ဝက်ခြံရှိသော အသားအရေများအတွက် သဘာဝမျက်နှာပေါင်းတင်နည်း

blank

ကျွန်မတို့ အခုဖော်ပြပေးမှာကတော့ မျက်နှာပေါ်က ၀က်ခြံများကို ဖယ်ရှားပေးမယ့် သဘာဝမျက်နှာပေါင်းတင်နည်းလေးပဲ ဖြစ်ပါတယ်။ ဒီနည်းက အရေပြားကို ချောမောစေပြီး အရေပြားပိုးဝင်မှုတွေမှလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ပါဝင်ပစည်းများ

၁။       သစ်ကြားပိုးမှုန့် – စားပွဲတင်ဇွန်း (၁) ဇွန်း
၂။       ဇာဒိပ္ဖိုလိသီးမှုန့် – စားပွဲတင်ဇွန်း (၁) ဇွန်း
၃။       ပျားရည် – စားပွဲတင်ဇွန်း (၂) ဇွန်း

အသုံးဝင်ပုံ
သစ်ကြားပိုးမှုန်က အရေပြားပေါ်ရှိ ဆဲလ်သေလေးများကို ဖယ်ရှားပေးနိုင်ပါတယ်။ ဇာဒိပ္ဖိုလိသီးမှုန့်ကတော့ ၀က်ခြံလေးများ၏ နီရဲပြီး ရောင်ရမ်းခြင်းများကို သက်သာစေမှာဖြစ်ပါတယ်။ ပျားရည်ကို ထည့်သုံးခြင်းအားဖြင့် အရေပြား၏ ရေဓာတ်ကိုထိန်းပေးပြီး အသားအရေ စိုပြည်စေမှာပါ။

ပြုလုပ်ပုံအဆင့်ဆင့်
ပါဝင်ပစ္စည်းများအားလုံးကို ပန်းကန်လုံးလေးထဲမှာ ထည့်ပြီး နှံ့စပ်အောင်မွှေလိုက်ပါ။ မျက်နှာပေါင်းတင်ဖို့အဆင်သင့်ဖြစ်ပါပြီ။ လက်ချောင်းလေးများဖြင့် မျက်နှာပြင်အနှံ့ လိမ်းပေးလိုက်ပါ။ ထူထူလေးတော့ဖြစ်နေပါလိမ့်မယ်။ ၁၅မိနစ်လောက်ကြာရင် ရေနွေးလေးနဲ့ ဆေးကြောပေးပါ။ အရေပြားပေါ်မှ ဆဲလ်သေများကို ဖယ်ရှားပေးနိုင်ရန် ညင်သာစွာ ပွတ်တိုက်ဆေးကြောပါ။ (in circular motion) မျက်နှာသန့်စင်ပြီးသောအခါ တိုနာ(toner) နှင့် မွိုက်ချာရိုက်ဇာ(moisturizer) များလိမ်းပေးလိုက်မယ်ဆိုရင် ပြီးပြည့်စုံသွားပါပြီ။