စူပါမိခင်များ အတွက် မရှိမဖြစ် အသုံးအဆောင် (၈) မျိုး

0
1195

အားလုံးသိကြတဲ့အတိုင်း မိခင်တွေရဲ့အလုပ်တွေကတော့ ကလေးတွေမူကြိုပို့ရတယ်၊ သွားကြိုရတယ်၊ ကျူရှင်ပို့ရတယ်၊ ဒီကြားထဲ ကစားကွင်းလည်းခေါ်သွားရသေးတယ်။ အိမ်ပြန်ရောက်တော့လည်း အိမ်သန့်ရှင်းရေးလုပ်၊ မီးဖိုချောင်ဝင်၊ ဒါတွေအပြင် စီးပွားကလည်းထွက်ရှာကြတယ်လေ။ ဒါကြောင့် သူရဲကောင်းတွေကြည့်ချင်ရင် Superman တို့ Spiderman တို့ထက်အစွမ်းထက်တာကတော့ အိမ်ကအမေတွေပါပဲ။ မိခင်တွေက တကယ့် Superhero ကြီးတွေမို့လို့ Supermom လို့အမည်ပေးလိုက်တာပါ။ Supermom တွေအစွမ်းပိုထက်သွားအောင် ဘာလေးတွေကို ဆောင်ထားရမလဲဆိုတာကို လေ့လာကြည့်ရအောင်။

ဤဆောင်းပါးကို ဂနဝင် မဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၁။       Tissues (တစ်သျှူး)

တစ်သျှူးလေးတွေဆောင်ထားကြပါ။ ကလေးတွေကို သန့်စင်ပေးချင်တာပဲဖြစ်ဖြစ် အချိုရည်တို့၊ကော်ဖီတို့ ဖိတ်ကျတာပဲဖြစ်ဖြစ် အမြန်ဖြေရှင်းလိုက်နိုင်တယ်လေ။ ရုတ်တရက်ဆိုရင် သုတ်ဖို့ရှာနေစရာမလိုတော့ဘဲ အဆင်သင့်ရှိတာပေါ့။

၂။       Baby Wipes

ဘေဘီ ဝိုက်ပ်(Baby Wipes) လေးတွေက ကလေးတွေဆော့လို့ ညစ်ပတ်သွားရင်လည်းသုတ်ပေးနိုင်ပါတယ်။ တစ်နေကုန်ပင်ပန်းနေရင်လည်း Baby Wipes လေးတွေသုံးခြင်းဖြင့် လန်းဆန်းစေနိုင်ပါတယ်။ တစ်ချက်ခုတ်နှစ်ချက်ပြတ် ဆိုသလိုပဲ ကလေးအတွက်လည်းအသုံးကျတယ် လူကြီးအတွက်လည်း အသုံးဝင်ပါတယ်။

၃။       Hand Sanitizer (လက်သန့်ဆေးရည်)

ဆပ်ပြာနဲ့ရေ အလွယ်တကူမရနိုင်တဲ့နေရာမှာဆိုရင် လက်သန့်ဆေးရည်လေးက အကောင်းဆုံးကယ်တင်ရှင်လေးတွေပါပဲ။ ကလေးတွေ ဆော့ကစားပြီး စားမယ်သောက်မယ်ဆိုရင် လက်ကလေးတွေ စင်ကြယ်စေဖို့ လက်သန့်ဆေးလေး တစ်စက် နှစ်စက်ချလိုက်ရုံနဲ့ ပိုးတွေကို ရှင်းလင်းပေးမှာပါ။

၎။       Daily Calendar(ပြက္ခဒိန်)

