဲ့ နှာခေါင်းဘေးတွေမှာ အရေးအကြောင်းတွေဖြစ်ပေါ်လာပြီး အလှပျက်စေပါတယ်။ စိတ်ဖိစီးမှုတွေကို ကောင်းကောင်းကိုင်တွယ်လျှော့ချပြီး လှပနုပျိုစွာ နေနိုင်ခြင်းကလည်း လှပထက်မြက်တဲ့ မိန်းမပျိုတစ်ယောက်ရဲ့ အရည်အချင်းတစ်ခုဖြစ်ပါတယ်။

လှပတဲ့ မိန်းမသားတစ်ယောက်ဖြစ်ကြောင်း ဒိစာစောင်လေးကို SHARE ပြီး သက်သေထူလိုက်ပါနော်။