၂ဝ၁၇၏အပတ်စဉ်ဂန္ထဝင်ဗေဒင် (အောက်တိုဘာလ ၈-ရက်နေ့မှ ၁၅-ရက်နေ့အထိ)

0
316
၁။ မိဿရာသီဖွား (Aries )
မတ်လ (၂၁)  မှ ဧပြီလ(၂ဝ) ရက်အတွင်းမွေးဖွားသူများ

       အနုပညာဝါသနာပါသူများအတွက် ကြိုးစားမှုရဲ့အသီးအပွင့်တွေ ခံစားခွင့်ရမယ့် ကာလဖြစ်ပါ တယ်။ အောင်မြင်အောင် ကြိုးစားဖို့ အခွင့်အလမ်းကောင်းအသစ်တွေလည်း ပေါ်မယ်။ စီးပွားရေးသ မားများအတွက် တနင်္လာနံနဲ့စတဲ့လုပ်ငန်းတွေ အကျိုးပေးမယ်။ ချစ်သူမရှိသေးသူများ ချစ်သူတွေ့ မယ်။

ယတြာ။         ။ မွေးရက်မှာ ဘုရားကို မုန့်ဆီကြော်ကပ်လှူပါ။

၂။ ပြိဿရာသီဖွား (Taurus )

ဧပြီ (၂၁)မှ မေလ(၂၁) ရက်အတွင်း မွေးဖွားသူများ    

ဆွေမျိုးအကြီးအကဲတွေရဲ့ စောင့်ရှောက်ကူညီမှုကို လက်ခံရရှိမယ့်ကာလဖြစ်ပါတယ်။ ရရှိတဲ့ အခွင့်အလမ်းကောင်းတွေကို သင့်ဘဝတိုးတက်မှုအတွက် အသုံးချလိုက်ပါ။ ကျန်းမာရေးအနေနဲ့ ဦး ခေါင်းနဲ့ပတ်သက်တဲ့ဝေဒနာခံစားရတတ်ပါတယ်။ အာရုံစိုက်များနေတာတွေကို လျှော့ပါ။

ယတြာ။         ။ မွေးနံထောင့်မှာ စံပယ်ပန်းကပ်လှူပါ။

၃။ မေထုန်ရာသီဖွား (Gemini)

မေလ(၂၂)မှ ဇွန်လ (၂၁)ရက်အတွင်း မွေးဖွားသူများ
          ကွဲကွာနေတဲ့ သူငယ်ချင်းကောင်းတွေနဲ့ မထင်မှတ်ဘဲ ပြန်ဆုံရတတ်တဲ့ကာလဖြစ်ပါတယ်။ အ ဆုံးတွက်ထားတဲ့ ကြွေးဟောင်းတွေ ပြန်ရတတ်တယ်။ မိသားစုအလှူတွေ ပြုလုပ်ရမယ်။ ဘုရားဖူးခရီး စဉ်တွေ ထွက်ရမယ်။ ချစ်သူမရှိသေးသူများ ခရီးထွက်ရင်း ချစ်သူတွေ့တတ်တယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ယတြာ။         ။ မွေးရက်မှာ ကြာဆံကြော်ပြီး ကလေးတွေကို ခေါ်ကျွေးပါ။

၎။ ကရကဋ်ရာသီဖွား (Cancer)
ဇွန်လ (၂၂) မှ ဇူလိုင်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

မလိုသူတချို့ရဲ့အပြိုင်အဆိုင်စိတ်ထားတွေကြောင့် အလုပ်ထဲမှာ စိတ်အနှောင့်အယှက်ဖြစ်နေ ရမယ့်ကာလဖြစ်ပါတယ်။ ဒါပေမဲ့ ရန်ကိုရန်ချင်းမတုံ့နှင်းဘဲ မေတ္တာတရားနဲ့သာ ကိုယ်လုပ်စရာရှိတာ လုပ်နေလိုက်ပါ။ အချိန်တန်ရင် မေတ္တာတရားရဲ့အကျိုးကျေးဇူးကို သင်ခံစားရမှာပါ။ ငွေကြေးကံ ကောင်းနေပါတယ်။ ထီထိုးပါ။

