ကမ္ဘာ့အံ့ဖွယ် (၇) ပါး အမှန်တကယ်တည်ရှိတဲ့ နေရာ

0
75

အမေရိကန်နိုင်ငံရဲ့ စာသင်ခန်းတစ်ခုမှာ ဆရာမက ကျောင်းသားတွေကို ကမ္ဘာ့ပေါ်မှာ အံ့သြစရာအကောင်းဆုံး အရာ (၇) ကို ချရေးခိုင်းလိုက်ပါတယ်။ ကျောင်းသားကျောင်းသူတွေရဲ့ အဖြေတွေရေးထားတဲ့ စာရွက်တွေကို အနှစ်ချုပ်လိုက်ပြီး မဲအများဆုံး ကိုရွေးထုတ်လိုက်တဲ့ အခါမှာ ကမ္ဘာပေါ်မှာ အံ့သြစရာအကောင်းဆုံးနေရာ (၇) နေရာထွက်လာပါတယ်။

နံပါတ်(၁) အီဂျစ်နိုင်ငံက ပိရမစ်

နံပါတ်(၂) တာဂ်ျ မယ်ဟဲလ် (Taj Mahal)

နံပါတ်(၃) ဂရန်း(န) ကန်နျူန် (Grand Canyaon)

နံပါတ်(၄) ပနာမာ တူးမြောင်း (Panama Canal)

နံပါတ် (၅) နယူးယောက်က အင်ပါယာ စတိတ် (Emperor State Building)

နံပါတ် (၆) စိန့်ပီတာ ဝတ်ပြုကျောင်း

နံပါတ်(၇) ဂရိတ်ဝေါလ် (Great Wall)

အခြားကျောင်းသူ၊ ကျောင်းသားတွေရဲ့ အဖြေတွေကို အနှစ်ချုပ်ပြီးတဲ့အချိန်အထိ ကျောင်းသူတစ်ယောက်ကတော့ စာရွက်ကိုမအပ်သေးဘဲ စဉ်းစားနေတုန်းပဲ ရှိသေးတာကို တွေ့လိုက်ရသတဲ့။ ဆရာမကကျောင်းသူလေးကို

“သမီး အဆင်ပြေလား။ စဉ်းစားမရလို့လား” လို့မေးလိုက်တာပေါ့။

ကျောင်းသူလေးက

“အဆင်ပြေပါတယ် ဆရာမ။ ရေးရမှာတွေက များနေလို့ သေချာရွေးထုတ်နေတာပါ”  လို့ဖြေလိုက်သတဲ့။ အဲဒီအချိန်မှာ ဆရာမက ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

“ဒါဆိုရင်လည်း သမီးရေးထားတာတွေကို ဖတ်ပြပါလား။ ဆရာမကူပြီး ရွေးထုတ်ပေးမယ်” လို့ ပြောလိုက်တယ်။ ကျောင်းသူလေးက

သမီးရေးထားတဲ့ ကမ္ဘာ့အံ့ဖွယ်တွေက

“မြင်နိုင်တာ၊ကြားနိုင်တာ၊ ခံစားနိုင်တာ၊ ထိတွေ့နိုင်တာ၊ ရှူရှိုက်နိုင်တာ၊ အရသာခံနိုင်တာ၊ ရယ်မောနိုင်တာ၊ ချစ်နိုင်တာ” ကျောင်းသူလေးရဲ့ အဖြေကိုကြားပြီး ဆရာမမှင်သက်သွားမိတယ်။ ကမ္ဘာ့ပေါ်မှာ အံ့သြစရာအကောင်းဆုံးအရာတွေက လူတွေတည်ဆောက်ထားတဲ့ ကြီးမားတဲ့အရာဝတ္ထုတွေထက် လူတွေထဲမှာရှိနေတဲ့အရာတွေပါလားဆိုတာကိုလည်း သဘောပေါက်သွားတယ်။

စာချစ်သူတို့ဘဝမှာရှိတဲ့ အံ့သြစရာလေးတွေကိုလည်း ရေတွက်ကြည့်ဖို့ မမေ့ပါနဲ့နော်။