ပျိုမေတို့၏ ဓမ္မတာမှန်မမှန်ကို ပြသသော လက္ခဏာ (၉)ခု

0
3046

အမျိုးသမီးတွေက အသက်ရလာတာနဲ့ အမျှ ရာသီလာခြင်းအပေါ် အကြောင်းတစ်စုံတစ်ရာကြောင့် ပုံမှန်မဟုတ်ဘူးဆိုပြီး သတိထားမိကြပါတယ်။ ဒါပေမယ့်လည်း ကျွန်မတို့တွေက ပုံမှန်မဟုတ်တာကိုပဲ ပုံမှန်လို့ ထင်နေတတ်ကြတယ်။ ရာသီပုံမှန်မဟုတ်ဘူးဆိုတာကို ဘယ်လို သိနိုင်မလဲ။ လက္ခဏာရပ်တွေက ဘာတွေလဲ။ အားလုံးလည်း ရာသီပုံမှန်မဟုတ်တာကို ကြုံတွေ့ဖူးကြမှာပါ။ ဒါကြောင့် ပုံမှန်မဟုတ်တဲ့ ရာသီစက်ဝိုင်းရဲ့ လက္ခဏာတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

  • ရာသီစက်ဝန်းက (၃၁)ရက်ကနေ (၃၅)ရက်ထက် ပိုပြီး ကြာနေခြင်း၊ ဒါမှမဟုတ် ရာသီပေါ်ပြီး ပထမရက်နဲ့ နောက်ရာသီပေါ်ချိန် ပထမရက်ကြားမှာ (၂)ပတ်ထက် တိုနေခြင်း
  • လစဉ်သုံးပစ္စည်းကို (၁)နာရီ (၂)နာရီကြားတစ်ခါ လဲနေရခြင်း
  • ရာသီလာချိန် (၇)ရက်ထက် ပိုကြာခြင်း
  • ရာသီလာစဉ် နာကျင်ကိုက်ခဲခြင်းဝေဒနာကို ရုတ်တရက် ပြင်းထန်စွာ ခံစားရခြင်း

အချို့က အနည်းငယ် နာကျင်ကိုက်ခဲတာမျိုးရှိတတ်ပြီး၊ အချို့က လုံးဝမနာကျင်ပါဘူး။ ဒီလိုအခြေအနေမျိုးမှာ နာကျင်ကိုက်ခဲတာ ပြင်းထန်ာတယ်ဆိုရင် ပုံမှန်မဟုတ်ပါဘူး။ ပြင်းပြင်းထန်ထန် နာကျင်လာပြီဆိုရင်တော့ နာကျင်ရတဲ့အကြောင်းအရင်းကို ဆရာဝန်နဲ့ ပြသဆွေးနွေးဖို့ လိုပါတယ်။

  • သွေးခဲများဆင်းခြင်း

ဒါမျိုးက စိုးရိမ်စရာမရှိပါဘူး၊ ပုံမှန်ပါပဲ။ ရာသီလာခြင်းမှာ သားအိမ်နံရံကွာကျခြင်းလဲ ပါဝင်တာဖြစ်လို့ သွေးခဲတွေ ပါတတ်ပါတယ်။

  • ရာသီပေါ်ကာစအချိန်မှာ ပထမနှစ်အနည်းငယ်လောကက ရာသီမမှန်တာတွေ ဖြစ်တတ်ပါတာကြောင့် စိတ်ပူစရာ မရှိပါဘူး။ ဒါမျိုးက ငယ်ရွယ်တဲ့ အမျိုးသမီးတွေ ကြုံတွေ့ရမယ့် ပုံမှန်ဖြစဉ်ပါပဲ။
  • အားကစားလှုပ်ရှားမှုတွေ အရမ်းများတဲ့အခါ ရာသီဟာ အချိန်တော်တော်ကြာတဲ့အထိ ရပ်တန့်နေတတ်ပါတယ်။ ဘာကြောင့်လဲဆိုတာတော့ ဘယ်သူမှ သေချာမပြောနိုင်ပါဘူး။ ဒါပေမယ့် ပုံမှန် အားကစားလှုပ်ရှားသူတွေမှာတော့ ဒါမျိုးက ပုံမှန်ဖြစ်နေကျပါ။
  • သွေးဆုံးပြီးတဲ့ အမျိုးသမီးနဲ့ အသက် (၁၁)ထက် ငယ်ရွယ်တဲ့ အမျိုးသမီးလေးတွေမှာ ရာသီပေါ်ခဲ့ရင် ဆရာဝန်နဲ့ ချက်ချင်းတွေ့ဖို့ လိုအပ်ပါတယ်။

 

ဓမ္မတာနှင့်ပတ်သက်ပြီး မှတ်သားထားသင့်သောအချက်များ

  • ပုံမှန်ရာသီလာချိန်ဟာ (၅)ရက်လောက် ကြာမြင့်ပါတယ်။
  • ရာသီလာစဉ်မှာ ဆုံးရှုံးသွားတဲ့ သွေးပမာဏဟာ များတယ်လို့ထင်ရပေမယ့် ပုံမှန်အားဖြင့် စားပွဲတင်ဇွန်း (၂)ဇွန်းကနေ (၈)ဇွန်းလောက်ပဲ ရှိပါတယ်။
  • ရာသီစက်ဝန်းဟာ ရာသီပေါ်ချိန် ပထမရက်ကနေ နောက်ရာသီပေါ်ချိန် ပထမရက်အထိ (၂၈)ရက် ကြာမြင့်ပါတယ်။ ဒါပေမယ့်မယ် (၂၅)ရက်ကနေ (၃၁)ရက်ထိကို ပုံမှန်လို့ သတ်မှတ်နိုင်ပါတယ်။

ရာသီ ပုံမှန်မဟုတ်ဘူးလို့ ကိုယ့်ကိုယ်ကို သံသယရှိနေရင်တော့ အကောင်းဆုံးက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

မျှဝေပေးတယ်ဆိုတာဂရုစိုက်လို့ပါပဲ။အောက်ဖော်ပြပါ SHARE button လေးကို တစ်ချက်နှိပ်ပြီးသင့်သူငယ်ချင်းတွေကိုဘယ်လောက်ဂရုစိုက်တယ်ဆိုတာ ဖော်ပြလိုက်ပါ။