ကိုယ်အလေးချိန်ကို လျှော့ချပေးမယ့် မနက်စာဖျော်ရည်တစ်ခွက်

ဂန္ထဝင်ပရိသတ်ကြီးရေ နေ့တစ်နေ့မှာ မနက်စာဆိုတာ အရေးပါဆုံးအစားအစာပါ။ အကယ်၍သင့်မှာ ကိုယ်အလေးချိန်လျှော့ချဖို့ ဆန္ဒရှိနေတယ်ဆိုရင် ဝိတ်ကျဖို့အထောက်အကူပြုပေးမယ့် သဘာဝဖျော်ရည်လေးတွေရှိပါတယ်။ ဒီဖျော်ရည်လေးတွေကို မနက်ခင်းမှာ ပုံမှန်သောက်ပေးခြင့်ဖြင့် သင့်ခန္ဓာကိုယ်အလေးချိန်ကို လျော့ကျစေပြီး ကျန်းမာရေးနဲ့ ညီညွတ်စေမှာပါ။

၁။ ဟင်းနုနယ်ရွက်ဖျော်ရည်
  • ဟင်းနုနယ်ရွက် လက်တစ်ဆုပ်စာ
  • လှီးဖြတ်ထားတဲ့ သစ်တော်သီးမှည့်တစ်လုံး
  • စပျစ်သီး ၁၅လုံး
  • အဆီမပါတဲ့ ဒိန်ချဉ် ၆ အောင်စ
  • ထောပတ်သီး စားပွဲတင်ဇွန်း ၂ဇွန်း
  • သံပုရာရည် စားပွဲတင်ဇွန်း ၂ဇွန်း

ထိုအရာတွေ အားလုံးကို blender ထဲ ရောထည့်၍ သမအောင် ကြိတ်မွှေပြီး သုံးဆောင်နိုင်ပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၂။ ပန်းသီးသစ်ဂျပိုးခေါက်ဖျော်ရည်

–      သစ်ဆိမ့်စေ့ ၅ စေ့

–      အနီရောင်ပန်းသီးတစ်လုံး

–      ငှက်ပျောသီးတစ်လုံး

–      အဆီမပါတဲ့ ဒိန်ချဉ် တစ်ခွက်

–      အဆီမပါတဲ့ နို့ ခွက်တစ်ဝက်စာ

–      သစ်ဂျပိုးခေါက်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက် တို့ကို blander နဲ့ ရောကြိတ်ပြီး ထိုဖျော်ရည်ကို မနက်တိုင်းသောက်သုံးပေးပါ။

ပရိသတ်ကြီးရဲ့ ဝိတ်ချဖျော်ရည်နည်းလေးတွေကိုလည်း Comment Box မှာ အချင်းချင်း ဝေမျှပေးခဲ့ပါဦးနော်။