ကလေးတွေရဲ့ များပြားလှတဲ့ ဝေရာဝစ္စတွေကို မှတ်သားရတာက လုပ်ငန်းတစ်ခုလိုဖြစ်နေပါတယ်။ ဒါကြောင့် အရေးကြီးလုပ်စရာလေးတွေ မှတ်စရာလေးတွေကို ရေးမှတ်ထားခြင်းက အစီအစဉ်ကျပြီး အလုပ်ရှုတ်သက်သာစေပါတယ်။ အိတ်ဆောင်ပြက္ခဒိန်လေး တစ်ခုလောက်ဝယ်ပြီး ကိုယ်နဲ့မကွာဆောင်ထားပေါ့။

၅။       Smartphone Apps(ဖုန်းဆော့ဖ်ဝဲ လေးများ)

တနေကုန် မိခင်နဲ့ကလေး ကျောင်းတွေ ကျူရှင်တွေပြေးလွှားနေရတော့ ပင်ပန်းတာပေါ့။ ဒါကြောင့် ကလေးတွေနဲ့သင့်တော်မယ့် ဖျော်ဖြေရေး application လေးတွေကို ဖုန်းထဲထည့်ထားပါ။ ကားထဲမှာဖြစ်ဖြစ် တစ်နေရာရာမှာ ထိုင်စောင့်နေရတာဖြစ်ဖြစ် အပန်းပြေစေနိုင်ပါတယ်။ ဒါ့အပြင် ဖုန်းလေးနဲ့ ဓာတ်ပုံလေးတွေရိုက်ကြမယ်ဆိုရင်လည်း အမှတ်တရလေးတွေဖြစ်တာပေါ့။

၆။       Snacks and Juice(မုန့်ပဲသားရေစာများ)

ကလေးဆိုတာ စိတ်အခန့်မသင့်ရင် ဆိုးတတ်ဂျစ်တတ်ကြတယ်လေ။ ကလေးကြိုက်တတ်တဲ့ မုန့်လေးတွေကို ဆောင်ထားခြင်းက ဒီဂျစ်တူးလေးတွေကို အရည်ပျော်သွားစေတယ်။ ကလေးတွေ ရုတ်တရက် ဆာလောင်တာတွေကိုလည်း ဖြေရှင်းပေးနိုင်ပါတယ်။

၇။       Bandages (အနာကပ်ပလာစတာလေးများ)

ကလေးဆိုတာမျိုးက အမြဲဆော့နေတတ်တာကြောင့် မကြာခဏပွန်းပဲ့တာတွေကတော့ ဖြစ်တတ်ကြတယ်လေ။ ပလာစတာလေးတွေ ဆိုဒ်စုံ ဆောင်ထားမယ်ဆိုရင် အလောတကြီး ဆေးဆိုင်ပြေးရတာတွေ မဖြစ်တော့ဘူးပေါ့။

၈။       A Cute Bag(လက်ကိုင်အိတ်လှလှလေး)

ကိုယ်ကမိခင်တစ်ယောက်ဆိုတော့လည်း ကိုယ့်ရဲ့အိတ်ထဲမှာထည့်စရာတွေများတာပေါ့။ ဒါကြောင့် များများလည်းဆံ့တယ်၊ ဒီဇိုင်းလေးလည်းလန်းတဲ့ အိတ်မျိုးလေးရှာဝယ်ကြပါ။ ကိုယ်ကလည်း ဖက်ရှင်ကျလှပနေတော့ အလုပ်လုပ်ရတာလည်း ပိုပြီးပျောင်ရွှင်တာပေါ့။

အ​တွေးအခေါ်များကို  မျှ​ဝေ​ပေးတယ်​ဆိုတာ ဂရုစိုက်​လို့ပါပဲ။ ​အောက်​ပါ ​Facebook​ SHARE button ​လေးကို တစ်​ချက်​နှိပ်​ပြီး သင့်သူငယ်​ချင်း​တွေကို ဘယ်​​လောက်​ဂရုစိုက်​တယ်ဆိုတာ ​ဖော်​ပြလိုက်​ပါ။ LIKE လုပ်ရန်လည်းမမေ.ပါနဲ.နော်​။