သမီးလေးအတွက် – အမျိုးသမီးကောင်းတစ်ယောက် ဖြစ်စေဖို (အပိုင်း ၂)

0
987

ချစ်လှစွာသော သမီးလေး

ပြီးခဲ့တဲ့ စာဆောင်လေးမှာတော့ လူတော်လူကောင်းတစ်ယောက်ဖြစ်ဖို့ ဘယ်တော့မှ နောက်မကျတဲ့ အကြောင်း မေမေပြောခဲ့တယ်နော်။ ဒီတစ်ခါ မေမေပြောမှာက သမီးရဲ့ ပင်ကိုယ်စွမ်းဆောင်ရည်တွေကို ဘယ်လိုပျိုးထောင်မယ်၊ အကောင်းမြင်တတ်အောင် ဘယ်လိုနေရမယ်ဆိုတာတွေကို ပြောပြသွားမယ် သမီး။ သမီးဘဝမှာ အသက်အရွယ်ရလာတာနဲ့ အမျှ အခက်အခဲတွေ၊ ကျရှုံးမှုတွေ ဘယ်လောက်ရှိရှိ သမီးရဲ့ အကောင်းဆုံးပုံစံကို ပြသနိုင်ဖို့ ပြောပြပေးသွားမှာပါ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၁။သမီးရုန်းကန်ရတာတွေက သမီးတိုးတက်ကြီးပွားဖို့အတွက် အကောင်းဆုံးအခွင့်အလမ်းတွေပါ။

သမီးရင်ဆိုင်ရတဲ့ အခက်အခဲတွေထက် ပိုပြီး အင်အားကြီးမားတာကတော့ သမီးရင်ထဲက သမီးရဲ့ အစွမ်းတွေပါပဲဆိုတာ သမီးလေးသိထားရမယ်။ ကြံ့ခိုင်အောင်နေ၊ အကောင်းဘက်ကတွေးနေ ပါ။ မေမေတို့အားလုံး တခါတရံ ရုန်းကန်ကြရတာချည်းပါပဲ။ ဘဝဆိုတာက မေမေတို့ ကိုယ်ပိုင်ကန့်သန့်ချက်တွေကို ချိုးဖျက်ရတယ်၊ အကောင်းဆုံးဘဝတွေ ပိုင်ဆိုင်နိုင်ဖို့ ကိုယ့်ကိုယ်ကို ကြီးထွားနေအောင် လုပ်ရတယ် သမီး။ အတားအဆီးတွေ သမီးကျော်ဖြတ်လာတာ များလေလေ၊ သမီးသန်မာလာလေလေ ပါပဲ။ လဲကျပြီး ပြန်ထတဲ့လူက ဘယ်တော့မှ လဲမကျဖူးတဲ့လူထက် ပိုပြီး ကြံ့ခိုင်ပါတယ်။ သမီးဘယ်လောက် ကြံ့ခိုင်သန်စွမ်းလဲဆိုတာ ကြံ့ကြံ့ခံနိုင်ခြင်းကိုပဲ သမီးရွေးချယ်စရာကျန်တော့တယ် ဆိုတဲ့အချိန် မရောက်မချင်း သမီးမသိနိုင်ပါဘူး။ ရှေ့ဆက်သွားပါ၊ တိုးတက်ကြီးပွားနေပါ သမီး။

၂။သမီးမှာရှိတဲ့ အပြစ်အနာအဆာလေးတွေက တခါတလေမှာ သမီးအတွက်ဖြစ်စေပါတယ်။

အပြစ်အနာအဆာလို့ သမီးထင်နေတဲ့ အရာလေးတွေဟာ တခြားသူအတွက်တော့ သမီးကို ချစ်ရတဲ့အကြောင်းလေး ဖြစ်နေနိုင်ပါတယ်။ သမီးရဲ့ အပြစ်အနာအဆာလေးတွေကို လက်ခံလိုက်ပါ။ သမီးရဲ့အမှားတွေကို ဝန်ခံလိုက်ပါ။ မဖုံးကွယ်ထားပါနဲ့၊ မလိမ်ညာထားပါနဲ့။ အမှန်တရားကို ရင်ဆိုင်ပြီး သင်ခန်းစာတွေ သင်ယူပါ။ စစ်မှန်ခြင်းရဲ့ နောက်ဆက်တွဲတွေကို ခံနိုင်ရည်ရှိပါ၊ ရှေ့ဆက်ချီတက်ပါ။ သမီးရဲ့အမှန်တရားတွေက သမီးကိုပြစ်ဒဏ်မပေးပါဘူး။ အမှားတွေကလည်း သမီးကို မထိခိုက်စေပါဘူး။ အမှန်တရားကို ငြင်းပယ်ပြီး အမှားတွေကို ဖုံးထားမှ သမီးထိခိုက်နာကျင်ရမှာပါ။ အပြစ်အနာအဆာရှိတဲ့လူတွေကမှ တကယ်ကိုနှစ်သက်မြတ်နိုးစရာကောင်းပြီး လှပတယ်ဆိုတာ သမီးလေးမှတ်ထားပါ။ လိမ်ညာတာတွေနဲ့၊ ကြောက်ရွံ့တာတွေတော့ မဟုတ်ဘူးနော် သမီး။ လှပတဲ့ လူတိုင်းကို အပြစ်အနာအဆာလေးတွေနဲ့ ဖွဲ့စည်းထားတယ်၊ ကောင်းသောရည်ရွယ်ချက်တွေနဲ့ ပေါ့၊ ပြီးတော့ ထူးခြားကွဲပြားတဲ့ အရည်အသွေးလေးတွေ ထွက်ပေါ်လာပါတယ်။

