လတ်ဆတ်တဲ့ကြက်သားဖြစ်အောင် ဒီလိုဝယ်ယူသိမ်းဆည်းကြမယ်။

0
275
Raw chicken legs on cutting board
၁။ အရောင်ကို ကြည့်ပါ။

လတ်ဆတ်တဲ့ကြက်သားက ပန်းရောင်သမ်းနေပါတယ်။

၂။ ထုပ်ပိုးမှုကို စစ်ဆေးပါ။

အထူးသဖြင့် စူပါမားကတ်တွေမှာ ရောင်းချတဲ့ကြက်သားတွေဟာ ပလတ်စတစ်အိတ်လေး တွေနဲ့ ထုပ်ပိုးထားတာပါ။ အဲ့ဒီပလတ်စတစ်အိတ်ရဲ့ သန့်ရှင်းမှုနဲ့ လုံခြုံမှုကို စစ်ဆေးပါ။ အပေါက်ရှိနေ တဲ့ကြက်သားထုပ်ဟာ လူအများအပြားကိုင်တွယ်ခဲ့ပြီး၊ မမြင်နိုင်တဲ့ပိုးမွှားတွေကလည်း ဟနေတဲ့ အပေါက်ကနေ ပလတ်စတစ်အိတ်ထဲ ဝင်ရောက်နေနိုင်တာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။

၃။ သွေးစွန်းနေတဲ့ကြက်သားကို ရှောင်ကြဉ်ပါ။

ထုပ်ပိုးထားတဲ့ကြက်သားမှာ သွေးစွန်းနေတယ်ဆိုရင် လူများစွာက ကြမ်းတမ်းစွာ ကိုင်တွယ်ခဲ့ ခြင်းရဲ့ လက္ခဏာဖြစ်ပါတယ်။ ဒါဟာ ရေခဲသေတ္တာထဲမှာ ကြာမြင့်နေပြီး ဘက်တီးရီးယားပိုးတွေ ပေါက် ဖွားနေခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၎။ ဖိကြည့်ပါ။

လတ်ဆတ်တဲ့ကြက်သားတွေဟာ အသားကိုဖိလိုက်တဲ့အခါ ပြန်ပြီးပြည့်တက်လာပါတယ်။ ဖိလိုက်တဲ့အခါ နစ်ဝင်သွားတဲ့၊ မာနေတဲ့ ကြက်သားမျိုးကတော့ အချိန်ကြာပြီး မလတ်ဆတ်တော့ဘူး ဆိုတာကို ပြသနေတာပါ။ ဒါ့အပြင် အလေးချိန်တိုးအောင် ရေထိုးထားတဲ့ကြက်သားမျိုးကိုလည်း ရှောင်သင့်ပါတယ်။

၅။ အနံ့ရှူကြည့်ပါ။

ကြက်သားက လတ်ဆတ်တယ်ဆိုရင် အနံ့အသက်မရှိပါဘူး။

၆။ ကြက်သားကို လတ်ဆတ်အောင်သိမ်းပါ။

ဈေးမှဝယ်လာပြီးတဲ့အခါ ကြက်သားကို ရေခဲသေတ္တာထဲ ချက်ချင်းထည့်ပါ။ ဝယ်ယူလာတဲ့ ကြက်သားထဲက ချက်ပြုတ်မယ့်ပမာဏကိုသာ သပ်သပ်ခွဲထုတ်ထားပါ။ ကျန်တာကို ပလတ်စတစ် နဲ့လုံခြုံအောင် သေချာထုပ်ပိုးပြီး ဝယ်ယူတဲ့ရက်စွဲနဲ့တကွ ရေခဲသေတ္တာထဲသိမ်းပါ။

၇။ မပုပ်မသိုးအောင် ထိန်းသိမ်းပါ။

ဝယ်ယူထားတဲ့ကြက်သားကို ချက်ပြုတ်ချိန်မတိုင်ခင်အထိ ရေခဲသေတ္တာထဲမှာ သိမ်းပါ။

သင့်အတွက် အသုံးဝင်တယ်ဆိုရင် ဒီစာစောင်လေးကို SHARE လိုက်ပါဦး။