အသားရေ ဝင်းလဲ့တောက်ပစေမယ့် သစ်သီး (၅)မျိုး

blank
Photo Credit: http://www.stylecraze.com/

နေ့စဉ် အစားအသောက်တွေထဲမှာ သဘာဝသစ်သီးတွေစားတဲ့ အလေ့အထလေးတစ်ခု ရှိဖို့လိုအပ်ပါတယ်။ သဘာဝ သစ်သီးတွေဟာ အသားအရေကို ရေဓါတ်ပြန်လည် ဖြည့်တင်းပေးပြီး စိုပြည်ဝင်းပလာစေပါတယ်။ သဘာဝအသီးတွေ စားသုံးခြင်းက ဘေးထွက်ဆိုးကျိုး မရှိတဲ့အပြင် အကုန်အကျ သက်သာစေပါတယ်။ အဆိပ်အတောက် မဖြစ်စေတဲ့အပြင် ကျန်းမာရေးအတွက်လဲများစွာ အထောက်အကူ ဖြစ်စေတဲ့အတွက် အောက်ပါ အသီးလေးတွေရဲ့ အကျိုးကျေးဇူးတွေကို မျှဝေလိုက်ရပါတယ်။

၁။ ငှက်ပျောသီး

ငှက်ပျောသီးမှာ ဗီတာမင် အေ ၊ ဘီ နဲ့ ဗီတာမင် အီး အပြည့်အဝ ပါဝင်သလို အိုမင်းရင့်ရော်မှုကိုလည်း ကာကွယ်ပေးပါတယ်။ ဒါ့အပြင် အမျှင်ဓါတ်၊ သတ္ထုဓါတ်နဲ့ မက္ကနီဆီယမ်နဲ့ ပိုတတ်ဆီယမ်ကြွယ်ဝပြီး သွေးလည်ပတ်မှု အားကောင်းစေပါတယ်။ ခန္ဓာကိုယ်အတွင်းရှိ ခုခံအားကိုလည်း ကောင်းမွန်စေပါတယ်။

၂။ သံပရိုသီး

သံပရိုသီးမှာ ဗီတာမင် စီ အပြည့်အဝ ပါဝင်ပါတယ်။ သံပရိုသီးမှာ အညစ်အကြေးတွေကို သန့်စင်စေတဲ့ ဂုဏ်သတ္တိတစ်ခုရှိတာကြောင့်  မျက်နှာပေါ်ရှိ အစက်အပြောက်များ၊ ဝက်ခြံများကြောင့် ညစ်နွမ်းနေသော အသားအရေကို ပြန်လည် တောက်ပလာစေပါတယ်။ မနက်အစော ဘာမှမစားရသေးခင် ရေနွေးပူလေးထဲတွင် သံပရိုရည်နဲ့ ပျားရည်လက်ဖက်ရည်ဇွန်း တစ်ဇွန်း သောက်လိုက်ခြင်းက အတွင်းပိုင်း အသားအရေ ပြတ်တောက်ခြင်းတွေကို ကာကွယ်ပေးပါတယ်။

၃။ လိမ္မော်သီး

လိမ္မောသီးဟာ ဗီတာမင်စီ အပြည့်အဝ ပါဝင်တာကြောင့် အသားအရောင် ကို ပိုမို တောက်ပ စေပါတယ်။ မျက်နှာပေါ်ရှိ အစက်အပြောက်တွေကို ဖယ်ရှားပေးပြီး အိုမင်းရင့်ရော်မှုကို ထိန်းသိမ်း ကာကွယ်ပေးပါတယ်။ လိမ္မောခွံကို အခြောက်လှန်း ၊ အမှုန့်ကြိတ်ပြီး လေလုံဘူးထဲမှာ ထည့်ထားလိုက်ပါ။ အဲဒီအမှုန့်နဲ့ တစ်ပတ်ကို နှစ်ကြိမ် မျက်နှာသစ်ပေးပါက အသားအရေ ကြည်လင်စေပြီး ပိုမို တောက်ပစိုပြေစေမှာပါ။

၎။ ပန်းသီး

ပန်းသီးက အန်တီအောက်စီးဒန့်စ်( Anti-Oxidant) ဂုဏ်သတ္တိရှိတာကြောင့်  အရေပြားအတွင်းပိုင်းရှိ ဆဲလ်နှင့် တစ်ရှူးများ ပျက်စီးမှုကို ကာကွယ်ပေးပြီး အိုမင်းရင့်ရော်မှုကိုလည်း ထိန်းချုပ်တားဆီးပေးပါတယ်။မျက်နှာပေါ်ရှိ အရေးအကြောင်းတွေနဲ့ ပျော့တွဲမှုတွေကို လျော့နည်းစေပါတယ်။ ပန်းသီးအရည် နှင့် ပျားရည်ရောစပ်ပြီး မျက်နှာပေါ်မှာ ခြောက်သည်အထိထားပေးခြင်းက ရေဓါတ်ပြန်လည်ဖြည့်တင်းခြင်းကို အထောက်အကူဖြစ်စေပါတယ်။

၅။ သင်္ဘောသီး

သင်္ဘောသီးဟာ အရေပြားပေါ်မှာရှိတဲ့ ဆဲလ်အသေတွေကို ဖယ်ရှားပေးပြီး အသားအရေကို နူးညံ့လှပစေပါတယ်။  သင်္ဘောသီး ကို ဒိန်ချဉ် သို့မဟုတ် ပျားရည် (၂) ဇွန်းနဲ့ မျက်နှာကို လိမ်းပေးပြီး မိနစ် (၂၀) ခန့်အကြာတွင် ရေနွေးနွေးနဲ့ ဆေးကြောလိုက်ပါက သင့်အသားအရဟာ အံ့သြစရာကောင်းလောက်အောင် ဖြူစင်ဝင်းပလာမှာပါ။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဗဟုသုတ တိုးပွားစေခဲ့ရင် Share