မိတ်ကပ်မလိုဘဲ ပင်ကိုယ်အလှပေါ်လွင်လိုကြသော ပျိုမေတို့အတွက်

blank
close up of attractive Skin care woman face with blue background, asian
၁။ ရေများများသောက်ပါ။

ရေဓာတ်ပြည့်ဝနေတဲ့အသားအရေလေးဟာ မိန်းကလေးတစ်ယောက်ရဲ့ အလှအပကို သဘာဝအတိုင်းပေါ်လွင်စေပါတယ်။ ဒါ့ကြောင့် တစ်နေ့ကို အနည်းဆုံး ရေ ၈ခွက်သောက်ပေးခြင်းက မိတ်ကပ်တွေရဲ့အကူအညီမပါဘဲ လှပဖြူဝင်းတဲ့အသားအရေကို ပိုင်ဆိုင်နိုင်စေပါတယ်။

၂။ အသားအရေကို ချေးချွတ်ပါ။

ရေချိုးတဲ့အချိန် ဆပ်ပြာတိုက်ခြင်းက ခန္ဓာကိုယ်ပေါ်က အညစ်အကြေးတွေအားလုံးကို ပြောင်စင်အောင် သန့်စင်မပေးနိုင်ပါဘူး။ ဒါ့ကြောင့် သန့်ရှင်းကြည်လင်ပြီး လှပတဲ့အသားအရေလေးပိုင်ဆိုင်ဖို့ ခန္ဓာကိုယ်ကို ပုံမှန်ချေးချွတ်ပေးသင့်ပါတယ်။    ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ အုန်းဆီလိမ်းပါ။

သဘာဝအုန်းဆီစစ်စစ်ဟာ အခုကျွန်မတို့သုံးနေတဲ့ အလှဆီတွေထက် များစွာကောင်းမွန်ပါတယ်။ အုန်းဆီပုံမှန်လိမ်းပေးခြင်းက အသားအရေကို နူးညံ့စေပြီး တောက်ပဖြူဝင်းစေပါတယ်။ သဘာဝပစ္စည်း စစ်စစ်ဖြစ်ကြောင့် ဓာတ်မတည့်မှာကိုလည်း မပူရတော့ဘူးလေ။

၎။ အသားအရေကို အစိုဓာတ်ဖြည့်ပေးပါ။

အစိုဓာတ်ပြည့်ပြီး နူးညံ့တဲ့အသားအရေလေး ပိုင်ဆိုင်ထားသူတွေအတွက်ကတော့ ဘာမိတ်ကပ်မှ ထပ်ပြီး လိမ်းခြယ်နေစရာမလိုတော့အောင်ကို လှပနေပါတယ်။ ဒါ့ကြောင့် အသားအရေလေး အမြဲတမ်းစိုပြေနေအောင် အစိုဓာတ်ထိန်းခရင်မ်ကို နေ့တိုင်းလိမ်းပေးသင့်ပါတယ်။

၅။ မျက်ခုံးမွှေးကို ပုံသွင်းပါ။

မိတ်ကပ်မပြင်ဘဲ သဘာဝအတိုင်းလှနေချင်ရင်တော့ မျက်ခုံးမွှေးကို မေ့ထားလို့မရပါဘူး။ မျက်ခုံးဆိုးဆေးမသုံးဘဲနဲ့ လှပတဲ့မျက်ခုံးလေးတစ်စုံပိုင်ဆိုင်ဖို့ ရိတ်တာပဲဖြစ်ဖြစ်၊ နှုတ်တာပဲဖြစ်ဖြစ် ပုံစံကျအောင်ပုံသွင်းသင့်ပါတယ်။

၆။ မျက်လုံးအလှကို ပေါ်လွင်စေမယ့်အဝတ်အစားအရောင်ကို ဝတ်ဆင်ပါ။

မိမိရဲ့ မျက်ဝန်းအရောင်နဲ့ လိုက်ဖက်တဲ့ အဝတ်အစားအရောင်ကို ရွေးချယ်ဝတ်ဆင်တာကလည်း မျက်ဝန်းတွေရဲ့အလှကို သဘာဝအတိုင်း ပေါ်လွင်ထင်ရှားစေပါတယ်။ ဥပမာ – မျက်ဝန်းညိုညိုကောင်မလေးတွေက အညိုရောင်အဝတ်အစားဝတ်သလိုပေါ့။

၇။ နှုတ်ခမ်းနီအကြည်ဘူးလေးကို အမြဲတမ်းဆောင်ထားပါ။

နှုတ်ခမ်းလေးတွေ နုထွေးပြီး လှပနေစေဖို့ အရောင်ပါတဲ့နှုတ်ခမ်းနီတွေကို တကူးတကဆိုးစရာမလိုပါဘူး။ နှုတ်ခမ်းသားကို အားဖြည့်ပေးတဲ့ နှုတ်ခမ်းနီအကြည်တောင့်လေးတွေက သဘာဝအတိုင်း လှပရွှန်းစိုတဲ့နှုတ်ခမ်းသားလေးတွေကို ပိုင်ဆိုင်စေမှာပါ။

ကဲ… ကြည့်ပါလား မမလှလှတို့ရေ…။ မိတ်ကပ်ပစ္စည်းတွေကို မသုံးလည်း မိန်းကလေးတစ်ယောက်ရဲ့ ပင်ကိုယ်အလှတရားကို ပေါ်လွင်ထင်ရှားစေဖို့ လွယ်ကူတဲ့နည်းတွေရှိပါတယ်နော်။ မိမိတို့ရဲ့ ပင်ကိုယ်အလှတရားတွေကို သဘာဝကျကျထုတ်ဖော်နိုင်မယ့် နည်းလမ်းလေးတွေကို အသုံးပြုရင်း ရှုမငြီးတဲ့အလှတရားတွေကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။

သူငယ်ချင်းတွေအတွက် အသုံးတည့်စေဖို့ mention ခေါ်လိုက်ရအောင်။