အမျိုးသမီးတိုင်း ဆောင်ထားသင့်သော အလှပြင်ပစ္စည်း (၈) မျိုး

0
3270

၁။     အရောင်ရင့်သော နတ်ခမ်းနီ

နှုတ်ခမ်းသားလေးတွေ အရောင်တောက်နေမယ်ဆိုရင် မျက်နှာကို မိတ်ကပ်သိပ်မလိမ်းထားရင်တောင် အရောင်အသွေးလေးဖြာထွက်နေမှာပါ။

 ၂။     အနက်ရောင် Eyeliner

အနက်ရောင် အ၀တ်အစားလေးတွေလိုပဲ အိုင်းလိုင်နာ (eyeliner) အနက်လေးတွေကလည်း ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစေပြီးဘယ်အရာနဲ့မဆိုလိုက်ဖက်ညီပါတယ်။ မျက်လုံးအလှကို ပိုသိသာစေပြီး မျက်တောင်လေးတွေကို ထူလာသယောင် ဖန်တီးပေးနိုင်ပါတယ်။

၃။     Eye shadow များ

အိုင်းရှဲဒိုး (Eye shadow) ဘူးလေးတွေက အရောင်အသွေး စုံလင်စွာမပါကြပေမယ့် အရောင်လေးတွေကို ကိုယ်စိတ်ကူးရှိသလို ရောစပ်ပြီး ပုံဖော်လိုက်မယ်ဆိုရင် အရောင်အသစ်အဆန်းလေးတွေ ရနိုင်ပါတယ်။

ဤဆောင်းပါးကို ဂနဝင် မဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၎။     Highlighter

ဒီအလှကုန်လေးကတော့ ပျိုမေတို့ရဲ့မျက်နှာလေးကို သိမ်မွေ့ပြီး ရွှန်းစိုဝင်းလဲ့တောက်ပစေမှာဖြစ်လို့ မြင်သူတကာ ငေးမောကြမှာပါ။ ပါးရိုးလေးတွေပေါ်မှာနှင့် နှာတံလေးပေါ်မှာ လိမ်းပေးနိုင်ပါတယ်။

၅။     Bronzer

ရွှေရောင် နှင့် ကြေးနီရောင် ဘရွန်ဇာ(bronzer) လေးတွေက မျက်နှာလေးကို သဘာဝကျပြီး ပြေပြစ်စေမှာဖြစ်ပါတယ်။ ပါးနီလိမ်းထားတဲ့ ပါးမို့လေးတွေပေါ်မှာဖြစ်ဖြစ် ပါးနီမပါတဲ့ပါးမို့ပေါ်မှာဖြစ်ဖြစ် လိမ်းခြယ်ခြင်းဖြင့် မျက်နှာလေးကို ပိုပြီးကြွစေမှာဖြစ်တယ်။

၆။     Mascara

ညမှာအိပ်ရေးတွေဘယ်လောက်ပျက်ပျက် လန်းဆန်းနေတဲ့ မျက်ဝန်းလေးတွေကို ဖန်တီးပေးနိုင်တာကတော့ မက်စ်ကာရာ (mascara) လေးတွေပါပဲ။

၇။     Concealer

ကွန်ဆီလာ(Concealer) လေးတွေကတော့ အပြစ်အနာအဆာလေးတွေ မျက်ကွင်းညိုနေတာလေးတွေကို ဖုံးပေးနိုင်ပါတယ်။

၈။        Primer

ပရိုင်မာ(Primer) ဆိုတာက အရေပြားအတွက် အောက်ခံလေးတွေပါ။ ခန္ဓာကိုယ်အတွက် အောက်ခံအင်္ကျီလေးတွေလိုပါပဲ။ ပရိုင်မာ(Primer) လေးလိမ်းထားမယ်ဆိုရင် အပေါ်က ထပ်လိမ်းမယ့်အရာတွေကို အပြစ်အနာအဆာကင်းပြီး ချောမွေ့စေပါတယ်။ ပရိုင်မာ(primer) တစ်မျိုးတည်းပဲလည်း လိမ်းလို့ရပါတယ်။

အ​တွေးအခေါ်များကို  မျှ​ဝေ​ပေးတယ်​ဆိုတာ ဂရုစိုက်​လို့ပါပဲ။ ​အောက်​ပါ ​Facebook​ SHARE button ​လေးကို တစ်​ချက်​နှိပ်​ပြီး သင့်သူငယ်​ချင်း​တွေကို ဘယ်​​လောက်​ဂရုစိုက်​တယ်ဆိုတာ ​ဖော်​ပြလိုက်​ပါ။ LIKE လုပ်ရန်လည်းမမေ.ပါနဲ.။