ဝက်ခြံကင်းစင်စေဖို့ အထောက်အကူပြု အစားအစာများ

blank

ဝက်ခြံဆိုတာက အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့ ရောဂါတော့မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ဝက်ခြံထွက်လာပြီဆိုရင်တော့ မိမိကိုယ်မိမိယုံကြည်စိတ်ချမှုနဲ့ အထင်ကြီးတာတွေ အပေါ်တော့ ခြိမ်းခြောက်မှုဖြစ်စေပါတယ်။  ဝက်ခြံတွေ အများကြီးမထွက်လာခင်ကတည်းက သင်က ဝက်ခြံရဲ့ဆိုးကျိုးတွေအပေါ်မှာ အာရုံစူးစိုက်မှုရှိပါ။ အများစုကတော့ ဝက်ခြံတွေကို ဝက်ခြံပျောက်ဆေး ခရင်မ်တွေနဲ့ စားဆေးတွေအပေါ် မှီခိုနေကြပါတယ်။ အစားအသောက်ကို မှန်မှန်ကန်ကန် ရွေးချယ်စားသုံးပေးတာကလည်း ဝက်ခြံကိုတားဆီးပေးနိုင်ပါတယ်။ ဒီဆောင်းပါးလေးထဲမှာတော့ ဝက်ခြံအတွက် အကောင်းဆုံး အထိရောက်ဆုံး ဖြစ်တဲ့ အစားအသောက် (၁၀) မျိုးကို သင့်အတွက် ပုံမှန်စားသောက်နိုင်ဖို့ဖော်ပြပေးလိုက်ပါတယ်။ ဤဆောင်းပါးကို ဂနဝင် မဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၁။ရေ

ဝက်ခြံအတွက် အဓိက အစားသောက်စာရင်းမှာတော့ ရေက ထိပ်ဆုံးကပါဝင်ပါတယ်။ ဘာလို့လည်းဆိုတော့ ရေက သင့်ရဲ့ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို မှန်ကန်တဲ့နည်းလမ်းနဲ့ ဖယ်ရှားပေးလို့ပါပဲ။ ဝက်ခြံထွက်လာပြီဆိုရင် ရေကိုနေ့စဉ်ပုံမှန် ဖန်ခွက် (၈)ခွက် ပြည့်အောင် သောက်သုံးပေးခြင်းဖြင့် ဝက်ခြံဖြစ်စေတဲ့ အညစ်အကြေးတွေကို ခန္ဓာကိုယ်ထဲမှ ဖယ်ရှားပါ။

၂။အစိမ်းရောင် ဟင်းသီးဟင်းရွက်များ

အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေက ပိုကောင်းမွန်တဲ့ကျန်းမာရေးကိုရော အစားအစာခြေဖျက်မှုအတွက်ပါ အထောက်ကူပြုနိုင်ပါတယ်။ အဲဒါကြောင့် ဝက်ခြံတွေကို ဖယ်ထုတ်ချင်တယ် ဆိုရင်တော့ အစိမ်းရောင်ဟင်းသီးဟင်းရွက်များများစားပေးတာ အသုံးဝင်ပါတယ်။ ဝက်ခြံအတွက် အစွမ်းထက်အာနိသင် ပိုမိုပါဝင်တဲ့ အသီးအရွက်တွေ ဖြစ်တဲ့- ဟင်းနုနွယ်၊ ဆလပ် နဲ့ ဂေါ်ဖီ စတာတွေများများ စားပေးခြင်းက ဝက်ခြံဖယ်ရှားပေးတာအတွက် အထောက်အပံ့ဖြစ်စေပါတယ်။

၃။သခွားသီး

သခွားသီးထဲမှာ ပါဝင်တဲ့  ရေ၊ ဗိုက်တာမင်-အေ၊ ဗိုက်တာမင်-စီ၊ ဗိုက်တာမင်-အီး၊ နဲ့ အမိုင်နို အက်ဆစ် (amino acid) အတွဲလိုက်တွေက  ဝက်ခြံပြဿနာတွေကို  ကူညီဖြေရှင်းပေးပါလိမ့်မယ်။

၎။ကြက်သွန်ဖြူ

နေ့စဉ်စားသောက်နေတဲ့ အစားအစာထဲမှာ ကြက်သွန်ဖြူ ပါဝင်ဖြည့်ဆည်းလိုက်ခြင်းက  ဝက်ခြံတွေအတွက် ထိရောက်စွာ တိုက်ထုတ်ကာကွယ်ပေးပါလိမ့်မယ်။ အရေပြားပေါ်မှာရှိတဲ့ ဘတ်တီးရီးယား (bacteria) တွေဆန့်ကျင်နိုင်တဲ့ အစွမ်းသတ္တိကို တိုးတက်လာစေပါတယ်။

