အမာရွတ်ကင်းစင်ပြီး လှပတဲ့ အသားအရေလေးပိုင်ဆိုနိုင်စေဖို့

blank

သင့်အရေပြားမှာ ရှိနေတဲ့ အမာရွတ်တွေ ပျောက်ဖို့ အလှပြင်ဆိုင်သွားမယ် ဆိုရင်တော့ ငွေအများကြီးကုန်မှာ သေချာသလောက်ရှိပါတယ်။ ဒါပေမယ့် အဲ့ဒီလို ငွေအကုန်မခံနိုင်တဲ့ သူတွေအတွက် အကုန်အကျ သက်သာပြီး အလှပြင်ပစ္စည်းတွေလို ဘေးထွက်ဆိုးကျိုး မရှိတဲ့ နည်းလမ်းလေးတွေကို ဂန္တဝင်မှ တင်ဆက်ပေးချင်ပါတယ်။ သင့်တော်တဲ့ နည်းလမ်း၊ နှစ်သက်တဲ့ နည်းလမ်းလေးတွေ အသုံးပြုနိုင်ဖို့ အောက်ဖက်မှာ နည်းလမ်း ၄ ခုကို မျှဝေပေးလိုက်ပါတယ်။

၁။ သံပုရာသီး

သံပုရာသီးမှာပါတဲ့ အချဉ်ဓာတ်က အမာရွတ်တွေကို မှိန်သွားစေပြီး ဗီတာမင် စီ(vitamin C) ကတော့ အသားအရောင်ကို ပြန်လည်ညီညာပြီး ဝင်းပလာအောင် ထိန်းညှိပေးပါတယ်။

သံပုရာသီးကို အသုံးမပြုခင် သင့်အရေပြားကို အရင် သန့်ရှင်းပေးပါ။ ပြီးမှ ဂွမ်းလေးပေါ်မှာ သံပုရာသီးကို ညှစ်ပြီး အမာရွတ်ကို ပွတ်ပေးပါ။ သံပုရာအရည်လေး ခြောက်သွားတဲ့အထိ ၁၀ မိနစ်လောက်ထားပေးပါ။ ခြောက်သွားပြီ ဆိုရင်တော့ ရေကြပ်နွေးလေးနဲ့ ဆေးလိုက်လို့ ရပါပြီ။ ဒီနည်းအတိုင်းပဲ အမာရွတ် မထင်းတော့ဘဲ ပုံမှန် အသားအရေအတိုင်း ဖြစ်သွားတဲ့ အထိ နေ့တိုင်းလုပ်ပေးပါ။

၂။ သံလွင်ဆီ

သံလွင်ဆီမှာလည်း သံပုရာသီးလိုပဲ အသားအရေကို ဝင်းလက်စေတဲ့ အစွမ်းရှိပါတယ်။ ဒီအကျိုးကျေးဇူးက သံလွင်ဆီမှာရှိတဲ့ ဖက်တီးအက်ဆစ်(fatty acid) နဲ့ ဗီတာမင် အီးနဲ့ ကေ (vitamin E and K)တို့ကြောင့်ဖြစ်ပါတယ်။ လုပ်ရမယ့် နည်းလမ်းလေးကတော့ အမာရွတ်ပေါ်မှာ သံလွင်ဆီလေးနဲ့ ၅ မိနစ်လောက် နှိပ်ပေးပြီး တစ်ညလုံးထားထားလိုက်ရုံပါပဲ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ မုန့်ဖုတ် ဆိုဒါ

မုန့်ဖုတ်ဆိုဒါ အသုံးပြုတာက ချေးချွတ်ပေါင်းတင်တဲ့ အလှပြင်ပစ္စည်းတွေ သုံးသလိုပဲ အရေပြားပေါ်က ဆဲလ်အသေတွေနဲ့ ရောဂါပိုးတွေကို ဖယ်ရှားပေးပါတယ်။ ဆိုဒါငါးဆနဲ့ ရေတစ်ဆကို ရောမွှေပြီး အနေတော်ရပြီ ဆိုရင် အမာရွတ်ပေါ်မှာ လိမ်းပေးပါ။ တစ်အောင့်လောက်နေလို့ ခြောက်သွားတဲ့အခါ ရေကြပ်နွေးလေးနဲ့ ဆေးချလိုက်ပါ။ တစ်ပတ်ကို ၂ ခါ၊ ၃ ခါ လောက် လုပ်ပေးခြင်းဖြင့် အမာရွတ်တွေ သိသိသာသာ ပါးလာတာကို တွေ့ရမှာပါ။

၎။ ပျားရည်

ပျားရည်ဟာ အသားအရေကို အားဖြည့်ပေးပြီး အနာတွေကို ပျောက်ကင်းစေပါတယ်။ ပြီးတော့ အရေပြားရဲ့ တစ်ရှူးအသစ်တွေကို ပြန်လည်ဖြစ်ပေါ်စေပြီး အမာရွတ်တွေကိုလည်း ပျောက်ကင်းစေပါတယ်။ ပျားရည်နဲ့ မုန့်ဖုတ်ဆိုဒါ ဟင်းစားဇွန်း ၂ ဇွန်းဆီကို ရောမွှေပြီး အမာရွတ်ပေါ်ကို ပုံလိုက်ပါ။ ပြီးရင် အဝတ်တစ်ခု ကို ရေနွေးပူထဲမှာ စိမ်ပြီး ခုနက အပုံပေါ်မှာ အုပ်ထားပေးပါ။ အဝတ်စလေး အေးသွားပြီ ဆိုရင် ဖယ်လိုက်လို့ရပါပြီ။ ဒီနည်းလေးကလည်း အမာရွတ်တွေကို တစ်ဖြည်းဖြည်း သက်သာလာစေမှာပါ။

တစ်ကယ်လို့ သင်က ဝက်ခြံကဖြစ်တဲ့ အမာရွတ် အသေးလေးတွေ အတွက် အသုံးပြုချင်တယ် ဆိုရင်တော့ ဒီနည်းအတိုင်းကနေ မုန့်ဖုတ်ဆိုဒါကို တစ်ဇွန်းလျှော့သုံးလိုက်ရင် ရပါပြီ။

သဘောကျ နှစ်သက်တယ် ဆိုရင် သူငယ်ချင်းတွေလည်း သိနိုင်အောင် Share ပါ။