၃။စွန့်လွတ်သင့်တာစွန့်လွတ်ပြီး အပြောင်းအလဲကို ကြိုဆိုပါ။

သမီးကို တစ်နေရာမှာ ရပ်တန့်နေစေပြီး၊ ဘာမှ တိုးတက်လာအောင် လုပ်ပေးနိုင်ခြင်းမရှိတဲ့ အရာတွေကို သမီးကျောခိုင်းခဲ့တဲ့အတွက် သမီးကိုယ်သမီး လေးစားဂုဏ်ယူပါ။ အတိတ်က သင်ခန်းစာတွေအတွက် ကျေးဇူးတင်ပြီး ရှေ့ဆက်ချီတက်ပါ။ အတိတ်ကို အတိတ်မှာ ထားခဲ့ပြီး သမီးမသိသေးတဲ့ အနာဂတ်ဆီကို ခြေလှမ်းလိုက်ခြင်းဖြင့် သမီးရဲ့တကယ့် အစွမ်းတွေကို သမီးတွေ့နိုင်ပါတယ်။ မပြောင်းလဲဘဲနဲ့ သမီးမတိုးတက်နိုင်ပါဘူး။ သမီးစွန့်လွတ်ခဲ့တာကို သမီးပြန်ကြည့်တဲ့အခါ စိတ်မဝင်းစားခဲ့ဘူးလို့ သိတဲ့အခါ သမီးနေရာမှန်ကို ရောက်နေတယ်ဆိုတာ သမီးသတိထားမိပါလိမ့်မယ်။

၎။အကြောက်တရားတွေကို နင်းခြေပြီး ဖြစ်လာနိုင်မယ့် အန္တရာယ်တွေအတွက် ကြိုတင်ပြင်ဆင်ထားပါ။

လူ့ဘဝမှာ သမီးဘယ်လောက်ပဲ နေချင်နေချင် တိုတောင်းတဲ့ အချိန်လေးပဲ ရနိုင်တာပါ သမီး။ သမီးတောင် သတိမထားမိခင်မှာပဲ သမီးဖုန်မှုန့်လေး ဖြစ်နေပါပြီ။ (???) နောက်ဆုံး စကားပြောမှာက သမီးဘယ်လောက်ရဲရင့်ခဲ့လဲ၊ သမီးဘယ်လိုရှင်သန်နေထိုင်ခဲ့လဲ ဆိုတာပါ။ ဘာကြောင့်လဲဆိုတော့ သမီးရဲ့နောက်ဆုံးထွက်သက်ကို ရောက်တဲ့အခါမှာ သမီးရမယ့် အကြီးကျယ်ဆုံး နောင်တက သမီးရင်ဆိုင်ခဲ့တဲ့ အခက်အခဲတွေ၊ သမီးရယူခဲ့တဲ့ အခွင့်အလမ်းတွေ၊ သမီးအရူးတစ်ယောက်လို ဖြစ်နေခဲ့တဲ့အချိန်တွေ မဟုတ်ပါဘူး။ သမီးနောက်ဆုံးမှာ ရမယ့် အကြီးဆုံးနောင်တက သမီးမရင်ဆိုင်ခဲ့တဲ့ အခက်အခဲတွေ၊ သမီးမှာ သတ္တိမရှိခဲ့လို့ မယူခဲ့တဲ့ အခွင့်အလမ်းတွေ အတွက်ပါပဲ။

