ကြည်နူးစရာ ဘဝလေးပိုင်ဆိုင်နိုင်ဖို့ နည်းလမ်း (၇)သွယ်

0
2278

ငွေကြေးက ပျော်ရွှင်စရာတွေ ယူဆောင်ပေးနိုင်တယ်လို့ လူတော်တော်များများက ယူဆကြပါတယ်။ ဒါပေမယ့် တခြားပျော်ရွှင်စရာလေးတွေ အများကြီးရှိပါသေးတယ်။ ကိုယ့်ကိုပျော်ရွှင်အောင် လုပ်ပေးနိုင်မယ့်အရာကို သိရှိဖို့နဲ့ အဲဒီအရာလေးတွေကို ဦးစားပေးဖို့ပဲလိုတာပါ။ ကိုယ့်ကို အမှန်တကယ် စိတ်ကျေနပ်စေမယ့်အရာက ကိုယ့်စိတ်အတွင်းထဲကပဲ လာတာပါလို့ ကျွန်မယုံကြည်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်အတွင်းစိတ်က ပျော်စရာတွေ၊ စိတ်ညစ်စရာတွေရဲ့ အရင်းအမြစ်ဖြစ်နေလို့ပါ။ ကိုယ့်မှာရှိတဲ့ စိတ်ညစ်စရာတွေကို ပျော်စရာတွေနဲ့ အစားထိုးလိုက်မယ်ဆိုရင် နေ့တိုင်း ပြည့်ပြည့်ဝဝ ရှင်သန်နိုင်ပါလိမ့်မယ်။ တစ်ခုခုကို ပိုကောင်းမွန်အောင်လို့ ပြောင်းလဲချင်တဲ့အခါ ကိုယ့်ပုံမှန်ဘဝထဲမှာ နေရာယူလာမယ့် အကောင်းအဆိုးတွေရဲ့ အကျိုးတွေကို လက်ခံရမယ်ဆိုတာကို နားလည်ထားရပါတယ်။ ကြည်နူးစရာဘဝလေးတစ်ခု ပိုင်ဆိုင်နိုင်ဖို့ အောက်ဖော်ပြပါ အချက်လေးတွေကို ဖတ်ကြည့်လိုက်ရအောင်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၁။ကိုယ့်စကားတွေက ပြဿနာတွေ ဖန်တီးတာမျိုးမဖြစ်စေပါနဲ့။

ပျော်ရွှင်ကြည်နူးတဲ့ဘဝမှာ ရှင်သန်နေတဲ့လူတွေက သူတို့စကားတစ်ခွန်းကြောင့် ပြဿနာဖြစ်မယ်လို့ ထင်တဲ့ ကိစ္စမျိုးမှာ ကိုယ့်စကားတွေကို ထိန်းသိမ်းထားပါတယ်။ ဒါက မှန်ကန်တဲ့ဆုံးဖြတ်ချက်ပါ။ ဘာကြောင့်လဲဆိုတော့ နမော်နမဲ့ပြောလိုက်တဲ့ စကားတွေက တခါတရံမှာ ပြဿနာတွေ ဖြစ်လာစေနိုင်လို့ပါ။ အေးအေးချမ်းချမ်း နေချင်တယ်ဆိုရင် ကိုယ့်ပတ်ဝန်းကျင်က လူတွေကို အမုန်းပွားစေမယ့် စကားမျိုးတွေ ရှောင်ပါ။

