ခန္ဓာကိုယ် အဆိပ်အတောက်များ ဖယ်ရှားချိန်တန်ပြီ ဆိုတာကို ပြသသော လက္ခဏာ (၉) ရပ်

blank

ဖျားနာတာမျိုးမဟုတ်ဘဲ တစ်ခုခုမှားယွင်းနေသလို ကိုယ်လက်မအီမသာ ဖြစ်လာပြီဆိုရင်တော့ ခန္ဓာကိုယ်က အဆိပ်အတောက်တွေ ဖယ်ရှားဖို့အတွက် အချက်ပြနေတာပါ။ ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်တွေ ဖြစ်လာတဲ့အခါ ဘာကိုမှလုပ်ချင်ကိုင်ချင်စိတ် မရှိဘဲ နုံးနေတတ်ပါတယ်။ ခေါင်းကိုက်တာတွေ၊ အစာမကြေတာတွေလည်း ဖြစ်ပေါ်ပြီး နေရထိုက်ရတာ တစ်ခုခုလိုနေသလို ဖြစ်လာပါတယ်။ ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်တွေ ရှိနေပြီဆိုတာ ပြသတဲ့အချက် (၉)ချက်ကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။ ဤဆောင်းပါးကို ဂနဝင် မဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၁။ညတွေမှာ အိပ်မပျော်ခြင်း

ညဘက်မှာဆိုရင် ခန္ဓာကိုယ်က အရေးကြီးတဲ့လုပ်ငန်းတွေဖြစ်တဲ့ အဆိပ်အတောက်ဖယ်ရှားတာတွေ ထိန်းသိမ်းပြုပြင်တာတွေကို လုပ်ဆောင်ပါတယ်။ ညသန်းခေါင်မှာ နိုးလာတတ်ပြီး ဒီလိုဖြစ်တာ ရက်ဆက်လာပြီဆိုရင် ခန္ဓာကိုယ်ထဲမှာ အဆိပ်ဆောက်တွေ များပြားလွန်းနေတာကြောင့် မနိုင်မနင်းဖြစ်တဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။

၂။ခံတွင်းနံ့ဆိုးခြင်း

ဘယ်လောက်ပဲ သွားတိုက်တိုက်၊ ဘယ်လောက်ပဲ ခံတွင်းနံ့သင်းဆေးပြားတွေ ငုံငုံ အနံ့ဆိုးတာကို မဖျောက်နိုင်ဘူးဖြစ်နေတယ်ဆိုရင် အသည်းက အဆိပ်အတောက်တွေ ဖယ်ရှားရာမှာ အခက်တွေ့နေလို့ပါ။

၃။နာကျင်ကိုက်ခဲခြင်း

ကြွက်သားတွေ၊ အဆစ်အမြစ်တွေကလည်း အဆိပ်အတောက်တွေကြောင့် နာကျင်ကိုက်ခဲနိုင်ပါတယ်။ လေ့ကျင့်ခန်းလည်းမလုပ်နိုင်ဘဲ နာကျင်ကိုက်ခဲတာတွေ ပုံမှန်ခံစားနေရတယ်ဆိုရင်လည်း ဒါက ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်တွေ များနေပြီဆိုတာ ပြသနေတာပါ။

၎။စိတ်ခံစားလွယ်ခြင်း

အခါတိုင်းထက်ပိုပြီး စိတ်ပူပန်သောကရောက်တာတွေ ပိုများနေတယ်၊ စိတ်ခံစားချက်တွေ သိပ်မကောင်းဘူးဖြစ်နေတယ် ဆိုရင် ကိုယ်စားသောက်နေတဲ့အရာထဲမှာ တစ်ခုခုမှားယွင်းနေလို့ပါ။

