ဖေ့စ်ဘုတ်သုံးတဲ့ အိမ်ထောင်ရှင်မများအတွက် အကြံပြုစာလေးတစ်စောင်

0
827

“တန်ဆေးလွန်ဘေး” လို့ ဆိုတဲ့အတိုင်း လူမှုကွန်ယက်အသုံးပြုခြင်းဟာလည်း ဗဟုသုတတွေကြွယ်ဝစေသလို အခြားမလိုလားအပ်တဲ့ ပြဿနာတွေကို ဖြစ်စေပါတယ်။ ဒါကြောင့် အိမ်ရှင်မများအနေနဲ့ လူမှုကွန်ယက်အသုံးပြုတယ်ဆိုရင် အောက်ပါအချက်လေးတွေကို သတိထားဆင်ခြင်နိုင်စေဖို့ အကြံပြုစာလေးကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။

၁။ မိမိရဲ့ ကလေးငယ် ပုံတွေအလွန်အမင်းတင်ခြင်းဟာ မသမာမှုတွေကို ဖိတ်ခေါ်နေသလိုဖြစ်စေတာကြောင့် ကလေးငယ်ရဲ့ပုံတွေကို အမြဲတင်တတ်တဲ့ အကျင့်ကိုရှောင်ပါ။

၂။ မိမိရဲ့ ဆဲလ်ဖီးပုံတွေ အလွန်အမင်းတင်တာကလည်း မလိုလားအပ်တဲ့ ပြဿနာတွေကို ဖြစ်စေနိုင်တာကြောင့် ဆဲလ်ဖီးပုံတွေအမြဲတမ်းတင်တတ်တဲ့ အကျင့်ကိုလျော့ပါ။

၃။ မိမိနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေအားလုံးကို အမှန်အတိုင်းတင်တာဟာ ဒုစရိုက်သမားတွေကို သတင်းပေးတာနဲ့ မခြားပါဘူး။ ဒါကြောင့် မိမိရဲ့ကိုယ်ရေးအချက်အလက်တွေကို တင်တတ်တဲ့အကျင့်ကိုဖျောက်ပါ။

၎။ “အတွင်းမီးအပြင်မထုတ်နဲ့” လို့ဆိုတဲ့အတိုင်း အိမ်တွင်းရေးပြဿနာတွေနဲ့၊ အများသူငှာ မသိသင့်တဲ့အကြောင်းအရာတွေကို ဖေ့စ်ဘုတ်ပေါ်တင်ခြင်းဟာ အိမ်ထောင်ရေးကတောက်ကဆတွေကို ကြီးထွားစေတတ်ပါတယ်။ ဒါကြောင့် မိမိရဲ့ပြဿနာတွေကို တင်တတ်တဲ့အကျင့်ကို စွန့်လွတ်ပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၅။ မိမိ မိသားစုအပေါ်ပဲဖြစ်ဖြစ်၊ အိမ်သားအပေါ်ပဲဖြစ်ဖြစ် မကျေနပ်ချက်တွေကို ဖေ့စ်ဘုတ်ပေါ်တင်ခြင်းဟာ မှန်ကန်တဲ့ဖြေရှင်းနည်းမဟုတ်ပါဘူး။ ဒါကြောင့် မကျေနပ်တာမှန်သမျှ ဖေ့စ်ဘုတ်ပေါ်ချပြတတ်တဲ့အကျင့်ကို စွန့်လွတ်ပါ။

၆။ ဆဲဆိုရိုင်းပြတဲ့ စကားလုံးတွေ၊ သူတစ်ပါးနဲ့ အငြင်းပွားရန်ဖြစ်ရမယ့် စကားလုံးတွေကို တင်ခြင်းရှောင်ကြဉ်ပါ။

၇။ တပါးသူတွေကို အနေနဲ့ “ဘာဖြစ်တာလဲ” “အဆင်ပြေရဲ့လား” စတဲ့ ကွန့်မန့်တွေရေးလာစေဖို့ ဖိတ်ခေါ်တဲ့ status တွေ မတင်ပါနဲ့။

ဗဟုသုတရစရာစာစောင်လေးကို သူငယ်ချင်းတွေအတွက် SHARE ပေးလိုက်ပါဦးနော်။