၂။အတိတ်ကို လက်ခံလိုက်ပါ။

အတိတ်က အတွေ့အကြုံတွေဆိုတာ အနာဂတ်မှာ ရည်မှန်းချက်တွေ ပြည့်နိုင်ဖို့ အခွင့်အလမ်းတွေ ပေးတဲ့အတွက် တန်ဖိုးထားရပါတယ်။ ရင့်ကျက်ပြီး ပညာရှိတဲ့လူတွေကသာ သူတို့ရဲ့အတိတ်ကို လက်ခံပြီး လေးစားတန်ဖိုးထားကြတာပါ။ ဘာကြောင့်လဲဆိုတော့ အတိတ်ဆိုတာ ရှောင်လွဲလို့မရတဲ့ လက်ရှိအချိန်ရဲ့ တစ်စိတ်တစ်ပိုင်းပဲလေ။ အတိတ်ကအတွေ့အကြုံတွေကို လက်ခံလိုက်ပြီး နာကျင်မှုတွေဆီက သင်ခန်းစာတွေကို နောင်တကင်းစွာ ယူတတ်မယ်ဆိုရင် လက်ရှိအချိန်ကာလကို ယုံကြည်ချက်အပြည့်နဲ့ ကိုင်တွယ်ဖို့ အခွင့်အရေးတွေ ရလာပါလိမ့်မယ်။ ဒါတွေအပြင် ကိုယ့်ရဲ့အတွေ့အကြုံတွေကို မိတ်ဆွေသူငယ်ချင်းတွေနဲ့ မျှဝေနိုင်ပါတယ်။ ဒါမှမဟုတ်လည်း ကိုယ့်လို အတွေ့အကြုံမျိုး ကြုံလာနိုင်မယ့် လူတစ်ယောက်ယောက်ကို ကူညီနိုင်ပါတယ်။ အတိတ်က ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးစေပြီး ကြည်နူးစရာကောင်းတဲ့ ဘဝကိုပိုင်ဆိုင်နိုင်ဖို့ ကူညီပေးနိုင်ပါတယ်။

၃။ကိုယ့်ခန္ဓာကို ချစ်ပါ။

ကိုယ့် ခန္ဓာကိုယ်ကြီး အားအင်ပြည့်ဝစေဖို့၊ ခံစားသက်ဝင်မှုအားကောင်းဖို့ ကူညီပေးနိုင်မယ့် အစားအစာတွေ ရွေးချယ်စားသုံးပါ။ ခန္ဓာကိုယ်ကြီးက ကိုယ့်အတွက် တကယ်အလုပ်လုပ်ပေးနေတဲ့ ဖြစ်စဉ်ကြီးပါ။ ကျန်းမာစေမယ့် အစားအစာ၊ လေ့ကျင့်ခန်းတွေကို ပြုလုပ်ခြင်းဖြင့် ကိုယ်အလေးချိန် ထိန်းပေးပြီး အရွယ်တင်စေပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ကြီး ကောင်းကောင်း အလုပ်လုပ်နိုင်ဖို့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာတွေကို လည်းဂရုစိုက်ပေးသင့်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ အခြေအနေက တကယ်ကိုအရေးကြီးပါတယ်၊ ဘာကြောင့်လဲဆိုတော့ ရုပ်ပိုင်းဆိုင်ရာအားလုံးက စိတ်ပေါ်မှာပဲ မူတည်နေလို့ပါ။ ကိုယ့်ရဲ့ ပြင်ပလက္ခဏာဖြစ်တဲ့ ခန္ဓာကိုယ်ကြီးကို ချစ်ပါ၊ မြတ်နိုးပါ။

၎။ကိုယ့်ကိစ္စကို အာရုံစိုက်ပါ။

ကျွန်မတို့တွေက လူတွေကို ဝေဖန်ရတာ၊ အတင်းအဖျင်းပြောရတာတွေနဲ့ အချိန်ဖြုန်းနေရတာကို နှစ်သက်ကြပါတယ်။ အကျိုးမရှိတဲ့ အရာတွေအပေါ် အချိန်မဖြုန်းမိပါစေနဲ့။ ဒါတွေလုပ်နေမယ့်အစား ကိုယ့်အာရုံတွေကို ပြဿနာဖြေရှင်းတဲ့နေရာမှာ အသုံးချလိုက်ပြီး မကောင်းတဲ့ အလေ့အကျင့်လေးတွေကို ဖျောက်ပစ်ပါ။ ပြဿနာမရှိတဲ့ဘဝကြီးမှာ လွတ်လွတ်လပ်လပ် ပျော်သင့်ပါတယ်။ ကိုယ့်ကိစ္စကို အာရုံစထားလိုက်တာနဲ့ ပျော်ရွှင်စရာလေးတွေကို ခံစားနိုင်ပါလိမ့်မယ်။

