ဖလန်း ဖလန်း ထစေမယ့် သတို့သမီး မိတ်ကပ်လေး ဖြစ်စေဖို့

blank

မင်္ဂလာပွဲမှာ လိမ်းခြယ်ထားတဲ့ မိတ်ကပ်ကို အမြဲလှနေချင်ကြပါတယ်။ ဓါတ်ပုံတွေလည်းရိုက်၊ ဘေးနားမှာစိုက်ကြည့်နေကြတဲ့ လူတွေက အများကြီးဆိုတော့ အရမ်းကို မင်္ဂလာမိတ်ကပ်ကို ပြီးပြည့်စုံနေချင်ကြပါတယ်။ သင့်ရဲ့နေ့ထူးနေ့မြတ်ဖြစ်တဲ့ မင်္ဂလာနေ့ရက်မှာ အကောင်းဆုံး လှပနေစေဖို့ အကြံပြုချက်တွေကို ဒီဆောင်းပါးထဲမှာ ဖော်ပြပေးလိုက်ပါတယ်။ ဤဆောင်းပါးကို ဂနဝင် မဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၁။ မင်္ဂလာဆောင်အကြို စမ်းသပ်ကြည့်ခြင်း

မင်္ဂလာဆောင်မှာ ဘယ်လိုပုံစံထွက်နေမလဲဆိုတာ ကြိုတင်သိရှိနိုင်ဖို့အတွက် အကောင်းဆုံးက စမ်းသပ်လိမ်းခြယ်ကြည့်ပါ။ သင့်ရဲ့ မိတ်ကပ်နဲ့ အဝတ်အစားတွေ ဆံပင်ပုံစံတွေက လိုက်ဖက်ညီညွတ်မှုရှိမရှိကို သိစေဖို့အတွက် အကုန်အပြည့်အစုံဝတ်ဆင်ပြီး စမ်းသပ်ဖို့လိုပါတယ်။ ဆံပင်ပုံဆံကို အပြည့်အစုံကြီးလုပ်ဖို့အထိတော့မလိုအပ်ပါဘူး။ ဘာလို့လည်းဆိုတော့ အဲဒါက အရမ်းဈေးကြီးနေလိမ့်မယ်လေ။ သူနဲ့ပုံစံဆင်ဆင်လေးပြုလုပ်ကြည့်ရင်ကို လုံလောက်ပါပြီ။ ဒီနည်းလမ်းလေးက တကယ့်မင်္ဂလာဆောင်မယ့်နေမှာ လူပုံအလယ်ရောက်တော့ မိတ်ကပ်တွေနဲ့ လူထူးလူဆန်းလို ခံစားနေရမှာမဟုတ်တော့ပါဘူး။

၂။ ဖူးယောင်နေတဲ့ မျက်ဝန်းတစ်စုံဖြစ်နေခြင်း

နိုးထလာတဲ့အခါမှာ ကြည့်လိုက်တော့ မျက်ဝန်းတွေက ဖူးယောင်နေမယ်။ မင်္ဂလာဆောင်မယ့်နေ့ရောက်တော့ အရမ်းကို ပင်ပန်းနေပြီး မျက်ဝန်းမှာ ပုံပေါ်နေတာမျိုးတွေပေါ့။ ဥပမာ- မင်္ဂလာပွဲ အတွက် အရမ်းကို စိတ်ဖိအားများနေပြီး ညဖက်အိပ်မပျော်ဖြစ်နေတာမျိုးပါ။ ဒါဆိုရင် ရေခဲသေတ္တာထဲမှာ သတ္တု လက်ဖက်ရည်ဇွန်း (၂) ဇွန်းလောက်ကိုထည့်လိုက်ပါ။ အဲဒီနောက် မျက်ခွံပေါ်ကို အေးမြနေတဲ့ ဇွန်း (၂) ချောင်းကို အချိန်အနည်းငယ်ကြာအောင် တင်ထားပေးလိုက်ပါ။ အဲဒီ နည်းလမ်းက မျက်လုံးကို သိသိသာသာနဲ့ အချိန်တိုအတွင်း ကောင်းကျိုးရရှိစေပါတယ်။

