သင်္ကြန်အထူး ပျိုမေတို့၏ အရေပြား၊ မျက်လုံးနှင့် နားများကို ဘယ်လိုကာကွယ်ကြမလဲ

blank

နေရောင်ခြည်က ပျိုမေတို့အသားအရေကို နေလောင်စေတာထက် ပိုပြီးထိခိုက်စေတာတွေ ရှိပါတယ်။ အမည်းစက်တွေထလာမယ်၊ အနီစက်တွေထလာမယ်၊ အရေပြားတွေလန်မယ်၊ ခြောက်သွေ့မယ်၊ အရေးအကြောင်းတွေပေါ်မယ်၊ အဆိုးရွားဆုံး အရေပြားကင်ဆာအထိ ဖြစ်စေနိုင်ပါတယ်။ ဒီလိုဆိုးကျိုးတွေကို သိနေလျက်နဲ့လည်း ကျွန်မတို့တွေအားလုံးက တခါတရံမှာ အရေပြားကို ကာကွယ်ထိန်းသိမ်းဖို့ အပျင်းထူတတ်ကြပါတယ်။ တခါတရံလည်း နေပူဒဏ်ခံခြင်းက ကျန်းမာစေတယ်ဆိုတဲ့ အယူအဆတွေကြောင့်လည်း ပါသေးပါတယ်။

ပိုပြီး သတိထားရမယ့်အချက်ရှိပါသေးတယ်၊ ရေကနေရောင်ခြည်ရဲ့ ၈၀ရာခိုင်နှုန်းလောက်ကို အလင်းပြန်စေပါတယ်။ ဒါဆိုရင်တော့ နေလည်းပူနေတယ် ရေလည်းကစားမယ့် သင်္ကြန်ပွဲမှာဆိုရင်တော့ သင့်အရေပြားကို ရိုးရိုးနေလောင်တာထက်ပိုပြီး ဆိုးရွားစွာထိခိုက်စေမှာ ဖြစ်ပါတယ်။ ဒါပေမယ့် မပူပါနဲ့ သတင်းကောင်းအနေနဲ့ ပျော်ရွှင်စွာရေကစားနိုင်ဖို့ ကြိုတင်ကာကွယ်ရမယ့် နည်းလမ်းကောင်းလေးတွေ ရှိပါတယ်။  ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

သင်္ကြန်မှာ ရေကစားကြဖို့ ဘယ်လို အကာအကွယ်ပစ္စည်းလေးတွေ လိုအပ်လဲဆိုတာ ကြည့်လိုက်ရအောင်။

နေလောင်ဒဏ်ကာကွယ်တဲ့ လိမ်းဆေးတွေသုံးပေးပါ။

ရေစိုဒဏ်လည်းခံနိုင်တဲ့ အနည်းဆုံး SPF ၅၀ ပါဝင်တဲ့မိတ်ကပ်များ၊body lotion များ လိမ်းပေးပါ။ နေလောင်ဒဏ်မှ ပြည့်ပြည့်၀၀ကာကွယ်ပေးနိုင်ရန် အပြင်မထွက်မှီ နာရီဝက်လောက်အလိုမှာ လိမ်းပေးပါ၊ ဒါမှ အရေပြားနှင့်အသားကျသွားမှာ ဖြစ်ပါတယ်။ အောက်ခံအလွှာ အရေပြားကိုလည်း ကာကွယ်ပေးမှာဖြစ်ပါတယ်။ နေလောင်နှင့် တိုက်ရိုက်အထိအတွေ့များတဲ့ လည်ပင်း၊ ခြေဖမိုး၊ လက်ဖမိုးတွေကိုလည်း အဓိကထားလိမ်းပေးပါ။