၅။အကောင်းမြင်တတ်တဲ့လူတွေနဲ့နေပါ။

ကိုယ့်အပေါင်းအသင်းဆိုတာက ကိုယ့်ဘဝရဲ့ အရေးပါတဲ့အစိတ်အပိုင်းတစ်ခုပါ။ သူတို့တွေနဲ့ကိုယ်နဲ့က တူညီတဲ့ပန်းတိုင်နဲ့၊ တူညီတဲ့ တန်ဖိုးထားခြင်းတွေ ရှိနေကြလို့ပါ။ ဝေဖန်တတ်ပြီး အဆိုးမြင်တတ်တဲ့လူတွေနဲ့ ပေါင်းသင်းတဲ့အခါ ကိုယ်လည်း သူတို့နဲ့တူတူ ဖြစ်နေပါလိမ့်မယ်။ လူတိုင်းမှာ ထူးခြားတဲ့ ပါရမီလေးတွေ ရှိကြပါတယ်။ ကိုယ်ပိုင်ဆိုင်ထားတဲ့အရာလေးတွေနဲ့ လင်းလတ်နေခွင့်ကို ပိတ်ပင်ထားတဲ့လူတွေနဲ့ မပေါင်းသင့်ပါဘူး။ ကိုယ့်ကို အရောင်တင်ပေးမယ့်လူတွေ၊ အတောင်တတ်ပေးမယ့်လူတွေနဲ့ ပေါင်းသင်းသင့်ပါတယ်။

၆။ကြင်နာတတ်အောင် လေ့ကျင့်ပါ။

ကြင်နာခြင်းဆိုတာ လူတွေရဲ့အကောင်းဆုံး လက္ခဏာလေးတစ်ခုပါ။ သူ့မှာ ကောင်းကျိုးတွေလည်း အများကြီးရှိပါတယ်။ ကမ္ဘာပေါ်မှာ ရှိတဲ့အရာအားလုံးဟာ အချိတ်အဆက်ရှိနေပါတယ်။ ကိုယ်သတိမထားဘဲ လုပ်မိလိုက်တဲ့ အလုပ်တစ်ခုက သူတပါးကို ထိခိုက်စေနိုင်ပါတယ်။ အကြင်နာတရား ထားရှိဖို့က အလွန်အရေးကြီးပါတယ်။ အကြင်နာတရားကို ဘဝရဲ့အဓိက ဦးစားပေးသင့်တဲ့ အရာအဖြစ် သတ်မှတ်ထားမယ်ဆိုရင် ဒီကမ္ဘာကြီးမှာ ကြည်နူးပျော်ရွှင်စွာ ရှင်သန်နိုင်ပါလိမ့်မယ်။

၇။ငွေကြေး၊ အချိန်နဲ့ စွမ်းအင်တွေကို နောင်တမရဘဲ စွန့်ပစ်လိုက်ပါ။

မထင်မှတ်ဘဲ လူတော်တော်များများက လောဘတက်ပြီး တကယ်လိုအပ်နေတဲ့ လူတွေအတွက် ငွေကြေးကို မစွန့်ကြဲနိုင်ကြပါဘူး။ ကိုယ်က မချမ်းသာဘူးဆိုရင်လည်း ကိုယ့်ရဲ့အချိန်နဲ့ လုပ်အားတွေ၊ မေတ္တာတရားတွေကို မျှဝေပေးနိုင်ပါတယ်။ သဘောထားပြည့်ဝစွာ ပေးကမ်းစွန့်ကြဲပါ။ ဘာကြောင့်လဲဆိုတော့ ဒီလိုလူတွေဟာ သူတို့ပေးတာထက်ကို ပိုပြီး အကျိုးခံစားကြရလို့ပါပဲ။

ကိုယ့်ဘဝ လှပလာစေဖို့ ကိုယ့်မှာ အခွင့်အရေးတွေ အားလုံးရှိပါတယ်။ ကိုယ့်ဘဝကို နှစ်မွှမ်းစေမယ့် အရာအားလုံးကို စွန့်လွတ်ပါ။ အဆက်မပြတ်လုပ်ကိုင်နေတဲ့လူဟာ သူလိုလားတဲ့အရာတွေ အားလုံး ရရှိတယ်ဆိုတာကို အမြဲအမှတ်ရပါ။ ကိုယ့်ဘဝကြီး တိုးတက်ပြောင်းလဲလာဖို့ ကြိုးစားဖူးပါသလား။ ကြည်နူးစရာကောင်းတဲ့ ဘဝလေးကို ဦးတည်သွားနိုင်ဖို့ သင့်ရဲ့လျှို့ဝှက်ချက်တွေက ဘာတွေပါလဲ။

မျှ​ဝေ​ပေးတယ်​ဆိုတာဂရုစိုက်​လို့ပါပဲ။အောက်​​ဖော်​ပြပါ ​SHARE button ​လေးကို တစ်​ချက်​နှိပ်​ပြီးသင့်​သူငယ်​ချင်း​တွေကိုဘယ်​​လောက်​ဂရုစိုက်​တယ်ဆိုတာ ​ဖော်​ပြလိုက်​ပါ။