၅။သံပုရာသီး

အချဉ်ဓာတ်ပါဝင်တဲ့ သံပုရာသီးတွေက သင့်အတွက် ဝက်ခြံကြောင့်ခံစားနေရတဲ့ ဝေဒနာတွေကို သက်သာလျော့နည်းလာစေပါတယ်။ ဝက်ခြံကြောင့် ဖြစ်ပေါ်ကျန်ရှိနေတဲ့ အမာရွတ်နေရာတွေကို သံပုရာရည် သုတ်လိမ်းပေးခြင်းဖြင့် ယောင်ယမ်းနာကျင်တာတွေကို လျော့ကျစေနိုင်ပါတယ်။

၆။ဖရဲသီး

သစ်သီးတွေကို ကြိုက်နှစ်သက်တဲ့ သူတစ်ယောက်ဖြစ်မယ်ဆိုရင် သင့်အတွက် အရမ်းကိုကံကောင်းလှပါတယ်။ ဖရဲသီးကိုလည်း ဝက်ခြံရောဂါ ကယ်ဆယ်ရေးမှာ အသုံးပြုလို့ရနိုင်ပါတယ်။ ဖရဲသီးထဲမှာ ပါဝင်တဲ့ ရေဓာတ်အပြင် နောက်ထပ် ဗိုက်တာမင်အေ ဓာတ်ပေါင်းစုတွေ၊ ဗိုက်တာမင်- ဘီ (၆) တွေနဲ့ ဗိုက်တာမင်-စီတွေကလည်း ဝက်ခြံတွေကို အဝေးသို့ပြေးစေပါလိမ့်မယ်။

၇။လက်ဖက်စိမ်း

ဝက်ခြံဖြစ်နေတုန်းမှာ လက်ဖက်ရည်၊ ကော်ဖီပုံမှန်သောက်သုံးခြင်းဟာလည်း အချိန်ကောင်းမဟုတ်ပါဘူး။ ဒါပေမယ့် လက်ဖက်စိမ်းထဲမှာ ပါဝင်တဲ့ ပိုလီဖီနော် (polyphenol) တွေက အရေးပြားမျက်နှာပြင်ကို တင်းရင်းနေစေပြီး ဝက်ခြံတွေကိုတော့ လျော့ကျလာစေပါတယ်။

၈။အိုမီဂါ-၃ အစားအစာများ

အိုမီဂါ-၃ ပါဝင်တဲ့ အစားအစာတွေဖြစ်တဲ့ ကနုကမာတွေ ဆော်လမွန်ငါးတွေနဲ့ နှမ်းကြတ်ပင်တို့က ဝက်ခြံပျောက်ကင်းစေရေးအတွက် အရေးကြီးပါတယ်။

၉။သံလွင်ဆီ

ဝက်ခြံအတွက် သံလွင်ဆီကို စားသုံးပေးနိုင်တာကိုလည်း သတိပြုစေချင်ပါတယ်။ သံလွင်ဆီကို အရေးပြားက အလွယ်တကူစုတ်ယူနိုင်တဲ့အတွက် အရေပြားပေါ်က ချွေးပေါက်းလေးတွေက တစ်ဆင့်ဝင်ရောက်ခြင်းဖြင့် အလွယ်တစ်ကူ ဝက်ခြံထွက်လာစေခြင်းမှ ကာကွယ်နိုင်ပါတယ်။

၁၀။ခရမ်းချဉ်သီး

ခရမ်းချဉ်သီးထဲမှာ ကြွယ်ဝစွာပါဝင်တဲ့  ဗိုက်တာမင်-စီဓာတ်နဲ့ ဘိုင်အို ဖလေဗိုနွိုက် (bioflavonoids) ကလည်း အရေးပြား ပျက်ဆီးတာတွေ အမာရွတ်ထင်ကျန်နေတာတွေအပေါ်မှာ သက်သာပျောက်ကင်းစေနိုင်ဖို့ များစွာ အထောက်အပံ့ဖြစ်စေပြီး ဝက်ခြံထွက်ရှိလာတာကိုလည်း လျော့ပါးစေပါတယ်။

ဘယ်လို အစားအသောက်တွေနဲ့ အသီးနှံတွေက အရေပြားကို ကြည်လင်လှပစေပါသလဲ။ ကျေးဇူးပြုပြီး ဝေမျှလိုက်ပါဦး။

အထက်ပါ ဆောင်းပါးကိုဖတ်ခြင်းဖြင့် LESSON ရရှိခဲ့တယ်ဆိုရင် သင့်သူငယ်ချင်းတွေကို SHARE ပေးဖို့မမေ့ပါနဲ့။ LIKE လုပ်ရန်လည်း သတိရပေးပါ၊