ရောင့်ရဲတတ်မယ်ဆိုရင် ဘဝကြီးကသာယာလှပါတယ်

0
1274

ဖိနပ်မပါခြေဗလာနဲ့ လူတယောက်အတွက် ဖိနပ်အစုတ်တစ်ရံဟာ ပျော်ရွှင်မှုတစ်ခု။

ဖိနပ်အဟောင်းနဲ့ သူအတွက်တော့ ဖိနပ်အသစ်တစ်ရံပေါ့။

ဖိနပ်အသစ်နဲ့သူ ကျပြန်တော့လဲ စတိုင်ကျလှပတဲ့ ဖိနပ်တရံကမှ သူ့ပျော်ရွှင်မှု။

ဒါပေမဲ့ ခြေထောက်တစ်စုံလုံး မရှိသူအတွက်တော့ တစ်ခုတည်းသော မျှော်လင့်ချက်က  ဖိနပ်မပါတဲ့ခြေဗလာလေးပါပဲ။

ဒီတော့ စာဖတ်ပရိသတ်တို့ရေ…

ကိုယ့်မှာရှိတာလေးတွေနဲ့ ကျေနပ်ရောင့်ရဲတတ်မယ်ဆိုရင်တော့ ဘဝကြီးက ပျော်ရွှင်စရာကောင်းပါတယ်။ -မိုက်ကယ်ဂျိုးဆက်ဆန်(Michael Josephson)

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။