၃။ ရေစိုခံ မျက်တောင်ကော့ဆေးကို အသုံးပြုခြင်း

မင်္ဂလာဆောင်တဲ့နေ့မှာ စိတ်လှုပ်ရှားတာတွေကြောင့် သင့် မျက်တောင်ကို ခြယ်သထားတာတွေက ပျက်ဆီးသွားနိုင်ပါတယ်။ စိတ်လှုပ်ရှားပြီး မျက်ရည်ကျလွယ်တဲ့လူ မဟုတ်ဘူးဆိုရင်တောင်မှ လိုလိုမယ်မယ် သုံးထားဖို့လိုပါတယ်။ မျက်ရည်ကျမိခဲ့မယ်ဆိုရင် အဆင်ပြေတာပေါ့။

၎။ ရုတ်တရက် ဝက်ခြံပေါက်ခြင်း

မင်္ဂလာနေ့ရက်မှာ နိုးထလာတုန်း ဝက်ခြံတွေကို တွေ့ရှိလိုက်ရတဲ့အခါ လန့်သွားပြီး ညစ်မပစ်လိုက်ပါနဲ့။ ပြန်ထွက်လာပါလိမ့်မယ်။ မနက်ခင်း အစောမှာ ရေခဲတုံးလေးတွေကို ဝက်ခြံထွက်နေတာရဲ့ အပေါ်မှာ စက္ကန့် (၃၀) လောက် တင်ထားပေးပါ။ ပြီးရင်တော့ သွားတိုက်ဆေးအနည်းငယ် သုတ်လိမ်းပေးလိုက်ပါ။ အချိန်ကြာကြာထားနိုင်လေ သင့်အတွက် အကျိုးရှိလေပါပဲ။ ဒါပေမယ့် အနည်းဆုံး နာရီဝက်လောက်တော့ ထားပေးလိုက်ပါ။ အဲဒီနည်းလမ်းက ဝက်ခြံထွက်လာရင် အကောင်းဆုံး ကုသတဲ့ နည်းလမ်းပါပဲ။ နောက်တစ်နည်းအနေနဲ့ ကွန်ဆီလာ (concealer) ဖုံးကွယ်တာကလည်း ကောင်းပါတယ်။

၅။ မိတ်ကပ်အောက်ခံ ကောင်းကောင်း အသုံးပြုခြင်း

နေ့စဉ်လုပ်ဆောင်နေကြပုံစံ မဟုတ်ခဲ့ဘူးဆိုရင်တောင်မှ မိတ်ကပ်အောက်ခံ အသုံးပြုတာက အရေပြားကို ပိုပြီးချောမွေ့လာစေကာ မိတ်ကပ်ကိုလည်း ကြာကြာစွဲမြဲနေစေပါတယ်။

၆။ အရေပြားအရောင်နဲ့ လိုက်ဖက်ညီစွာ အောက်ခံမိတ်ကပ်ကို ရွေးခြယ်အသုံးပြုခြင်း

ကောင်းမွန်မှန်ကန်တဲ့ အောက်ခံမိတ်ကပ်ဆိုတာ အရေးကြီးပါတယ်။ မင်္ဂလာနေ့ရက်မှာ သဘာဝအလင်းရောင်အောက်မှာရော ကင်မရာမီးတဖျက်ဖျက်ရှေ့မှာပါ အချိန်အတော်ကြာ ရှိနေရမှာပါ။ အဲဒါကြောင့် မိတ်ကပ်အောက်ခံကို သေသေချာချာ လိမ်းကျံပြီး လည်ပင်းနေရာတစ်ဝိုက်ကိုပါ အရောင်ညီအောင် လိမ်းပေးပါ။

၇။ ပါးနီ အသုံးပြုခြင်း

မိတ်ကပ်ထူထူကြီးတွေလိမ်းခြယ်ထားမယ်ဆိုရင် အရေးကြီးတဲ့ အချက်တစ်ခုက ပွဲစဉ်တစ်လျှောက်လုံး လန်းဆန်းတက်ကြွနေစေဖို့နဲ့ အသက်ဝင်နေစေဖို့ လိုပါတယ်။ ပါးမို့မို့နှစ်ဖက်ကို ရှက်သွေးလေးတွေ ဖြာနေသလို ပါးနီလေး အသုံးပြုပြီး ပန်းသွေးရောင်ခြယ်သပါ။ ရှက်သွေးဖြာနေပုံလေး ပေါက်နေပါစေ။