ယတြာ။         ။ မွေးနံထောင့်မှာ ရွှေပန်းငွေပန်းကပ်လှူပါ။

၅။ သိဟ်ရာသီဖွား (Leo)

ဇူလိုင်လ (၂၄) မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

အဝေးရောက်သားချင်းတွေရဲ့ ထောက်ပံ့ကူညီမှုတွေ ရရှိတတ်တဲ့အချိန်ဖြစ်ပါတယ်။ မမျှော် လင့်ဘဲ ပြည်ပခရီးထွက်ရတတ်တယ်။ ကံစမ်းမဲပေါက်မယ်။ ငွေအစုလိုက်အပြုံလိုက်ဝင်ကိန်း ရှိပါ တယ်။         ကျန်းမာရေးအနေနဲ့ အရိုးအကြောနဲ့ပတ်သက်တဲ့ ဝေဒနာခံစားရတတ်တယ်။ ဂရုစိုက်ပါ။

ယတြာ။         ။ နေအိမ်ဘုရားမှာ ပဌာန်းရွတ်ဖတ်ပူဇော်ပါ။

၆။ ကန်ရာသီဖွား (Virgo )
သြဂုတ်လ (၂၄) မှ စက်တင်ဘာလ (၂၃) ရက်အတွင်းမွေးဖွားသူများ

ရွေးချယ်စရာများတဲ့ အခွင့်အရေးတွေကြောင့် ဘာကို ရွေးရမှန်းမသိဘဲ စိတ်များနေရတတ် တယ်။ ဆုံးဖြတ်ချက်မှားယွင်းတတ်တာကြောင့် အရေးကြီးတဲ့ကိစ္စတွေမှာ မိသားစုနဲ့မိတ်ဆွေသူငယ် ချင်းကောင်းတွေရဲ့ အကြံဉာဏ်ကောင်းတွေကို တောင်းခံပါ။ အချစ်ရေးသာယာပါတယ်။

ယတြာ။         ။ နာမကျန်းသူတစ်ဦးကို တတ်နိုင်သမျှ ငွေကြေးနဲ့ဆေးဝါးလှူပါ။

၇။ တူရာသီဖွား (Libra)

စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်း မွေးဖွားသူများ

အကောင်းတစ်လှည့်၊ အဆိုးတစ်လှည့် ရုန်းကန်နေရတဲ့ကာလဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အရာ ရာကို စိတ်အားမလျော့ဘဲ ကြိုးစားကျော်ဖြတ်လိုက်ပါ။ မုန်တိုင်းစဲသွားတဲ့အခါ လေပြေညင်းတွေ ပြန် တိုက်ခတ်လာမှာပါ။ အချစ်ရေးမှာ သင့်ထက်ငယ်ရွယ်သူနဲ့ရေစက်ဆုံတတ်တယ်။

ယတြာ။         ။ လမ်းဘေးခွေးလေးတွေကို ထမင်းနဲ့ဟင်းကျွေးပါ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)      
အောက်တိုဘာ (၂၄) မှ နိုဝင်ဘာလ (၂၂) ရက်အတွင်းမွေးဖွားသူများ

ကျန်းမာရေးအနည်းငယ်ချူချာနေတဲ့ကာလဖြစ်ပါတယ်။ အစားအသောက်၊ ရေချိုးဆင်ခြင်သ တိပြုပါ။ ကျန်းမာရေးအတွက် ငွေကြေးအကုန်အကျများတတ်ပါတယ်။ အလုပ်စာမေးပွဲဖြေထားသူများ ဖြေထားသူများ အင်တာဗျူးအောင်မယ်။ အချစ်ရေးသာယာပါတယ်။
ယတြာ။         ။ မွေးရက်မှာ နွမ်းပါးသူတစ်ဦးကို အဝတ်အစားသစ်တစ်စုံလှူပါ။

၉။ ဓနုရာသီဖွား (Sagittarius )
နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်းမွေးဖွားသူများ

