နှုတ်ခမ်းနီအရောင်က ပြောသော သင့်အကြောင်း

blank

အရောင်တွေမှာ အဓိပ္ပါယ်တွေ အများကြီး ရှိနေပါတယ်။ တစ်စုံတစ်ယောက်ရဲ့ အနှစ်သက်ဆုံး အရောင်ကနေတစ်ဆင့် သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ အတွင်းစိတ်လေးတွေကို အကဲခတ်လို့ရပါတယ်။

ဥပမာ- အနီရောင်က ရဲရင့်ခြင်းအသွင်ဆောင်ပြီး တစ်ခုခုဆို လေးနက်တည်ကြည်တဲ့ ဂုဏ်သတ္တိရှိပါတယ်။

– အပြာရောင်နဲ့ အဖြူရောင်ကတော့ ငြိမ်ချမ်းမှု၊ အေးချမ်းမှု စတဲ့ ဂုဏ်သတ္တိတွေ ရှိနေပါတယ်။

– အစိမ်းရောင်ကတော့ မနာလိုဝန်တိုခြင်း ကို ဖော်ပြတဲ့ သင်္ကေတတစ်ခုပါပဲ။

ဒီလိုပါပဲ သင့်မျက်နှာကို အလှဆင်လိုက်တဲ့ နှုတ်ခမ်းဆိုးဆေးတွေက တစ်ဆင့် သင့်စိတ် တစ်စိတ်တစ်ဒေသ သတိထားမိစေဖို့ အောက်ဖက်မှာ တော့ အရောင်လေးတွေနဲ့ သူတို့ရဲ့ဝိသေသလက္ခဏာလေးတွေကို တွဲဖက်ဖော်ပြထားပါတယ်။

 ၁။ အနီရောင်

အနီရောင်နှုတ်ခမ်းနီကို မက်မက်မောမော ဆိုးတတ်သူတွေဟာ အရာရာကို စိတ်အားထက်သန်စွာ လုပ်ကိုင်တတ်သူတွေဖြစ်ပြီး ကြုံလာသမျှ လောကဓံကိုလည်း အားအင်အပြည့်နဲ့ ရဲရဲ ရင်ဆိုင်ကြမယ့် သူတွေပါ။

၂။ ပန်းနုရောင်

ပန်းရောင်ဟာ အလွန်နှစ်သက်ဖွယ်ကောင်းပြီး ချစ်စဖွယ်အသွင်ကို ဆောင်တာကြောင့် ဒီလို နှုတ်ခမ်းကို ပန်းရောင်ဖျော့ဖျော့လေးနဲ့ အလှဆင်ချင်သူတွေကတော့ နူးညံ့သိမ်မွေ့ပြီး ကြင်နာတတ်တဲ့ ချစ်စဖွယ် မိန်းကလေးတွေပဲ ဖြစ်ပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသား တင်ဆက်ခြင်း ဖြစ်သည်။

၃။ အညိုရောင်

အညိုရောင် နှုတ်ခမ်းနီကို နှစ်သက်တတ်သူတွေကတော့ သူများဖောက်ပြီးသားလမ်းကို လျှောက်လှမ်းဖို့ထက် လမ်းသစ်ဖောက်ပြီး စွန့်စားရတာကိုနှစ်သက် ကြသူတွေပါ။ ဒါ့အပြင် ဒီလိုမိန်းကလေးမျိုးတွေဟာ သီးခြားနေရတာကို သဘောတွေ့ကြပြီး သူတို့ပတ်ဝန်းကျင်မှာ စိန်ခေါ်မှုတွေ၊ ထူးဆန်းအံ့သြဖွယ်ရာတွေနဲ့ ဝန်းရံထားချင်သူတွေပါ။

၎။ အမည်းရောင်

ခုနောက်ပိုင်း နှုတ်ခမ်းနဲ့ လက်သည်းတွေကို နက်မှောင်နေတဲ့အရောင်နဲ့ ပုံဖော်ကြတာ ခေတ်တစ်ခေတ်လိုတောင် ဖြစ်နေပါပြီ။ ဒီလို နှုတ်ခမ်းကို အမည်းရောင်နဲ့ အလှဆင်သူတွေဟာ လူတွေနဲ့ ရောရောနှောနှောနေရတာကို မနှစ်သက်ကြပါဘူး။ သူတို့နဲ့ ရင်းနီးအောင် ချဉ်းကပ်ဖို့ဆိုတာ အတော်ကိုမလွယ်ကူတဲ့ ကိစ္စပါ။

၅။ သဘာဝ နှုတ်ခမ်းအရောင်ကို ပေါ်လွင်စေမယ့် အရောင်နုနုလေးတွေ

နှုတ်ခမ်းလေးကို သဘာဝအတိုင်းပဲ အရောင်နုနုလေးတွေနဲ့ အလှဆင်ချင်သူတွေကတော့ ဟန်ဆောင်မှုတွေကို လုံးဝမနှစ်သက်တဲ့ ပကတိရိုးသားဖြူစင် ကြသူတွေပါ။ ပြီးတော့ သူတို့ရဲ့ ပင်ကိုယ်သဘာဝ အလှကိုလည်း ယုံကြည်မှုအပြည့်ရှိတယ်။ သူတို့နဲ့ ပေါင်းသင်းရတာ လွယ်ကူပြီး သူတို့ဟာ အေးအေးဆေးဆေး နေရတာ နှစ်သက်တဲ့ သဘောရှိပါတယ်။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။