အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ကြစို့

blank

ပျိုမေများကို ငယ်ရွယ်နုပျိုခြင်းအတွက် လိုက်နာကျင့်သုံးရမယ့် အချက်တွေကို ဖော်ပြလိုက်ပါတယ်။

sunscreen ကိုနေ့စဉ်သုံးပါ(ဆောင်းရာသီမှာလည်း သုံးပေးပါ)

နေပူဒဏ်ဟာ အိုမင်းရင့်ရော်ခြင်းကို ဖြစ်စေတဲ့ အဓိကအကြောင်းအရာပဲ။ UVA ရောင်ခြည်က ဖန်ကိုတောင် ဖောက်ပြီးဝင်နိုင်တယ်ဆိုတော့ အိမ်ထဲမှာလုံလုံခြုံခြုံနေလည်း ထိုးဖောက်နိုင်ပါတယ်။ ငယ်ရွယ်နုပျိုဖို့ဆိုရင် နေ့စဉ်ပုံမှန် ဆန်းစခရင် (sunscreen) လေးတွေသုံးပေးကြပါ။

အိပ်ရေးဝအောင်အိပ်ပြီး သန်းခြင်းကိုရှောင်ကြဉ်ပါ

အိပ်ရေးပျက်ခြင်းက သန်းခြင်းကိုဖြစ်စေတယ်လေ။ သန်းဝေခြင်းက အရေးအကြောင်းတွေ ဖြစ်စေပါတယ်။ ဒါကြောင့် အိပ်ရေးဝအောင်အိပ်ဖို့လိုပါတယ်။ ဤဆောင်းပါးကို ဂနဝင် မဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ပါဝါမျက်မှန်နဲ့ နေကာမျက်မှန်များတပ်ကြပါ

ကိုယ်ကမျက်လုံးအားနည်းလာရင် တစ်ခုခုကို အားစိုက်ကြည့်ရတဲ့အခါ မျက်မှောင်ရှုံ့ကြည့်ရတာတွေဖြစ်လာပါတယ်။ ဒီလိုခဏခဏ ဖြစ်လာရင် အရေးအကြောင်းတွေလည်း ပေါ်လာမှာဖြစ်တယ်။ ဒါကြောင့် လိုအပ်လာရင် မျက်မှန်တပ်ဖို့ ၀န်မလေးပါနဲ့၊ အပြင်တွေထွက်မယ်ဆိုရင်လည်း နေကာမျက်မှန်လေးတွေ တပ်ပေးကြပါ။

ဆေးလိပ်ငွေ့များမှ ရှောင်ပါ

ဆေးလိပ်ငွေ့မှာပါတဲ့ နီကိုတင်း(nicotine၀, တား(tar), နိုင်ထရစ် အောက်ဆိုဒ်(nitric oxide), ကာဗွန် မိုနော့ဆိုဒ်(carbon monoxide) တွေက ဘေးကရှူမိတဲ့သူကို ၂ဆပိုထိခိုက်စေပါတယ်။ ဒါတွေက ကျန်းမာတင်းရင်းနေတဲ့ အရေပြားကို များစွာထိခိုက်စေပါတယ်။

ဖျော်ရည်သောက်ရင် ပိုက်တွေမသုံးပါနဲ့

ပိုက်ကလေးတွေသုံးပြီး အအေးတွေသောက်တဲ့အခါ နှုတ်ခမ်းတွေ စူရတော့ ပါးစပ်ဘေးမှာ အရေးအကြောင်းတွေဖြစ်စေနိုင်တယ်လေ။ ရေကို အပေါက်ကျဉ်းကျဉ်းလေးကနေသောက်ရင်လည်း ဒီလိုပါပဲ။ ဒါကြောင့် ဘာသောက်သောက် ဖန်ခွက်သုံးပြီးသောက်ပါ။

မျက်နှာခဏခဏသစ်ခြင်းကို ရှောင်ကြဉ်ပါ

မျက်နှာသန့်ရှင်းဖို့က အရေးပါပါတယ်၊ ဒါပေမယ့် အလွန်အကျွံတော့မဖြစ်စေပါနဲ့။ တနေ့နှစ်ကြိမ်ထက်မပိုစေပါနဲ့။ ဆပ်ပြာတွေက အရေပြားရဲ့သဘာဝအဆီတွေကို ဆုံးရှုံးစေပြီး အရေပြားယားယံစေတဲ့အတွက် အသားအရေပျက်စီးစေပါတယ်။

မနက်မှာ Cleanser ကိုသုံးပေးပါ

မနက်မှာ မျက်နှာ သန့်စင်ပေးဖို့က အရေးကြီးပါတယ်။ မနက်တိုင်း ဆာလဖိတ်(sulphate) မပါဝင်တဲ့ ကလင်စာ (cleanser) နဲ့မျက်နှာသစ်မယ်ဆိုရင် ငယ်ရွယ်နုပျိုသော အသားအရေပိုင်ဆိုင်ဖို့အတွက် အထောက်အကူပြုပါတယ်။

ကျွန်မတို့အနေနဲ့ အချိန်တွေကို ရပ်တန့်လို့မရပေမယ့် အိုမင်းရင့်ရော်ခြင်းတွေကိုတော့ နှေးကွေးသွားအောင် ပြုလုပ်လို့ရပါတယ်။ စာဖတ်သူအားလုံးလည်း အထက်ပါအချက်လေးတွေကို ကျင့်သုံးကြည့်ပြီး ငယ်ရွယ်နုပျိုခြင်းကို ရှာတွေ့နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

အတွေးအခေါ်များကို  မျှဝေပေးတယ်ဆိုတာ ဂရုစိုက်လို့ပါပဲ။ အောက်ပါ Facebook SHARE button လေးကို တစ်ချက်နှိပ်ပြီး သူငယ်ချင်းတွေကို ဘယ်လောက်ဂရုစိုက်တယ်ဆိုတာ ဖော်ပြလိုက်ပါ။ LIKE လုပ်ရန်လည်းမမေ.ပါနဲ.နော်။