ခန္ဓာကိုယ်အလေးချိန်တိုးလာရခြင်း အကြောင်းရင်းများ

၁။ မျိုးရိုးလိုက်ခြင်း

       မျိုးရိုးလိုက်ပြီး ခနာကိုယ်အလေးချိန် တိုးလာနိုင်ပါတယ်။ မျိုးရိုးဗီဇ လက္ခဏာတွေက သင်ရရှိလာမယ့် ခနာကိုယ်ပုံစံ အချိုးအစားကို သတ်မှတ်ပေးထားပြီးသားဖြစ်ပါတယ်။ မိဘနှစ်ပါးက ပိန်ပေမယ့် မွေးလာတဲ့ကလေးက ပိန်သွယ်နေမယ်လို့ ပြောလို့မရပါဘူး။ မျိုးရိုးဗီဇဆိုတာ တစ်ခါတစ်လေ မျိုးဆက်တစ်ဆက်ခြားပြီးမှ ပြန်ပေါ်လာတတ်ပါတယ်။

၂။ စိတ်ခံစားမှုအခြေအနေ

ကျွန်မတို့ စိတ်ဖိစီးမှုတွေအများကြီးရှိနေတဲ့အချိန်နဲ့ ဒေါသထွက်နေတဲ့ အချိန်တို့မှာ ဦးနှောက်က သင့်လျော်အောင် မတုံ့ပြန်နိုင်ပါဘူး။ အဲ့လိုအခြေအနေမျိုးမှာ ကျွန်မတို့ခနာကိုယ်က ကယ်လိုရီနဲ့ စွမ်းအင်တွေ ပိုလိုအပ်နေတတ်ပါတယ်။ ဒီပြဿနာက ရုပ်ပိုင်းဆိုင်ရာလုပ်ဆောင်မှုတွေအပေါ် အကျိုးသက်ရောက်စေပြီး ခနာကိုယ်အလေးချိန် တိုးလာတတ်ပါတယ်။ အိမ်မှာနေထိုင်ရင်းနဲ့ပဲ ပေါ့ပေါ့ပါးပါးလုပ်လို့ရတဲ့ ကိုယ်လက်လေ့ကျင့်ခန်းလေးတွေ လုပ်ကြည့်လိုက်ပါ။ အကျိုးရှိပါတယ်။

၃။ မိဘတွေရဲ့ စားသောက်မှုပုံစံ

ကလေးတွေဟာ မိဘတွေရဲ့ အမူအကျင့်တွေကို မသိမသာ အတုယူတတ်တာတွေ ရှိပါတယ်။ ကလေးငယ်တိုင်းရဲ့ အာဟာရမျှတမှုနဲ့ ကျန်းမာရေးဟာ မိခင်တွေအပေါ်မှာ မူတည်နေပါတယ်။ ဥပမာ သင်က အဆီအဆိမ့်နဲ့ အချိုတွေကိုပဲစားနေတယ်ဆိုရင် သင့်ကလေးကိုလည်း အသီးအနှံတွေ ကျွေးလို့ရမှာမဟုတ်ပါဘူး။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၎။ ဇီဝဖြစ်ပျက်နှုန်းမတူညီခြင်း

တချို့လူတွေမှာ ခနာကိုယ်အတွင်း ဇီဝဖြစ်ပျက်မှုနှုန်းမြန်ဆန်ပြီး တစ်နေ့ကို ကယ်လိုရီ ၃၅၀၀ကျော်စားတာတောင် ခန္ဓာကိုယ်အလေးချိန် လုံးဝတက်မလာတာတွေ ရှိပါတယ်။ တချို့လူတွေမှာတော့ တစ်နေ့လုံးမှာမှ ကယ်လိုရီအနည်းငယ်ပဲ စားတာတောင် ခနာကိုယ်အလေးချိန် တိုးမြဲတိုးနေတာတွေကို တွေ့ရပါတယ်။ ဒါဟာ လူတစ်ယောက်နဲ့ တစ်ယောက် ဇီဝဖြစ်ပျက်မှုနှုန်းမတူညီကြလို့ပါ။

၅။ ကယ်လိုရီ အဝင်အထွက်မမျှတခြင်း

သင့်ကို ဝလာစေမယ့် အကြောင်းရင်းနောက်တစ်ခုကတော့ စားသလောက် မဖြုန်းပစ်နိုင်ခြင်းပါပဲ။ အကယ်၍သင်ဟာ ကယ်လိုရီ ၁၀၀၀ဖိုး စားထားတယ်ဆိုရင် သင်ဟာ ကယ်လိုရီ ၁၀၀၀ကို လောင်ကျွမ်းပစ်ဖို့ လေ့ကျင့်ခန်းလုပ်ရမှာပါ။ မလောင်ကျွမ်းနိုင်ဘဲ ပိုနေတဲ့ ကယ်လိုရီတွေစုပြီး ခန္ဓာကိုယ်မှာ အဆီခဲအဆီပြင်တွေ စုပုံလာစေပါတယ်။ အစပိုင်းမှာ အဆီတွေဟာ အစာအိမ်တဝိုက်နဲ့ ပေါင်တွေမှာ စုလာပြီး နောက်ပိုင်းတစ်ဖြည်းဖြည်းနဲ့ တစ်ကိုယ်လုံးမှာ စုလာပါတယ်။ သွေးကြောတွေမှာလည်း စုလာတတ်ပြီး နှလုံးသွေးကြောကျဉ်းရောဂါနဲ့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းတို့ကို ခံစားရစေပါတယ်။

၆။ မကောင်းတဲ့ စားသောက်မှုအကျင့်များ

မနက်စာကို ဖြစ်သလိုစားတယ်၊ နေ့လည်မှာ ထမင်းအများကြီးစားပြီး ညနက်မှ ညနေစာစားတတ်တယ်ဆိုရင်တော့ ဇီဝဖြစ်ပျက်မှုကို နှေးကွေးစေပြီး ကယ်လိုရီပမာဏ အနည်းငယ်ကိုသာ လောင်ကျွမ်းစေပါတယ်။ ဒီလိုစားသောက်မှုပုံစံက သင့်ခန္ဓာကိုယ်မှာ အဆီတွေစုလာစေပြီး အလေးချိန်တိုးလာစေပါတယ်။