မိတ်ကပ်ဓာတ်မတည့်ခြင်းတွေ မဖြစ်ရလေအောင် ကြိုတင်ကာကွယ်နိုင်စေမည့် နည်းလမ်းကောင်းများ။

blank
close up of attractive Skin care woman face with blue background, asian

အရည်အသွေးမြင့်တဲ့မိတ်ကပ်ပစ္စည်းတွေကို အသုံးပြုပေမယ့် တစ်ခါတလေမှာ မိတ်ကပ်နဲ့ဓာတ်မတည့်တာ (makeup allergies) တွေ ဖြစ်တတ်တဲ့အခိုက်အတန့် ကျွန်မတို့လို sensitive skin ပိုင်ရှင်တွေမှာ ရှိပါတယ်။ မိတ်ကပ်ဓာတ်မတည့်မှုတွေကြောင့် ယားယံတာ၊ နီရဲတာတွေ ဖြစ်ပြီး အသားအရေကို ထိခိုက်စေပါတယ်။

ဒါ့ကြောင့် ဂန္ထဝင်စာဖတ်ပရိသတ် ပျိုမေတို့အတွက် မိတ်ကပ်ဓာတ်မတည့်တာတွေမဖြစ်အောင် ကြိုတင်ကာကွယ်ရမယ့် နည်းလမ်းလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။

၁။ မိတ်ကပ်မလိမ်းခင် လက်ကို စင်ကြယ်စွာဆေးပါ။

၂။ သုံးနေကျမိတ်ကပ်မဟုတ်ဘဲ အခြားသူရဲ့ မိတ်ကပ်တွေ၊ မိတ်ကပ်ပစ္စည်းတွေကို မသုံးမိအောင် ရှောင်ကြဉ်ပါ။

၃။ မျက်လုံးတဝိုက် ပိုးဝင်ပြီး ယားယံလာပြီဆိုတာနဲ့ အသုံးပြုနေတဲ့ eye makeup တွေကို ဆက်လက်မသုံးတော့ဘဲ ရပ်လိုက်ပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ မိတ်ကပ်ပစ္စည်းတွေကို စတင်အသုံးပြုချိန်မှစ၍ တစ်နှစ်အတွင်း ကုန်အောင်သုံးပါ။ တစ်နှစ်ထက်ကျော်လွန်နေတဲ့ မိတ်ကပ်တွေကို လွှင့်ပစ်လိုက်ပါ။

၅။ မိတ်ကပ်ပစ္စည်း အသစ်တစ်ခုခုကို စတင်သုံးစွဲတော့မယ်ဆိုရင် sample ထုပ်လေးတွေတောင်းပြီး အရင် စမ်းသပ်သုံးစွဲကြည့်ပါ။

၆။ မျက်တောင်ကော့ဆေး (mascara) အသုံးပြုတဲ့အခါ မျက်တောင်အဖျားဘက်ကိုပဲ ဆိုးပါ။ မျက်တောင်အရင်းနဲ့ မျက်ခမ်းတွေကို ထိအောင်ဆိုးတာမျိုးကို ရှောင်ကြဉ်ပါ။

၇။ “Natural”ဆိုတဲ့ စကားလုံးပါတဲ့ သဘာဝထုတ်ကုန်တွေတိုင်းကိုလည်း မယုံကြည်ပါနဲ့။ ထိုသဘာဝပစ္စည်းနဲ့ ဓာတ်မတည့်တတ်တာတွေလည်းရှိတာကြောင့် သေချာစမ်းသပ်ပြီးမှ ဝယ်ယူပါ။

သူငယ်ချင်းတွေပါ အလှအပရေးရာ knowledge များ တိုးတက်စေရန် စာစောင်ကို SHARE လိုက်ပါ။