သင့်ချစ်သူက အရပ်ရှည်သလား… ဒါဆိုသင့်မှာ ဒီအားသာချက်တွေရှိနေတယ်ဟုတ်

0
1369

၁။ ချစ်သူက အရပ်ရော၊ လက်တံရောရှည်တော့ selfie-stick ကြီးတကားကား သွားလေရာသယ်ပြီးနဲ့ ဓာတ်ပုံရိုက်စရာမလိုတော့ဘူး။ ချစ်သူကို သက်ရှိ selfie-stick အဖြစ်နဲ့ ဖုန်းလေးကိုင်ခိုင်းရုံပဲလေ။

၂။ လှလှပပ ဒေါက်မြင့်ဖိနပ်တွေ စီးချင်တဲ့အချိန်တိုင်း ချစ်သူကို အားနာနေစရာမလိုတော့ဘူး။ ဒေါက်ဖိနပ်ဘယ်လောက်အမြင့်စီးစီး ရင်ခွင်မီရုံလေးပဲဆိုတာ့ အချိန်တိုင်း လိုက်ဖက်တဲ့စုံတွဲလေးဖြစ်နေရော။

၃။ အရပ်ရှည်တဲ့ယောက်ျားလေးတွေက အစားမက်တယ်တဲ့။ ဒီတော့ ကိုယ်လည်း သူ့ရှေ့မှာ ပဲပေးပြီး တို့ကနန်းဆိတ်ကနန်းစားနေစရာမလိုတော့ဘူး။ သူလည်းစား၊ ကိုယ်လည်းစား အပြိုင်စားရုံပဲ။

၎။ ချစ်သူက ကိုယ့်ကိုငုံ့ကြည့်လိုက်တိုင်း ကိုယ့်ဆံပင်တွေကို ခြုံပြီးမြင်နေရတော့ ဆံပင်တွေပျက်စီးနေတာ၊ ဆံပင်အရင်းတွေ အရောင်မညီဖြစ်နေတာတွေ တွေ့ပြီး ကိုယ့်ကိုအမြဲသတိပေးလိမ့်မယ်။ ကံကောင်းရင် Hair Salon ကိုခေါ်သွားပြီး treatment တွေပါ လုပ်ပေးဦးမှာ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၅။ ရှိုးပွဲတွေ၊ EDM ပွဲတွေသွားရင် မမြင်ရမှာမပူနဲ့။ သူ့ပုခုံးပေါ်တက်ပြီး ရှိုးပွဲကြည့်မလား၊ rave မလား… အေးဆေးပဲလေ။

၆။ အရပ်ရှည်တဲ့ချစ်သူတော်ထားရလို့ကတော့ gym ကို တကူးတကသွားစရာမလိုတော့ဘူး။ ချစ်သူရဲ့ ခြေလှမ်းကျဲကြီးတွေကို မီအောင်လိုက်လှမ်းရင်း၊ ခြေဖျားထောက်ပြီး သူ့ကိုပွေ့ဖက်နမ်းရင်း အလိုလို gym ဆော့ပြီးသားဖြစ်နေမှာပေါ့။

၇။ မိန်းကလေးအများစုသတ်မှတ်ထားတဲ့ ချစ်သူရွေးနည်းစံနှုန်းမှာ အရပ်ရှည်ခြင်းဆိုတာလည်း ပါဝင်ပါတယ်။ ဒီတော့ ချစ်သူနဲ့အတူတူတွဲသွားတိုင်း အားကျတဲ့အကြည့်နဲ့ကြည့်ခံရတာတွေကိုလည်း ကျင့်သားရနေပြီ။

၈။ နဖူးကို နမ်းတဲ့အနမ်းလေးတွေက အဖြူစင်ဆုံးတဲ့။ အရပ်ရှည်တဲ့ချစ်သူရထားမှ ရင်ခုန်စရာကောင်းပြီး ဖြူစင်တဲ့ နဖူးအနမ်းလေးတွေ များများရနိုင်မှာပေါ့။

၉။ ချမ်းနေရင် ချစ်သူရဲ့ အင်္ကျီယူဝတ်လိုက်။ တစ်ကိုယ်လုံးလုံခြုံပြီး နွေးထွေးသွားလိမ့်မယ်။ အဲ့ဒါ အရပ်ရှည်တဲ့ချစ်သူကို ပိုင်ဆိုင်ထားရတဲ့ အားသာချက်တစ်ခုပဲ။

၁ဝ။ သွားရင်းလာရင်း သစ်ပင်ပေါ်က ပန်းခူးချင်တာ၊ အသီးခူးချင်တာဆိုရင်လည်း တံချူရှာစရာ၊ အပင်တက်စရာမလိုဘူး။ ခုန်ပြီးဖမ်းဆွဲလိုက်တာနဲ့ အသာလေးခူးနိုင်ရော။

ဒါတောင် ချစ်သူဘဝပဲရှိသေးတာနော်။ အိမ်ထောင်သည်ဘဝရောက်ရင် အရပ်ရှည်တာကို ဗန်းပြပြီး အဝတ်လှမ်းခိုင်းတာ၊ မီးသီးလဲခိုင်းတာ၊ မျက်နှာကျက်ဖုန်သုတ်ခိုင်းတာ၊ ခန်းဆီးလဲခိုင်းတာ စတဲ့အလုပ်လေးတွေကို လုပ်ပေးခိုင်းလို့ရသေးတယ်။ ကဲ… အဆင်မပြေဘူးလား။

အရပ်ရှည်တဲ့ချစ်သူကို ပိုင်ဆိုင်ထားတယ်ဆိုရင် အခုပဲ mention ခေါ်လိုက်တော့နော်။