အကာအကွယ်များ ပြုလုပ်ပါ။

ဆံပင်၊ မျက်နှာ၊ မျက်လုံးအားလုံကို ကာကွယ်နိုင်ဖို့ ဗျက်ကျယ်သော ကမ်းခြေဦးထုပ်များ၊ နေကာမျက်မှန်များကို အသုံးပြုခြင်းက နေရောင်ခြည်ဒဏ်ကနေ (၉၉)ရာခိုင်နှုန်းထိ ကာကွယ်ပေးနိုင်ပါတယ်။ ရေကစားရင် အင်္ကျီလက်တိုနဲ့ ဘောင်းဘီတိုလေးတွေ ၀တ်ချင်တယ်ဆိုပေမယ့် အောက်ကနေတော့ ကိုယ်ကျပ်အင်္ကျီလက်ရှည်၊ stocking ရှည်တွေဝတ်ပေးပြီး ကာကွယ်ပေးရတယ်။

အရိပ်ထဲမှာ နေပေးပါ။

နေပူဒဏ်က မနက် (၁၀)နာရီကနေ ညနေ (၄)နာရီကြားမှာ အပြင်းထန်ဆုံးပါပဲ။ ဒါကြောင့် တနေကုန် ရေကစားမယ်ဆိုရင်တော့ အခါအားလျော်စွာ အရိပ်ထဲမှာ နေပေးပါ။ ကိုယ်က နည်းနည်းလောက် ဆင်ဆင်ခြင်ခြင်နေပေးရုံနဲ့ သင်္ကြန်မှာအရေပြားမထိခိုက်ဘဲ ပျော်ပါးနိုင်မှာဖြစ်ပါတယ်။

နေကာမျက်မှန် ၀တ်ပေးပါ။

မျက်လုံးကို အကာအကွယ်မပါဘဲနဲ့ ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့စေမယ်ဆိုရင် မျက်ကြည်လွှာကို ထိခိုက်စေပါတယ်။ အရေပြားမှာ နေလောင်သလို မျက်လုံးကိုလည်း နေလောင်စေတာပါ။ မျက်လုံးနာတာတွေ ဖြစ်တာပေါ့။ ဦးထုပ်ဆောင်းပြီး နေကာမျက်မှန်တပ်ထားမယ်ဆိုရင်တော့ ခရမ်းလွန်ရောင်ခြည်ကနေ ကာကွယ်နိုင်ပါတယ်။

နားကို ကာကွယ်ပေးပါ။

နားထဲကို ရေမ၀င်စေနိုင်အောင်ကာကွယ်ပေးဖို့က အရေးကြီးပါတယ်။ နားထိခိုက်သွားမယ်ဆိုရင် သင်္ကြန်မှာ ဆက်လက် ပျော်ရွှင်နိုင်ဖို့ အခက်တွေ့စေပါတယ်။ နားဆို့လေးတွေက ဒီပြဿနာတွေကို ဖြေရှင်းပေးနိုင်ပါတယ်။ ရေကူးအားကစားသမားတွေသုံးတဲ့ နားဆို့လေးတွေ ရှာဝယ်ပါ။ ဒါလေးတွေတပ်ထားလည်း ကိုယ့်ရဲ့အကြားအာရုံကို မထိခိုက်စေပါဘူး။ ရေဘယ်လိုပဲပတ်ပတ် နားထဲကို ရေ၀င်မှာ မစိုးရိမ်ရတော့ဘူးလေ။ နောက်ဆက်တွဲဖြစ်မယ့် နားပိုးဝင်တာတွေ၊ ပြည်တည်တာတွေကနေ တခါတည်း ကာကွယ်ပြီးသား ဖြစ်သွားပါတယ်။

သင်္ကြန်မှာ ပျိုမေတို့တွေ လှလှပပ ပါဝင်ဆင်နွှဲနိုင်ဖို့ ကြိုတင်ကာကွယ်သင့်တာတွေအားလုံးကို စီစဉ်ထားလိုက်ရအောင်။

အ​တွေးအခေါ်များကို  မျှ​ဝေ​ပေးတယ်​ဆိုတာ ဂရုစိုက်​လို့ပါပဲ။ ​အောက်​ပါ ​Facebook​ SHARE button ​လေးကို တစ်​ချက်​နှိပ်​ပြီး သူငယ်​ချင်း​တွေကို ဘယ်​​လောက်​ဂရုစိုက်​တယ်ဆိုတာ ​ဖော်​ပြလိုက်​ပါ။ LIKE လုပ်ရန်လည်းမမေ.ပါနဲ.နော်​။