သက်ရှည်ကျန်းမာ နုပျိုစေမှာ၊ သဘာဝနည်းလမ်းများပါ…

blank

လူသားတိုင်း ထာဝရနုပျိုချင်ကြတယ်လေ။ ဒါပေမယ့် ငယ်ရွယ်နုပျိုချင်တယ်ဆိုပေမယ့် ဘယ်သူကမှ အချိန်တွေကို နောက်ပြန်ဆွဲလို့မရပါဘူး။ ဒါပေမယ့် အလှကုန်ပစ္စည်းတွေ၊ ခွဲစိတ်မှုတွေ၊ ငွေကြေးကုန်ကျမှုတွေမလိုဘဲ အစဉ်အမြဲ စိတ်ပျိုကိုယ်နုအောင် နေထိုင်နိုင်မယ့် သဘာဝနည်းလမ်းကောင်းလေးတွေ ရှိနေပါတယ်။

အောက်မှာ ဂန္ထဝင်မဂ္ဂဇင်းအနေနဲ့ ရေးသားတက်ဆက်ပေးထားတာကတော့ သဘာဝအတိုင်း စိတ်ရောကိုယ်ပါကျန်းမာနုပျိုစေတဲ့ နည်းလမ်းလေးတွေပဲဖြစ်ပါတယ်။

၁။ အသက်အရွယ်ဘယ်လောက်ပဲရှိရှိ ကိုယ့်ကိုယ်ကို ငယ်ရွယ်တယ်လို့ခံယူထားပြီး နေထိုင်ကျင့်ကြံပါ။ သွက်သွက်လက်လက် လှုပ်ရှားသွားလာပါ။

၂။ တိုက်ရိုက်ထိတွေ့တဲ့ နေရောင်ခြည်ကြောင့် သင့်အသားအရေတွေ အလွယ်တကူ အိုမင်းရင့်ရော်နိုင်ပါတယ်။ နေ့တိုင်း အပြင်သွားခါနီး နေလောင်ခံခရင်မ် (sunscreen) လိမ်းပေးပါ။

၃။ အလုပ်တွေကို ပေါ့ပါးသွက်လက်စွာလုပ်ပါ။ အချိန်ပြည့် စိတ်ဓာတ်ကို တက်ကြွစွာထားပါ။ ကျန်းမာရေးလေ့ကျင့်ခန်း ပုံမှန်လုပ်ပေးပါ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၎။ အိပ်ရေးပျက်ခြင်းက သင့်စိတ်ကို ထိုင်းမှိုင်းစေတဲ့အပြင် သင့်မျက်လုံးတဝိုက် အရေးအကြောင်းတွေ ဖြစ်ပေါ်လာစေပါတယ်။ ဒါ့ကြောင့် စိတ်ပျိုကိုယ်နုဖို့ အိပ်ရေးဝဝအိပ်စက်ပါ။

၅။ အရွယ်တင်နုပျိုနေစေဖို့ Omega-3 fatty acid ပါဝင်တဲ့ မြေပဲ၊ သစ်စေ့၊ ဆော်လမွန်ငါးတို့ကိုများများမှီဝဲစားသုံးပေးပါ။ Omega-3 fatty acid ဟာ ဆံပင်နဲ့ အသားအရေနုပျိုစေဖို့ အထောက်အကူဖြစ်သလို အရိုးနဲ့သွားတွေသန်မာအောင်လည်း ကူညီပေးပါတယ်။

၆။ စိတ်ဖိစီးမှုနဲ့ အလုပ်ဒဏ်တွေကလည်း သင့်ကို အလွယ်တကူ အိုမင်းရင့်ရော်စေပါတယ်။ ဒါ့ကြောင့် သင့်စိတ်ကို ပေါ့ပါးသွားအောင် အနားယူချိန်လုံလုံလောက်လောက်ထားပါ။

၇။ လက်ဖ္ဘက်စိမ်းဟာ ကင်ဆာဖြစ်ပွားမှုကို လျှော့ချပေးတယ်။ ခန္ဓာကိုယ်အလေးချိန် ထိန်းညှိပေးတယ်။ စိတ်လက်ပေါ့ပါးစေပြီး နုပျိုစေတယ်။ ဒါ့ကြောင့် သဘာဝလက်ဖက်စိမ်းဖျော်ရည်ကို နေ့စဉ်မှီဝဲပေးပါ။

၈။ ကျန်းမာရေးကိုထိခိုက်စေမယ့် ကယ်လိုရီများတဲ့ အစားအစာတွေကို လုံးဝရှောင်ကြဉ်ပါ။ ဆေးလိပ်ဖြတ်လိုက်ပါ။

၉။ ကျန်းမာရေးကို အထောက်အကူပြုနိုင်မယ့် အစားအစာ၊ အသီးအနှံများများစားပါ။ သဘာဝနဲ့ ကိုက်ညီတဲ့ အစားအသောက်တွေက သင့်ကို ကျန်းမာစေပြီး နုပျိုလှပစေမှာပါ။

ကဲ… ဂန္တဝင် ပရိသတ်ကြီးရေ သင်တို့ဆီမှာရော အရွယ်တင်နုပျိုစေတဲ့ သဘာဝနည်းလမ်းကောင်းလေးတွေရှိနေရင် အများအတွက် Comment Box မှာ ဝေမျှပေးပါဦး။