သားသမီးရှိသူတိုင်း မဖြစ်မနေဖတ်သင့်တဲ့ စာလေးတစ်စောင်

0
127

၁။ မိဘ(သို့မဟုတ်) ချစ်ခင်ရသူတွေအပေါ် သက်ရောက်နေတဲ့ အန္တရာယ်နဲ့ ခြိမ်းခြောက်မှုတွေဟာ ကလေးငယ်တွေရဲ့ စိတ်ခံစားမှုကို များစွာထိခိုက်စေပါတယ်။ ဒါကြောင့်လည်း သူတို့ချစ်ရတဲ့သူတွေကို ရိုက်ဟန်ပြတဲ့အခါ ရှိုက်ကြီးတငင်ငိုကြွေးကြတာဖြစ်ပါတယ်။

၂။ ကလေးငယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ ကလေးငယ်ရဲ့ပတ်ဝန်းကျင်နဲ့ အပြန်အလှန်အကျိုးသက်ရောက်နေတဲ့အရာပဲဖြစ်ပါတယ်။ ဒါကြောင့် မျိုးရိုးဗီဇတစ်ခုတည်းနဲ့ ကလေးတစ်ယောက်ရဲ့ အကျင့်စရိုက်တွေကို သတ်မှတ်ထားလို့မရနိုင်ပါဘူး။

၃။ မိဘတွေနဲ့ ကလေးငယ်တွေရဲ့ ဆက်ဆံရေးဟာ ကလေးငယ်တွေရဲ့ ပြင်ပကမ္ဘာနဲ့ ဆက်ဆံမယ့် ဆက်ဆံရေးတစ်ခုပါ။ မိဘရဲ့ ယုံကြည်မှုနဲ့ နွေးထွေးမှုကိုရတဲ့ကလေးတွေဟာ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိပြီး သဘောထားပြည့်ဝတဲ့ကလေးတွေဖြစ်လာတတ်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၎။ ကလေးငယ်တစ်ယောက်ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုဟာ မွေးဖွားပြီးချိန်မှ အသက်သုံးနှစ်အတွင်း အများဆုံးဖြစ်ပေမယ့် အသက်သုံးနှစ်နောက်ပိုင်းမှာ ဖွံဖြိုးမှုတွေ ရပ်တန့်သွားတာတော့ မဟုတ်ပါဘူး။ ဒါကြောင့် ကလေးငယ်ကို ဖွံ့ဖြိုးတိုးတက်စေမယ့်အခွင့်အရေးတွေကို အမြဲမပြတ်ဖန်တီးပေးဖို့လိုပါတယ်။

၅။ လျစ်လျူရှုခြင်း ခံရတဲ့ကလေးငယ်တွေဟာ ညှဉ်းပန်းနှိပ်စက်ခံရတဲ့ကလေးငယ်တွေလိုပဲ ကျန်းမာရေးထိခိုက်မှုနဲ့ ဖွံ့ဖြိုးမှုနှောင့်နှေးခြင်းတွေကို ကြုံတွေ့ရတတ်ပါတယ်။

၆။ အကြမ်းဖက်မှုတွေ၊ မိဘတွေရဲ့ ရန်ပွဲတွေကို မကြာခဏမြင်တွေ့ရတတ်တဲ့ကလေးငယ်တွေဟာ စိတ်ဖိစီးမှုများလာတတ်ပြီး ရန်လိုတတ်တဲ့ကလေးတွေအဖြစ် ကြီးပြင်းလာတတ်ပါတယ်။

၇။ ကလေးငယ်တွေကို အန္တရာယ်ရှိနိုင်တဲ့ ပတ်ဝန်းကျင်ကနေ ဖယ်ရှားခြင်းဟာ ကလေးငယ်ရဲ့ ဘဝကနေ အဆိုးမြင်ဝါဒတွေဖယ်ရှားခြင်းပါပဲ။

သင့်အတွက် အသုံးဝင်နေခဲ့ရင် SHARE ပေးလိုက်ပါဦး။