လက်သည်းဆိုးဆေးများ၏ လျှို့ဝှက်ချက် (၉)မျိုး

blank

လက်သည်းဆိုးဆေးတွေက မိန်းကလေးတွေရဲ့ မပါမဖြစ်အလှပြင်ပစ္စည်းတွေထဲက တစ်ခုပါ။ အံ့သြစရာကောင်းတဲ့ လက်သည်းဆိုးဆေးတွေနဲ့ပတ်သက်ပြီး လူသိနည်းတဲ့အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။       စတော့ကင်း(Stocking) တွေဝတ်ဆင်တဲ့အခါမှာ တစ်ခုခုနဲ့ညှိပြီးပေါက်သွားခဲ့ရင်  ဆက်တိုက်ပြဲလာပါတယ်။ အဲဒီလို အရေးပေါ်အခြေအနေနဲ့ကြုံခဲ့ရင် လက်သည်းနီလေးကို စပေါက်တဲ့နေရာမှာ အစက်လေးချပြီးအခြောက်ခံလိုက်ပါ။ ဆက်တိုက်ပြဲထွက်မလာတော့ဘဲ အဆင်ပြေသွားပါလိမ့်မယ်။ ဖန်စီ(Fancy) လက်ဝတ်ရတနာလေးတွေ အရောင်တင်တဲ့အခါမှာလည်း လက်သည်းနီလေးတွေကို အသုံးပြုနိုင်ပါတယ်။

၂။       လက်သည်းနီတွေမှာ အဓိကသုံးတဲ့ ဖော်မဲလ်ဒီဟိုက်(formaldehyde) ကအရေပြားယားယံစေပါတယ်။ ဒီလို အဲလာဂျီ(allergy) မျိုးရှိမယ်ဆိုရင် စိတ်မပူပါနဲ့။ Revlon၊ L’Oreal နှင့်အချို့ brand တွေမှာ sensitive skin တွေအတွက် လက်သည်းဆိုးဆေးလေးတွေ သီးသန့်ရှိပါတယ်။

၃။       လူတစ်ဦးရဲ့ စိတ်ခံစားချက်နှင့် သူရွေးချယ်လိုက်တဲ့အရောင် တွေဟာ ဆက်နွယ်မှုရှိပါတယ်။ လက်သည်းနီအရောင်လေးတွေကို ၀ယ်တဲ့အခါလည်း ကိုယ်စိတ်ကြိုက်လှမယ်ထင်တဲ့အရောင်ကို ၀ယ်လိုက်တယ်လို့ ထင်နေလိမ့်မယ်။ ဒါပေမယ့် ကိုယ်ကြိုက်နှစ်သက်ခဲ့တဲ့ လက်သည်းနီအရောင်လေးတွေက ကိုယ့်ရဲ့အတိတ်က အမှတ်တရလေးတွေကို ထင်ဟပ်စေပါတယ်။

ဤဆောင်းပါးကို ဂနဝင် မဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၎။       တချို့ brand တွေက လက်သည်းဆိုးဆေးထဲမှာ protein peptides နှင့် vitamins တွေထည့်ပေးထားတာမို့ လက်သည်းလေးတွေကို လှပစေရုံသာမက ကျန်းမာနေဖို့လည်း ကူညီပေးပါတယ်။

၅။       လက်သည်းဆိုးဆေးပုလင်းလေးတွေကို သေချာလုံအောင်ပိတ်ပြီး ရေခဲသေတ္တာထဲမှာ သိမ်းပေးခြင်းအားဖြင့် ကြာရှည်ခံစေပါတယ်။

၆။       လက်သည်းနီလေးတွေ ကြာရှည်ခံဖို့၊ ခြစ်ရာထင်တာတွေ၊ ကွာတာတွေမဖြစ်ဖို့ base and top coat တွေကမဆိုးမဖြစ် ဆိုးပေးရပါတယ်။

၈။       တော်တော်များများမိန်းကလေးတွေက အရောင်ရင့်လေးတွေကို ကြိုက်နှစ်သက်ကြတယ်။ ဒါပေမယ့် အရောင်ရင့်တဲ့ လက်သည်းဆိုးဆေးတွေက ရောင်ခြယ်လေးတွေပိုထည့်ရလို့ ပျက်လွယ် ကွာလွယ်ပါတယ်။ အရောင်ရင့်လေးတွေဆိုးချင်ရင်တော့ ခပ်ပါးပါးလေးဆိုးပေးတာက ကြာရှည်ခံပါတယ်။

၉။       လက်သည်းမဆိုးထားရင် မနေတတ်မထိုင်တတ်ဖြစ်တတ်သော်လည်း ၃ ပတ်ခြားတစ်ခါလောက်တော့ လက်သည်းမဆိုးဘဲ ၃ရက်လောက်နေသင့်ပါတယ်။

အ​ထက်ပါ အကြောင်းအရာများကို ​သ​ဘောတူရင်​ SHARE ​ပေးပါဦး။  LIKE လုပ်ရန်လည်းမမေ.ပါနဲ.နော်​။