ဆံသားတွေပျက်စီးပြီး ခြောက်သွေ့နေလို့ စိတ်ညစ်နေပါသလား။

blank

ဆံသားပျက်စီးနေလို့ စိတ်ညစ်နေပါသလား။

ဒီပြဿနာကို ကြုံတွေ့နေရတာဟာ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။

ခြောက်သွေ့မှုမရှိပဲ အားပြည့်လန်းဆန်းတဲ့ ဆံနွယ်လေးတွေ ပိုင်ဆိုင်နိုင်စေဖို့ အကြံပြုချက်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။

၁။ မလိုအပ်ဘဲ မကြာမကြာ ခေါင်းလျှော်ခြင်းကို ရှောင်ပါ။

၂။ အစိုဓါတ်ဖြည့်တင်းပေးပြီး ဆံသားတွေကို ပျော့ပျောင်းစေတဲ့ ခေါင်းလျှော်ရည်မျိုး ကို ရွေးချယ်အသုံးပြုပါ။

၃။ ဆံပင်ပျော့ဆေး (conditioner) ကို ပုံမှန် သုံးစွဲပေးပါ။

၎။ ခြောက်သွေ့ပျက်စီးနေတဲ့ ဆံဖျားလေးတွေကို ညှပ်ပစ်လိုက်ပါ။

၅။ ခေါင်းမလျှော်ခင်မှာ အုန်းဆီ ဒါမှမဟုတ် သံလွင်ဆီလိမ်းပေးပါ။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

၆။ ဆံပင်ကို အပူပေးစက်တွေနဲ့ ကောက်ခြင်း၊ ဖြောင့်ခြင်းတွေ ရှောင်ကျဉ်ပါ။

၇။ အိုမီဂါ -၃ သောက်ပါ။

၈။ အသား၊ ဥ ၊ လတ်ဆတ်တဲ့သစ်သီးသစ်ရွက်တွေကို မျှတအောင်စားပါ။

သင်သိထားတဲ့ လှပတဲ့ ဆံသားလေးတွေပိုင်ဆိုင်စေတဲ့ အကြံပြုချက်လေးတွေကို မျှဝေပေးခဲ့ပါဦး။