သူကိုယ့်အပေါ် မလိမ်လည်အောင် တားဆီးနိုင်မယ့် နည်းလမ်း (၇)သွယ်

0
3205

အမျိုးသားတွေ လိမ်လည်ရတဲ့အကြောင်း (၂)ချက်ပဲရှိပါတယ်။ တစ်ခုခုကို မလုံမလဲဖြစ်နေလို့ရယ် ပျဉ်းလို့ရယ်ပါပဲ။ တော်တော်များများကတော့ ကိုယ့်ချစ်သူချစ်တာကို လိုချင်ကြပါတယ်။ အမျိုးသားသဘာဝကိုက ကိုယ့်ချစ်သူချစ်မြတ်နိုးတာ၊ တန်ဖိုးထားလေးစားတာကို လိုချင်ကြတာပါပဲ။ လိမ်လည်တဲ့အမျိုးသားတွေက တစ်ခုခုကို စမ်းသပ်ချင်တာကြောင့်ပါ။ မဟုတ်ရင်လည်း သူတို့ကို ဆွဲဆောင်မှုရှိတယ်လို့ ယူဆတဲ့တစ်ယောက်တစ်ယောက်ကို စနောက်ချင်လို့ပါ။ အခုဖော်ပြမယ့် နည်းလမ်းတွေကတော့ သူတို့လိမ်လည်တာကို တားဆီးနိုင်မယ့် နည်းလမ်းတွေပါပဲ။

၁။အရမ်းမလိုက်လျောပါနဲ့။

Relationship တစ်ခုထဲရောက်တာနဲ့ ကိုယ်နှစ်သက်တာတွေအားလုံးကို မေ့လိုက်ရမယ်လို့ မဆိုလိုပါဘူး။ ကိုယ့်ကိုယ်ကို အဆုံးရှုံးမခံပါနဲ့။ ကိုယ်ကဒီလိုလုပ်နေရင် ကိုယ့်ချစ်သူက ကိုယ့်ကိုသူ့ဖူးစားရှင်မဟုတ်ဘူးလို့ ထင်သွားပါလိမ့်မယ်။ ဒါကြောင့် ကိုယ်ဆိုတာလေးကို အမြဲထိန်းသိမ်းထားဖို့ လိုအပ်ပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၂။အရမ်းမချုပ်ချယ်ပါနဲ့။

ကိုယ့်လိုပဲ သူလည်း လွတ်လပ်မှုကို လိုအပ်ပါတယ်။ ဒါကြောင့် သူ့ကိုချုပ်ချယ်ပြီး မွန်းကျပ်နေအောင် မထားပါနဲ့။ Relationship ထဲမှာ လိုက်နာရမယ့် စည်းကမ်းတွေများလေလေ သူ့လွတ်လပ်ခွင့်ကို တားဆီးထားတယ်လို့ သူယူဆလေလေပါပဲ။ ဒါ့အပြင် သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့အတွက် ဒီစည်းမျဉ်းတွေကို ချိုးဖောက်ဖို့ ဖြစ်လာပါလိမ့်မယ်။

၃။သူ့ကို အလိုရှိတယ်ဆိုပြီး ခံစားစေပါ။

သူ့ကို ကိုယ်ကဆွဲဆောင်မှုရှိတယ်လို့ ယူဆတာကို သူသိပါစေ။ သူ့ကိုကိုယ်က မနှစ်သက်ဘူးဆိုတဲ့ ခံစားချက်မဝင်အောင် အတတ်နိုင်ဆုံး ကြိုးစားပါ။ ကိုယ်သူ့ကို ချစ်တယ်၊ မြတ်နိုးတယ်ဆိုတာ ပြသပါ။ ဘယ်အချိန်မှာပဲဖြစ်ဖြစ် relationship လေးအသက်ဝင်နေအောင် ထိန်းသိမ်းရပါမယ်။

