ချစ်ခြင်းတွေ ခိုင်မာနေပြီဆိုတာ ပြတဲ့ အချက်(၈) ချက်

1
6453

၁။ တစ်ချိန်လုံး အတူရှိမနေပေမယ့်လည်း တစ်ယောက်နဲ့တစ်ယောက် စိတ်ချင်းအမြဲ နီးနေတတ်ပါတယ်။

၂။ အကယ်၍ ပဋိပက္ခလေးတွေ ရှိခဲ့ရင်တောင် ဖြေရှင်းပြီးတဲ့အခါ စေတနာအမှားတွေမှန်းသိပြီး ပိုရင်းနီး တွယ်တာသွားတတ်ကြတယ်။

၃။ ကိုယ်ဘယ်လောက်ပဲ ပေါက်ကရတွေ လုပ်နေပါစေ သူ့ရှေ့မှာမို့ ရှက်နေတာမျိုး၊ မလုပ်ဝံ့တာမျိုး မရှိပါဘူး။ အကြောင်းကတော့ ကိုယ်ဘာတွေပဲ လုပ်နေလုပ်နေ သူချစ်မြတ်နိုးပြီးသား ဆိုတာ သိနေလို့ပါ။

၎။ ချစ်သူရဲ့ အပြုအမူ အသေးအဖွဲလေးတွေက အစ သဘောကျနေတတ်တယ်။ ကိုယ့်အတွက်တော့ သူဟာ ဆွဲဆောင်မှုအရှိဆုံး လူသားပါပဲ။ သူ့ရဲ့ အပြုအမူဆိုတာထက် အဲဒီအပြုအမူလေးတွေကို ဖြစ်စေတဲ့ သူ့ရင်ထဲက ချစ်ခြင်းမေတ္တာလေးတွေကို နှစ်သက်တာဆို ပိုမှန်ပါလိမ့်မယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၅။ ချစ်သူနှစ်ယောက်ဟာ အတတ်နိုင်ဆုံး နားလည်ညှိနှိုင်းမှုတွေနဲ့ ရှေ့ဆက်နေတာကြောင့် ကိုယ့်ချစ်သူမှာ ကိုယ်လုံးဝသည်းမခံနိုင်တဲ့ အမူအကျင့်ဆိုတာ ရှိမှာမဟုတ်ပါဘူး။ ဒီတော့ သူ့ကို ပြောင်းလဲဖို့လည်း မလိုတော့ပါဘူး။

၆။ ဘယ်တော့မှ ဆက်ဆံရေးပြေလည်အောင် အချိန်ပေးပြီး ကြိုးစားနေရတာမျိုး မရှိဘူး။ လက်ရှိအနေအထားအရကို တစ်ယောက်နဲ့တစ်ယောက် အပေးအယူတွေ မျှနေကြတယ်။

၇။ သာယာပျော်ရွှင်တဲ့ Relationship ထဲမှာရှိနေတဲ့ လူနှစ်ယောက်ဟာ မိမိကိုယ်တိုင်ကိုရော၊ မိမိပတ်ဝန်းကျင်ကိုပါ စူးစမ်းလေ့လာဖို့ အခွင့်အလမ်းပိုများလာတယ်။ တစ်ဦးနဲ့ တစ်ဦးကြား ပဋိပက္ခတွေ မရှိတော့တဲ့ အခါ အခြားအဓိပ္ပါယ်ရှိတာတွေလုပ်ဖို့ အချိန်တွေ ထွက်လာပါတယ်။

၈။ တကယ့်ကို သာယာခိုင်မာတဲ့ Relationship ထဲမှာ ရှိနေပြီဆိုတာ အမြင်သာဆုံးအချက်ကတော့ ကိုယ့်ရဲ့ အနာဂတ်နဲ့ နေ့စဉ်ဘဝတွေဟာ သူရှိနေရင် ပြီးပြည့်စုံနေတာပါပဲ။ အဲဒီအခါ သူ့ထက်ကောင်းတဲ့သူဆိုတာ လည်းမမျှော်လင့်တော့ပါဘူး။ သူ့နဲ့ ဆုံစည်းခွင့်ရလို့ အမြဲဂုဏ်ယူကျေနပ် နေမိတယ်ဆို သင်ဟာ အသင့်တော်ဆုံး လက်တွဲဖော်တစ်ယောက်ရှိနေပြီ ဆိုတာ သေချာပါပြီ။

သဘာကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။

1 COMMENT

Comments are closed.