ခေတ်မီဆန်းသစ်တဲ့ လက်သည်းဒီဇိုင်းလေးလုပ်ကြည့်ကြရအောင်။

blank

ဂန္ထဝင်စာဖတ်ပရိသတ်ကြီးရေ… ဒီတစ်ခေါက်မှာတော့ဖြင့် ခေတ်မီဆန်းသစ်ပြီး ဘာအဝတ်နဲ့မဆို လိုက်မယ့် ဆွဲရလွယ်ကူတဲ့ လက်သည်းဒီဇိုင်းလေးတစ်မျိုးကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ တစ်ခါတည်း လိုက်လုပ်ကြည့်ရအောင်နော်။

လိုအပ်သော ပစ္စည်းများ

  • လက်သည်းဆိုးဆေး အပြာရင့်ရောင်
  • စက္ကူတိပ် အဖြူ
  • ပန်းရောင် acrylic ဆေးပန်းချီ
  • လက်သည်းဆိုးဆေး အကြည်

ဆိုးပုံဆိုးနည်း အဆင့်ဆင့်

၁။ လက်သည်းဆိုးဆေး အပြာရင့်ရောင်ကို အောက်ခံအရောင်အဖြစ် အရင်ဦးဆုံး ဆိုးလိုက်ပါ။

၂။ အဖြူရောင်စတေကာလေးကို ပုံမှာပြထားတဲ့အတိုင်း လက်သည်းပေါ်မှာ ကပ်ပါ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ ပိုနေတဲ့ စတေကာ အစွန်းလေးတွေကို လက်သည်းညှပ်သုံး၍ ဖယ်ရှားလိုက်ပါ။

၎။ acrylic ခေါ် ပန်းချီဆေး ပန်းရောင်ဖြင့် လက်သည်းထိပ်နားလေးမှာ အသည်းပုံ သေးသေးလေးဆွဲပါ။

၅။ ဒါတွေအားလုံး ပြီးပြီဆိုရင်တော့ လက်သည်းမှာ ပုံဖော်ထားတာလေးတွေ တာရှည်ခံအောင် လက်သည်းဆိုးဆေး အကြည်ဖြင့် အုပ်လိုက်ပါ။

လက်သည်းပုံဖော်တာလေးကို သဘောကျရင် စာစောင်ကို သူငယ်ချင်းတွေအတွက် SHARE ဖို့ မမေ့ပါနဲ့နော်။