အသက်ကြီးပုံပေါ်စေနိုင်သော မိတ်ကပ်လိမ်းခြယ်နည်း အလွဲလေးများ

blank

သင့်အလှကုန်ပစ္စည်းရွေးချယ်မှုက သင့်ရဲ့ စတိုင်ကို ထင်ဟပ်စေတဲ့အပြင် အလှဆုံး အသွင်အပြင်ကို အမွမ်းတင်ပေးပြီး လန်းဆန်းတက်ကြွတဲ့ ဘဝအသွင် ဆောင်ပေးတယ်လေ။ ဒါပေမယ့် တခါတရံမှာတော့ ဒီဆုံးဖြတ်ချက်တွေက ထင်ထားတာနဲ့ ဆန့်ကျင်ဘက် ဖြစ်လာတတ်ပါတယ်။ ကျွန်မတို့အမျိုးသမီးတွေက အသက်ကြီးလာတာနဲ့အမျှ အလှအပပစ္စည်းတွေကို ခေတ်နဲ့အညီ ပြောင်းလေ့ပြောင်းထမရှိဘူး။ ဒါပေမယ့် ကျွန်မတို့ ပြောင်းသင့်ပါတယ်။ မဟုတ်ရင် အရင်က တော်တော်လေးအဆင်ပြေခဲ့တဲ့ အလှကုန်တွေက ရုတ်တရက် ကျွန်မတို့ အရွယ်မှန်ကို သိသာနေစေပါတယ်။ ဒီထက်ပိုပြီးဆိုးတာက ကျွန်မတို့ အမှန်တကယ်အရွယ်ထက် ပိုပြီးအိုသယောင် မြင်ယောင်စေပါတယ်။ ကျွန်မတို့ ရှောင်ကြဉ်သင့်တဲ့၊ တွေ့ရများပြီး သတိမထားမိတဲ့ အလှအပဆိုင်ရာ အမှားလေးတွေကို အခုဖော်ပြလိုက်ပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

  • ပါးနီဆိုးတဲ့အခါ ပါးနီအရောင်က မျက်နှာပေါ်မှာ အစင်းကြောင်းတစ်ခုလို ဖြစ်နေတာမျိုး ရှောင်ကြဉ်ပါ။ ပါးနီလိမ်းခြယ်တဲ့အခါမှာ ဟိုတစ်ကွက် ဒီတစ်ကွက်ဖြစ်နေတာလေးတွေက သင့်ကို ပိုပြီး အသက်ကြီးတဲ့ပုံ ပေါ်စေပါတယ်။
  • အရေးအကြောင်းလေးတွေကို အောက်ခံမိတ်ကပ်၊ ကွန်ဆီလာ(concealer) သို့မဟုတ် ပေါင်ဒါ(powder)တွေနဲ့ ဖုံးဖို့ ကြိုးစားတတ်တဲ့ အလေ့အထကို ရှောင်ပါ။ ဒီလိုလုပ်တဲ့အခါ ကိုယ်သုံးလိုက်တဲ့ အရာတွေက အရေးအကြောင်းထဲမှာ သွားစုပုံနေပြီး ပိုတောင် သိသာသွားစေပါတယ်။  ဒါကြောင့် အောက်ခံမိတ်ကပ်ကို တော်ရုံသင့်ရုံပဲ သုံးပေးပါ။
  • အနက်ရောင် အိုင်းလိုင်နာ (eyeliner) ကို အများကြီးလိမ်းခြယ်ခြင်း ရှောင်ပါ။ ဒါက သင့်မျက်လုံးကို ပိုပြီး သေးငယ်သွားစေနိုင်ပြီး သိသိသာသာ ရုပ်ရင့်စေပါတယ်။ အပေါ်မျက်ခမ်းမှာပဲ အိုင်းလိုင်နာလိမ်းပြီး အောက်မျက်ခမ်းကိုတော့ ပိုပြီးနုတဲ့၊ သဘာဝကျတဲ့ အရောင်ဖျော့လေးကိုပဲ သုံးပေးပါ။
  • မျက်ခုံးမွှေးကို အလွန်အကျွံ မနုတ်မိပါစေနဲ့။ မျက်ခုံးမွှေးပါးပါးတွေက သင့်မျက်နှာကို သိသာထင်ရှားစေပြီး မျက်လုံးမို့တာတွေအားလုံးကို ပေါ်လွင်စေပါတယ်။ ဒါကြောင့် သင့်ကိုပိုပြီး ရုပ်ရင့်စေနိုင်ပါတယ်။
  •  နှုတ်ခမ်းနီ အရောင်ပုတ်တွေကို ရှောင်ပါ။ အထူးသဖြင့် သင်က နှုတ်ခမ်းပါးပါးလေးတွေ ပိုင်ဆိုင်ထားရင်ပေါ့။ ဒါတွေက သင့်နှုတ်ခမ်းပါးတာကို ပိုပြီးပါးသယောင် ထင်ဟပ်စေပါတယ်။ ဂလော့စ်(Gloss) လေးတွေသုံးခြင်းက ပိုငယ်ရွယ်တဲ့ အသွင်အပြင်ဆောင်ပေးပါတယ်။
  • အမှုန်များသော၊ အရောင်အသွေးစုံသော သတ္ထုရောင် အိုင်းရှဲဒိုး (eye shadow) တွေရှောင်ပါ။ ဒါတွေက မျက်လုံးတစ်ဝိုက်မှာရှိတဲ့ အရေးအကြောင်းတွေ၊ အတွန့်တွေကို  သိသာစေပြီး ပိုအသက်ကြီးသလို ထင်ဟပ်စေပါတယ်။

တခြား ဘယ်လိုမိတ်ကပ်လိမ်းနည်း အလွဲလေးတွေက အသက်ကြီးတဲ့ပုံပေါ်စေနိုင်သလဲ။ သင့်အတွေ့အကြုံလေးတွေကို အောက်ပါ comment section လေးကနေတဆင့် အကြံဥာဏ်များကို မျှဝေပေးပါဦး။

အ​တွေးအခေါ်များကို  မျှ​ဝေ​ပေးတယ်​ဆိုတာ ဂရုစိုက်​လို့ပါပဲ။ ​အောက်​ပါ ​Facebook​ SHARE button ​လေးကို တစ်​ချက်​နှိပ်​ပြီး သူငယ်​ချင်း​တွေကို ဘယ်​​လောက်​ဂရုစိုက်​တယ်ဆိုတာ ​ဖော်​ပြလိုက်​ပါ။ LIKE လုပ်ရန်လည်းမမေ.ပါနဲ.နော်​။