၂၅-နှစ်အထိ ကြင်ဖော်မရှာသေးသူတွေသာ ပိုင်ဆိုင်ခွင့်ရတဲ့အားသာချက်များ

0
1381

၁။ ကိုယ်လိုချင်တဲ့အလုပ်အကိုင်၊ အခွင့်အလမ်း၊ ဘဝနေထိုင်မှုတွေကို နောက်ဆံမတင်းဘဲ စိတ်ကြိုက်ရှာဖွေတည်ဆောက်နိုင်ခြင်း။

၂။ ၂၅-နှစ်အရွယ်ရဲ့ရင့်ကျက်မှုတွေနဲ့ ပိုမိုသင့်တော်တဲ့ အိမ်ထောင်ဖက်ကို လေ့လာရွေးချယ်နိုင်ခြင်း။

၃။ အိမ်ထောင်သည်ဘဝရဲ့ ဝန်ထုပ်ဝန်ပိုးတွေကင်းဝေးပြီး စိတ်သွားတိုင်းကိုယ်ပါ လွတ်လပ်ပျော်ရွှင်စွာ နေထိုင်ခွင့်ရခြင်း။

၎။ ဝါသနာပါတဲ့အလုပ်တွေကို စိတ်ရောကိုယ်ပါနှစ်ပြီး ကြိုးစားအားထုတ်နိုင်ခြင်း။

၅။ ကိုယ့်ကိုယ်ကိုအတွက် အချိန်အများကြီးပေးနိုင်ခြင်း။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၆။ ကိုယ်ရှာဖွေသမျှငွေကြေးကို ကိုယ်စိတ်ဝင်စားတဲ့ကိစ္စတွေမှာ အပြည့်အဝသုံးစွဲနိုင်ခြင်း။

၇။ ကိုယ်နဲ့ရွယ်တူအိမ်ထောင်ရှင်တွေထက် ပိုကြာအောင် လွတ်လွတ်လပ်လပ်နေထိုင်ခွင့်ရခြင်း။

၈။ အိမ်ထောင်ရေးအတွက် အေးအေးဆေးဆေး လေ့လာသင်ယူချိန်ရရှိခြင်း။

ကဲ … သင်လည်း ၂၅-နှစ်အရွယ် Single တစ်ယောက်ဖြစ်နေတယ်ဆိုရင်တော့ သင်ပိုင်ဆိုင် ထားတဲ့အားသာချက်တွေကို အပြည့်အဝအသုံးချရင်း အပူအပင်ကင်းတဲ့နေ့ရက်တွေကို အပျော်ရွှင် ဆုံးဖြတ်သန်းလိုက်ပါနော်။ သင့်လိုပဲ တစ်ကိုယ်တည်းရှိနေတဲ့သူငယ်ချင်းတွေကိုလည်း mention ခေါ် ဖို့ မမေ့ပါနဲ့။

Leave a Reply