သွားလေရာမှာ ချစ်ခင်သူတွေ ဝိုင်းဝိုင်းလည်နေမယ့်ကာလဖြစ်ပါတယ်။ လုပ်ကိုင်သမျှလေး တွေကလည်း အရာထင်နေတာကြောင့် စိတ်ချမ်းသာနေပါမယ်။ အလှူအတန်းလေးတွေ ပြုလုပ်ပေးပါ။ စီးပွားရေးလုပ်ရင်း ပရဟိတလုပ်ငန်းလေးတွေပါ တစ်နိုင်တစ်ပိုင်တွဲလုပ်ပေးပါ။ အောင်မြင်မှုတွေ ပိုမိုရရှိပါလိမ့်မယ်။

ယတြာ။         ။ မွေးရက်မှာ စာကလေးသက်စေ့လွှတ်ပါ။

၁ဝ။ မကာရရာသီဖွား (Capricorn)
ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်းမွေးဖွားသူများ

ကြံရွယ်ထားတဲ့ စိတ်ကူးအိပ်မက်လေးတွေကို အကောင်အထည်ဖော်နိုင်မယ့် အချိန်အခါ ကောင်းဖြစ်ပါတယ်။ ဒါပေမဲ့ အားလုံးကိုတစ်ပြိုင်နက်မလုပ်ဘဲ ဖြည်းဖြည်းစီကြိုးစားသွားပါ။ အောင် မြင်မှုတွေက သင့်ကို ဆီးကြိုနေပါတယ်။ အချစ်ရေးမှာ နေမြဲအတိုင်းပါပဲ။ ပညာရေးလေ့လာလိုက်စား နေသူများ ပြည်ပပညာသင်ဖို့ အခွင့်အလမ်းကောင်းပေါ်တတ်တယ်။

ယတြာ။         ။ မွေးရက်မှာ သီလရှင်တစ်ပါးကို ဆန်တစ်ပြည်လှူပါ။

၁၁။ ကုမ်ရာသီဖွား (Aquarius )

ဇန်နဝါရီလ (၂၁)ရက် မှ ဖေဖော်ဝါရီ(၁၉)ရက်အတွင်းမွေးဖွားသူများ

မိသားစုအတွင်း သတင်းကောင်းလေးတွေကြားရမယ့်ကာလ ဖြစ်ပါတယ်။ နေအိမ်သစ်ပြုပြင် ရမယ်။ စက်ပစ္စည်းကြီးကြီးမားမားဝင်မယ်။ အိမ်ထောင်သည်ဖြစ်ပါက နေအိမ်အပြောင်းအရွှေ့ကြုံရ မယ့်အချိန်ပါ။ ချစ်သူမရှိသေးသူများ အသက်ကြီးသူနဲ့ ဖူးစာဆုံရတတ်တယ်။

ယတြာ။         ။ မွေးနံထောင့်မှာ နှင်းဆီနီ ၉ ပွင့်လှူပါ။

၁၂။ မိန်ရာသီဖွား (Pisces)
ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ(၂ဝ) ရက်အတွင်းမွေးဖွားသူများ

ဝါသနာပါရာအလုပ်လေးတွေလေ့လာလိုက်စားရင်း အချိန်ကုန်နေတဲ့ကာလဖြစ်ပါတယ်။ စီးပွား ရေးဘက် အာရုံစိုက်မှုလေးတွေ လျော့နေတာကြောင့် မျှတအောင် သင့်ကိုယ်သင် ဆန်းစစ်ဂရုစိုက်ရ မယ့်အချိန်ပါ။ အချစ်ရေးမှာတော့ စန်းပွင့်နေတာကြောင့် အရွေးရခက်နေတတ်ပါတယ်။

ယတြာ။         ။ မွေးရက်မှာ ဆင်းရဲသားရပ်ကွက်တစ်ခုထဲ ငွေငါးထောင် ပံ့သကူပစ်ပါ။

သင်နဲ့တိုက်ဆိုင်တာလေးတွေပါနေတယ်ဆိုရင် တခြားသူတွေကိုပါ မျှဝေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦးနော်။