ဘယ်လောက်ပဲစားစား အမြဲပိန်ချုံးနေတဲ့အတွက် စိတ်ပျက်နေပါသလား

blank

ခန္ဓာကိုယ် မဖွံ့ဖြိုးခြင်းက အဟာရမလုံလောက်ခြင်း နဲ့ အခြား ကျန်းမာရေး ပြဿနာတွေကြောင့် ဖြစ်နိုင်သလို သန္ဓေလွယ်ထားရခြင်းကြောင့်လဲ ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ပေါ့ပေါ့ဆဆ မထားသင့်ပါဘူး။ ဒါကြောင့် သင့်ခန္ဓာကိုယ် လိုအပ်တာထက် ပို ပိန်နေမယ်ဆိုရင်တော့ နားလည်တဲ့ ဆရာဝန်တွေနဲ့ တိုင်ပင်အဖြေရှာ ကြည့်သင့်ပါတယ်။ ဒါ့အပြင် ခန္ဓာကို ပြန်လည်ဝဖြိုးလာစေမယ့် အောက်ပါနည်းလမ်းလေးတွေကိုလည်း တွဲဖက်လုပ်ဆောင်ဖို့ တိုက်တွန်းလိုက်ပါရစေ။

၁။ အစာကို အတတ်နိုင်ဆုံး ပုံမှန်စားသောက်ပါ။

ခန္ဓာကိုယ်ဟာ စက်အင်ဂျင်တစ်ခုလိုပဲ အမြဲမပြတ် လှုပ်ရှားနေတဲ့ အစိတ်အပိုင်းတွေအတွက် စွမ်းအင် လိုအပ်ပါတယ်။ ဒီစွမ်းအင်တွေ လိုအပ်တဲ့အချိန်တိုင်း ဖြည့်တင်းနိုင်စေဖို့ အစာကို ပုံမှန် စားသုံးပေးသင့်ပါတယ်။ အစားစားချိန်ကို တစ်ချိန်နဲ့ တစ်ချိန်ကြား (၃-၅) နာရီကြား သတ်မှတ်စားသင့်ပါတယ်။ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ တစ်ရှူးတွေမဆုံးရှုံးစေဖို့ အစာပုံမှန်စားသုံးခြင်းက အသင့်တော်ဆုံး နည်းလမ်းလေးပါပဲ။

၂။ ခန္ဓာကိုအတွက် အဟာရဖြစ်စေမယ့် အစားအစာများ စားသုံးပါ။

ပေါင်မုန့်၊ လတ်ဆတ်တဲ့ အသီးအရွက်၊ နို့ထွက်ပစ္စည်း နဲ့ အစေ့အဆံ တွေစားသုံးခြင်းဖြင့် လိုအပ်တဲ့ အဟာရများ ပြန်လည်ဖြည့်တင်းလိုက်ခြင်းကလည်း ခန္ဓာကိုယ် ပြန်လည် ပြည့်ဖြိုးလာစေမယ့် နည်းလမ်းတစ်ခုပါပဲ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ လတ်ဆတ်တဲ့ အသီးဖျော်ရည်တွေ သောက်သုံးပါ။

ကော်ဖီ၊ လက်ဖက်ရည်နဲ့ အခြား ကယ်လိုရီအနည်းငယ်သာ ပါဝင်တဲ့ ဓာတုဖျော်ရည်တွေ သောက်သုံးခြင်းထက် ခန္ဓာကိုယ်ကို အဟာရဖြစ်စေမယ့် လတ်ဆတ်တဲ့ သဘာဝ သစ်သီးဖျော်ရည်၊ နို့စတာတွေ သောက်သုံးပါ။ သင့်ခန္ဓာကိုယ် သိသိသာသာ ဖွံ့ဖြိုးလာတာတွေ့ရပါလိမ့်မယ်။

၎။ အစာစားပြီး ကယ်လိုရီ ပြည့်ဝတဲ့ အရည်သောက်သုံးခြင်း။

အစားမစားခင် အရည်တစ်ခုခု သောက်သုံးခြင်းက အစားစားချင်စိတ်ကို လျှော့ချတယ်လို့ ကြားဖူးပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေ အစားစားနေရင်း ကယ်လိုရီ အပြည့်အဝပါတဲ့ အရည်တစ်မျိုးမျိုးကို တွဲဖက်သောက်သုံးခြင်း သို့မဟုတ် အစားစားပြီး မိနစ် (၃၀) လောက်နေမှ သောက်သုံးခြင်းတွေက ခန္ဓာကို ဖွံ့ဖြိုးစေတဲ့ နည်းလမ်းတွေပါပဲ။

၅။ လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်း။

ခန္ဓာကိုယ်ကို ဆန့်ပြီး အကြောအခြင် ဆန့်ထုတ်ရတဲ့ လေ့ကျင့်ခန်းမျိုး ပုံမှန်လုပ်ဆောင်ပါ။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ခြင်းက ခန္ဓာကိုယ်က ကြွက်သားတွေ ဖွံ့ဖြိုးစေတဲ့အပြင် အစားစားချင်စိတိကိုပါ လှုံ့ဆော်ပေးပါတယ်။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။