၅။သမီးဦးစားပေးသင့်တာတွေအတွက် အချိန်ကို ချိန်တွယ်ပါ။

သမီးရတဲ့ အချိန်လေးမှာ ရွေးချယ်စရာ၊ တာဝန်ယူစရာ တွေက တစ်မျိုးထက်ပိုပြီး အမြဲရှိနေပါလိမ့်မယ်။ သမီးရောက်ရှိနေတဲ့ အခြေအနေနဲ့ အကောင်းဆုံးဖြစ်နိုင်မယ့် အရာကို သမီးချိန်တွယ်ဖို့ လိုပါတယ်။ လုပ်ဆောင်မှုနဲ့ အနားယူခြင်းကြားမှာ၊ အလုပ်နဲ့ မိသားစုကြားမှာ၊ ချစ်ခြင်းနဲ့ ငွေကြေးကြားမှာ၊ ယာယီနဲ့ ရေရှည် ပန်းတိုင်တွေ ကြားမှာ၊ အလုပ်ကို ပြီးမြောက်အောင် လုပ်ခြင်းနဲ့ မပြီးပြတ်ဘဲ ထားခဲ့ခြင်းတွေ ကြားမှာ သမီးမှန်ကန်တဲ့ ညှိနှိုင်းမှုမျိုးကို လုပ်ဖို့လိုတယ်။ မျှမျှတတမရှိရင် အားလုံးပျက်စီးကုန်မှာပေါ့။ သမီးက သမီးဘဝကို အလုပ်ထဲမှာဖြစ်ဖြစ်၊ လူမှုရေးအတွက်ဖြစ်ဖြစ်၊ မိသားစုအတွက်ဖြစ်ဖြစ် တစ်နေရာထဲမှာပဲ ပုံပေးထားမယ် ဆိုရင်၊ တခြားလှစ်ဟာသွားတဲ့ နေရာတွေက နစ်နာရမှာပေါ့။ သမီးအတွက် ဒီလိုဖြစ်သွားတာက အဆင်ပြေချင်လည်း ပြေလိမ့်မယ်၊ အဆင်မပြေချင်လည်း မပြေပါဘူး။ သမီးလုပ်ရမှာက အရာရာတိုင်းမှာ သင့်တော်အောင် မျှမျှတတ အချိန်ပေးနိုင်ဖို့ သမီးအချိန်ကို စီမံဖို့လိုအပ်ပါတယ်။

၆။ခံယူချက်လေး အနည်းငယ်ပြောင်းလိုက်တာနဲ့ အကြီးအကျယ်ကွဲပြားသွားနိုင်ပါတယ်။

အကောင်းမြင်တဲ့ စိတ်ဓာတ်လေးနဲ့ ရှေ့ဆက်နေတဲ့လူက အမြဲတမ်း အဆင်ပြေမယ့် အရာတစ်ခုခုကို ရှာလို့တွေ့ပါတယ် သမီး။ ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် သမီးကို ပုံလောင်းပေးတာ သမီးရဲ့ပတ်ဝန်းကျင်အခြေအနေ မဟုတ်ပါဘူး။ သမီးပတ်ဝန်းကျင် အခြေအနေကို ဘယ်လို တုန့်ပြန်လဲဆိုတာပေါ်မှာပဲ မူတည်တာပါ။ သမီးလေကို လမ်းကြောင်းသတ်မှတ်ပေးလို့ မရပါဘူး။ ဒါပေမယ့် သမီးရွက်လွင့်မယ့်နေရာကို ချိန်ကိုက်နိုင်ပါတယ်။ မိုးရွာရင် သက်တံ့လာမှာပေါ့။ မှောင်သွားရင်လည်း ကြယ်လေးတွေကို မြင်ရနိုင်တာပဲ။ ဒီလိုအကောင်းဘက်က တွေးတဲ့စိတ်လေးကို အချိန်ပေးပြီး သမီးလေ့ကျင့်ပါ။ အကောင်းမြင်ခြင်းက သမီးဘဝရဲ့လမ်းကြောင်းတွေကို ပြောင်းလဲသွားအောင် ကူညီပေးနိုင်ပါတယ်။

သမီးလေး မေမေပြောခဲ့တဲ့ အချက်လေးတွေက သမီးဘဝရုန်းကန်တဲ့ နေရာမှာ အသုံးဝင်မယ်လို့ မေမေမျှော်လင့်ပါတယ်။ မေမေ နောက်ထပ်စာဆောင်လေးမှာ သမီးအတွက် အကျိုးပြုမယ့် နည်းလမ်းကောင်းလေးတွေကို မေမေဆက်ပြီး ပြောပြပေးသွားမှာပါ။

မျှ​ဝေ​ပေးတယ်​ဆိုတာဂရုစိုက်​လို့ပါပဲ။အောက်​​ဖော်​ပြပါ ​SHARE button ​လေးကို တစ်​ချက်​နှိပ်​ပြီးသင့်​သူငယ်​ချင်း​တွေကိုဘယ်​​လောက်​ဂရုစိုက်​တယ်ဆိုတာ ​ဖော်​ပြလိုက်​ပါ။