အချိန်တိုလေးအတွင်း ဝိတ် (၆) ပေါင်ထိ လျှော့ကျစေမယ့် နည်းလမ်းကောင်းလေးတစ်ခု

blank

ဂန္ထဝင်ရဲ့ ပရိသတ်ကြီးတို့ထဲမှာ ဝိတ်ကျချင်လို့ ခေါင်းစားနေတဲ့သူ ဘယ်နှစ်ယောက်လောက် ရှိပါလိမ့်နော်။ အခုတစ်ခါ ဂန္ထဝင်မဂ္ဂဇင်းက တင်ဆက်ပေးမယ့် ဆောင်းပါးလေးကတော့ သင့်ကိုဝိတ်ကျစေဖို့ ကူညီပေးမယ့် ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းကောင်းလေး တစ်ခုပါပဲ။ ဒါပေမယ့် ဒီနည်းလေးသုံးစွဲပြီး ဝိတ်ကျပြီးနောက် ဝိတ်ပြန်မတတ်လာတော့ဘူးလို့တော့ အာမခံလို့ မရနိုင်ပါဘူး။ ဝိတ်တက်၊မတက်က သင့်ရဲ့ စားသောက်နေထိုင်မှု အပေါ်မှာလည်း အများကြီး မူတည်နေပါတယ်။

ဒီလက်ဖြစ်ဖျော်ရည်လေးအတွက် လိုအပ်တဲ့ ပစ္စည်းလေးတွေကတော့

  • လီမွန်သီး တစ်လုံး
  • တစ်ရုတ်နံနံပင် အနည်းငယ်နဲ့
  • ရေ တစ်ခွက်တို့ပဲ ဖြစ်ပါတယ်။

ပြုလုပ်ရမယ့် နည်းလမ်းလေးတွေကတော့

နံနံပင်လေးတွေကို သေးသေးလေးတွေ ဖြစ်အောင် ကိုက်ဖြတ်လိုက်ပါ။ လီမွန်သီးကို အရည်ညှစ်ပြီး ခုနက နံနံပင်လေးတွေနဲ့ ရေထည့်ထားတဲ့ ဖန်ခွက်ထဲကို ရောထည့်လိုက်ပါ။ blender သုံးဖို့ အဆင်ပြေရင် blender လေးထဲ ထည့်ပြီး ကျိတ်လိုက်ပါ။ အားလုံး ပြီးသွားပြီဆိုရင်တော့ သောက်သုံးဖို့ အဆင်သင့်ဖြစ်ပါပြီ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

သောက်သုံးသင့်တဲ့ အချိန်တွေကတော့

မနက် အိပ်ယာထချိန် ဘာမှမစားရသေးခင် အချိန်တွေမှာ သောက်သုံးဖို့ သင့်တော်ပါတယ်။ ငါးရက်လောက်သောက်ပြီးသွားတဲ့ အချိန်မှာတော့ (၁ဝ) ရက် လောက် မသောက်ဘဲ နားထားလိုက်ပါ။ ဒီဖျော်ရည်ကို သောက်သုံးခြင်းက မလိုအပ်တဲ့ အဆီပိုတွေကို အလျှင်အမြန်လျော့ကျစေပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်က လိုအပ်တဲ့ ဗိုက်တာမင်နဲ့ မင်နရယ်ဓါတ်တွေကိုလည်း ဖြည်တင်းပေးပါတယ်။ နံနံပင်ကတော့ အစာချေစနစ်ကို ပိုမိုကောင်းမွန်စေပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်မှာ မလိုအပ်တဲ့ အရည်ပိုတွေကို လျှော့ချပေးနိုင်ပါတယ်။ ဒီဖျော်ရည်လေးရဲ့ အစွမ်းသတ္တိကတော့ သင့်မှာ ရှိတဲ့ အဆီပိုတွေကို (၆)ပေါင်အထိ လျော့ကျစေနိုင်ပါတယ်။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။