၅။တစ်နေ့တစ်နေ့ ကဖိန်းဓာတ်ကို မရှိမဖြစ် လိုအပ်နေခြင်း

ကဖိန်းဓာတ်က ခဏတာပဲ လူကို လန်းဆန်းတက်ကြွစေတာပါ။ တစ်နေ့တစ်နေ့ အလုပ်လုပ်နိုင်ဖို့ ကဖိန်းဓာတ်ကို လိုအပ်နေတယ်ဆိုရင် ကဖိန်းဓာတ်ပါတဲ့ အစားအသောက်တွေအစား ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကို စားသင့်ပြီဆိုတာ ပြသပါတယ်။ ဒါမှ ခန္ဓာကိုယ်ထဲက ဓာတုပစ္စည်းတွေကို ဖယ်ရှားနိုင်မှာပါ။

၆။ဝမ်းချုပ်ခြင်း

ဝမ်းချုပ်တာကလည်း အဆိပ်အတောက်ကြောင့် ဖြစ်နိုင်ပါတယ်။ ပိုပြီးတော့တောင် ဆိုးနိုင်ပါတယ်။ အဆိပ်အတောက်တွေကို ခန္ဓာကိုယ်က မစွန့်ပစ်နိုင်ပဲ အူလမ်းကြောင်းထဲမှာ ပိတ်နေတာပါ။ ကိုယ်လက်မအီမသာတွေဖြစ်လာပြီး မောပန်းနွမ်းနယ်တာနဲ့ ခေါင်းကိုက်ခြင်းတွေတောင် ဖြစ်လာနိုင်ပါတယ်။

၇။အနံ့အသက်တွေ မခံနိုင်ခြင်း

အနံ့ခံအားပိုကောင်းလာတယ်လို့ ခံစားရပါသလား။ ဒါဆိုရင်တော့ ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်တွေများနေတာကြောင့် ဓာတုပစ္စည်းနံ့တွေကို မခံနိုင်ဖြစ်နေတာပါ။

၈။ဝက်ခြံနှင့် အဖုအပိန့်များ

အဆိပ်အတောက်များတဲ့အခါ အရေပြားပေါ်မှာ အဆိပ်အတောက် တချို့က ထွက်ပေါ်လာပါတယ်။ မျက်လုံးမို့အစ်တာတွေ၊ ဝက်ခြံ၊ အဖုအပိန့် စတာတွေ မကြာခဏဖြစ်ပေါ်နေတယ်ဆိုရင် ခန္ဓာကိုယ်က အဆိပ်အတောက်တွေဟာ သတ်မှတ်ချက်ထက် ကျော်လွန်လာလို့ပါ။

၉။ကိုယ်အလေးချိန် တက်လာခြင်း

လေ့ကျင့်ခန်းလည်းလုပ်တယ်၊ ကယ်လိုရီလည်း လျှော့တယ်၊ ဒါတောင် ကိုယ်အလေးချိန်က မကျနိုင်ဘူးဖြစ်နေတတ်ပါတယ်။ ဒါက အဆိပ်အတောက်တွေကြောင့် ဟော်မုန်းအပြောင်းအလဲ ဖြစ်စေလို့ပါ။ ဒီလိုဖြစ်လာရင် ခန္ဓာကိုယ်ကို အနားပေးဖို့ လိုအပ်လာပါတယ်။ ပုံမှန်လုပ်နေတဲ့ ဝိတ်ချနည်းတွေနဲ့ အစားအသောက်တွေကို ပြောင်းလဲဖို့လည်း လိုအပ်နိုင်ပါတယ်။

နောက်ထပ် စာစောင်လေးမှာ ဒီအဆိပ်အတောက်တွေကို ဘယ်လိုဖယ်ရှားရမယ်ဆိုတာ ဂန္တဝင်က ဆက်လက်ဖော်ပြပေးသွားမှာပါ။

အထက်ပါ ဆောင်းပါးကိုဖတ်ခြင်းဖြင့် LESSON ရရှိခဲ့တယ်ဆိုရင် သင့်သူငယ်ချင်းတွေကို SHARE ပေးဖို့မမေ့ပါနဲ့။ LIKE လုပ်ရန်လည်း သတိရပေးပါ၊