၈။ မျက်တောင်များ ခြယ်သခြင်း

မင်္ဂလာဆောင် အမှတ်တရပုံတွေထဲမှာ အရမ်းကို ကြည့်ကောင်းလှပနေစေဖို့အတွက် မျက်ဝန်းဆိုတာကလည်း အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုပါ။ မျက်တောင်လေးတွေကို မျက်တောင်ကော့စက်နဲ့ ကော့ထားမယ်ဆိုရင် တစ်နေကုန်လေး ကော့နေပါတယ်။ ပြီးတော့မှ မျက်တောင်ကော့ဆက်ကလေးတွေနဲ့ သင့်မျက်တောင်ကို ဖြေးညှင်းသာယာစွာ နှစ်ကြော့ကော့ပေးပါ။ တကယ့်အစစ်နဲ့ တူတဲ့ မျက်တောင်တုတပ်ပေးတာလည်း  အကြံကောင်းတစ်ခုပါပဲ။

၉။ မျက်ခွံ လှပအောင် ခြယ်သခြင်း

လှပတဲ့ မျက်ဝန်းတစ်စုံပြုလုပ်ဖို့ ဒုတိယအရေးပါတာကတော့ မျက်ခွံတွေကို အံ့အားသင့်စရာကောင်းအောင် ဆေးရောင်ခြယ်ပေးရတာပါပဲ။ မျက်ခွံမှာ အဖြူရောင် အိုင်းရှဲဒိုးလေးကို လိမ်းခြယ်ပေးတာက ဓာတ်ပုံတွေထဲမှာ ထူးခြားထင်ပေါ်နေပါလိမ့်မယ်။ ပြီးမှ ကိုယ်ခြယ်မယ့်အရောင်ကို အပေါ်ကထပ်ခြယ်ပေးလိုက်ပါ။ အညိုရောင်ကတော့ သဘာဝအရောင်နဲ့ အနီးစပ်ဆုံးမို့ တကယ့် နေ့ရက်တွေအတွက် အကောင်းဆုံးရွေးချယ်မှုပါပဲ။

၁၀။ မင်္ဂလာဆောင်တဲ့နေ့မှာ အရေးပေါ် အလှပြင်ပစ္စည်းတွေ အဆင်သင့်ပြင်ဆင်ထားရှိခြင်း

မင်္ဂလာဆောင်မှာ မိတ်ကပ်လိမ်းထားတဲ့ အခါမျိုးတွေမှာ ဂရုစိုက်သင့်ပါတယ်။ တစ်စုံတစ်ရာက အဆင်သင့်ဖြစ်နေတာတောင်မှ ပရမ်းပတာဖြစ်စဉ်တစ်ချို့တစ်လေကြောင့် တစ်နေကုန်စာ ပြင်ဆင်ထားတဲ့ မိတ်ကပ်ပေမယ့် ပေကျံသွားနိုင်ပါတယ်။ ဧည့်သည်တွေကို ဧည့်ခံနေရတဲ့ အခါမျိုးတွေမှာ ပြီးတော့ စားမိသောက်မိတဲ့ အခါမျိုးတွေမှာ သတိမထားမိရင် ဖြစ်တတ်ပါတယ်။ နှုတ်ခမ်းနီ၊ ပေါင်ဒါ ဘရှပ်စ်၊ မှန်သေးသေးလေးတွေ၊ လက်သည်းဆိုးဆေး၊ ဆံညှပ်ကလေးတွေ၊ သွားကြားထိုးတံတွေ စတာလေးတွေကို အရေးပေါ်အခြေအနေအတွက် ပြင်ဆင်ထားသင့်ပါတယ်။ ကြိုတင်ပြင်ဆင်ထားတတ်တာက အလဟဿမဖြစ်စေပါဘူး။

သင့်မှာရော သူတို့သမီးမိတ်ကပ်အပြင်အဆင်တွေနဲ့ ပတ်သက်ပြီး ဝေဖန်အကြံပြုချင်တာ ရှိပါသေးလား။

အထက်ပါ ဆောင်းပါးကိုဖတ်ခြင်းဖြင့် LESSON ရရှိခဲ့တယ်ဆိုရင် သင့်သူငယ်ချင်းတွေကို SHARE ပေးဖို့မမေ့ပါနဲ့။ LIKE လုပ်ရန်လည်း သတိရပေးပါ၊

မော်ဒယ်လ် – သန္တာလှိုင် @ Christie Mackenzie ( http://on.fb.me/1EneU7I )