၎။သူ့ကိုယ်ပိုင်အချိန် ရှိပါစေ။

ကိုယ့်ချစ်သူကို သူကိုယ်တိုင်အတွက် အချိန်ပေးဖို့ ကိုယ်ပိုင်အချိန်လေးတစ်ခု မကြာခဏရှိပါစေ။ ကိုယ့်လိုပါပဲ သူလည်း အားဖြည့်ဖို့လိုအပ်ပါတယ်။ သူ့လွတ်လပ်ခွင့်ကို ပိတ်ပင်ပြီး တွယ်ကပ်မနေပါနဲ့။ တစ်ချိန်လုံးသူ့ကို လက်ဝါးကြီးအုပ်စိုးမိုးနေတာမျိုး မလုပ်မိပါစေနဲ့။ သူ့ဆန္ဒရှိရင် သူ့ဝါသနာတွေကို လိုက်စားပြီး၊ သူ့သူငယ်ချင်းတွေနဲ့ အချိန်ပေးဖို့ ခွင့်ပြုပါ။

၅။ကိုယ့်ခံစားချက်တွေကို သတိထားပါ။

အမျိုးသမီးတွေဆိုတာ စကားတစ်ခွန်းမှ မပြောဘဲနဲ့တောင် ပေါင်းသင်းဆက်ဆံနိုင်တာကြောင့် ကိုယ့်ခံစားချက်ကို အလေးပေးပါ။ ဝမ်းနည်းတာ၊ ဒေါသထွက်တာ၊ အလိုမကျတာတွေရှိရင် ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းကို ရှာပါ။ ကိုယ့်ချစ်သူနဲ့မဆိုင်ဘဲ ဒီခံစားချက်တွေကြောင့် relationship ကိုထိခိုက်မခံပါနဲ့။

၆။Relationship ကိုဦးစားပေးပါ။

အမြဲတမ်း ကိုယ့်ရဲ့ relationship ကိုဦးစားပေးဖို့ လိုပါတယ်။ အလုပ်များတာကြောင့်ဖြစ်ဖြစ် နေ့စဉ်တာဝန်ယူထားရတာတွေ များနေတာကြောင့်ဖြစ်ဖြစ် relationship ကိုတော့ လျစ်လျူမရှုပါနဲ့။ အဆင်ပြေနေတယ်လို့ ယူဆပြီး ပစ်ထားလို့မရပါဘူး၊ ပုံမှန်လေးထိန်းသိမ်းနေဖို့ လိုအပ်ပါတယ်။

၇။relationship အပေါ်သူ့ခံယူချက်ကို ရှာပါ။

တစ်ချို့အမျိုးသားတွေက သူတို့အသွေးအသားထဲမှာကိုက အမျိုးသမီးများစွာနဲ့ ကာမလိုက်စားဖို့ ပါခဲ့တယ်လို့ ထင်နေကြတယ်။ ဒီလိုအမျိုးသားက ကိုယ့်ချစ်သူဖြစ်နေရင် ကိုယ်နဲ့ကဘာမှ မဆိုင်ပါဘူး။ သူ့ယုံကြည်ရာကို သူကိုယ်တိုင် ပြောင်းလဲရမှာပါ။ ပျော်ရွှင်တဲ့ relationship ဖြစ်ဖို့ဆိုရင် သစ္စာရှိပြီး လေးစားမှရမယ်ဆိုတာကို သူနားလည်သဘောပေါက်ရမှာပါ။

လိမ်လည်လှည့်ဖျားတတ်တဲ့ အမျိုးသားတစ်ယောက်နဲ့ အဆက်အဆံပြုလုပ်ရတာ မလွယ်ပါဘူး။ ကိုယ့်ကို မထိခိုက်စေဖို့ ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကတော့ အများကြီးရှိပါတယ်။ အမျိုးသားတစ်ယောက် မလိမ်လည်အောင် တားဆီးနိုင်မယ့် အခြားနည်းလမ်းတွေ ရှိပါသေးသလား။ အောက်ဖော်ပြပါ comment section ကနေဖော်ပြနိုင်ပါတယ်။

မျှ​ဝေ​ပေးတယ်​ဆိုတာဂရုစိုက်​လို့ပါပဲ။အောက်​​ဖော်​ပြပါ ​​SHARE button ​လေးကို တစ်​ချက်​နှိပ်​ပြီးသင့်​သူငယ်​ချင်း​တွေကိုဘယ်​​လောက်​ဂရုစိုက်​တယ်ဆိုတာ ​ဖော်​ပြလိုက်​ပါ။