အမျိုးသမီးတိုင်းကြုံလေ့ကြုံထရှိတဲ့ မိတ်ကပ်အလွဲလေး (၇)ချက်

0
2659

အလှပြင်တဲ့နေရာမှာဘယ်လောက်ကျွမ်းကျင်ကျွမ်းကျင် အမျိုးသမီးတိုင်းမှာတော့ မိတ်ကပ်အလွဲလေးတွေ ရှိတတ်ကြပါတယ်။ လှလှလေးဖြစ်နေအောင် တော်တော်ကြိုးစားပြင်ဆင်မှ ရတာပါ။ အချိုးအစားမှန်မှန် လိမ်းခြယ်နိုင်တယ်ဆိုတာပါရမီထူးလို့လို့ ဆိုနိုင်ပါတယ်။ မယုံကြည်နိုင်သေးဘူးဆိုရင် အောက်မှာဖော်ပြထားတဲ့ အမျိုးသမီးတို့ရဲ့ မိတ်ကပ်အလွဲလေးတွေကိုဖတ်ကြည့်လိုက်ရအောင်နော်။  ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၁။ ဟိုဘက်ဒီဘက် မညီမညာဖြစ်နေခြင်း

မိတ်ကပ်အလွဲလေးတွေထဲမှာစိတ်ရှုပ်စရာအကောင်းဆုံးကတော့ မျက်လုံးခြယ်သရတာပါပဲ။ အိုင်းလိုင်နာလိမ်းတာပဲဖြစ်ဖြစ်၊ အရောင်ခြယ်တာဖြစ်ဖြစ်၊ မျက်တောင်ကော့ဆေးသုံးတာဖြစ်ဖြစ် အချိန်တော်တော်ယူရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မျက်လုံးနှစ်ဖက်ဆိုတော့ နှစ်ခါပြင်ဆင်ရလို့ပါ။ တခါတလေမျက်လုံးနှစ်ဖက်ကိုညီညီညာညာလေးလိမ်းခြယ်ဖို့ တော်တော်လေးကိုအခက်တွေ့ရပါတယ်။ ပထမခြယ်လိုက်သလိုဒုတိယအကြိမ်မှာမဖြစ်တော့ဘူးဆိုရင် ပြီးဖို့ကတော့ မသေချာတော့ဘူးလေ။

၂။ မျက်မှန်တတ်ရသူတွေရဲ့ အခက်အခဲ

မျက်ကပ်မှန်လည်းမတပ်ထားဘူးဆိုရင် မိတ်ကပ်လိမ်းတဲ့နေရာမှာမျက်မှန်မပါတာကြောင့် ကောင်းကောင်းမမြင်ရပါဘူး။ လှလှပပလေးဖြစ်နေဖို့ အများကြီးကြိုးစားလိမ်းခြယ်လိုက်ရတာအားလုံးပြီးသွားတော့ မျက်မှန်တပ်ပြီးကြည့်လိုက်တဲ့အချိန် ထွက်လာတဲ့မျက်နှာကတစ်မျိုးဖြစ်နေပါတယ်။ ဒါဆိုရင်တော့ ပုံကြီးချဲ့ပေးတဲ့မှန်ဝယ်ရင်ဝယ်ထားမဟုတ်ရင်လည်းတစ်ယောက်ယောက်အကူအညီယူပါ။ ကိုယ်ကမြင်နိုင်မယ်ဆိုရင်တော့ ပိုပြီးလွယ်ကူသွားမှာပါ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ လှောင်ပြောင်ခံရခြင်း

အမျိုးသမီးတွေကမိတ်ကပ်ထူရင်ဖြစ်ဖြစ်၊ မိတ်ကပ်ပါးလွန်းရင်ဖြစ်ဖြစ် အမြဲတမ်းဝေဖန်ခံရပါတယ်။ မက်စကာရာလိမ်းနေတဲ့အချိန် သူ့အလိုလိုပွင့်လာတဲ့ ပါးစပ်ကြောင့်လည်းယောက်ျားလေးတွေကဟာသလုပ်နေကြတယ်။ ဒါပေမယ့် ကိုယ်ကိုယ့်ကိုလှနေတယ်လို့ထင်ရင် ဘယ်သူဘာပြောပြောပေါ့ ဟုတ်တယ်မဟုတ်လား။

၎။ မိတ်ကပ်ကုန်လွယ်ခြင်း

ကျွန်မတို့ အလှကုန်တွေအတွက် ပေးလိုက်ရတဲ့ကျသင့်ငွေနဲ့တန်အောင် မိတ်ကပ်တွေက ကြာရှည်ခံသင့်ပါတယ်။ ကြာရှည်ခံသင့်သလောက်တော့ ခံကြပါတယ်၊ ဒါပေမယ့် လအနည်းငယ်လောက်ပဲအသုံးခံပါတယ်။ ဒါကြောင့် ဒီမိတ်ကပ်ကိုထပ်ဝယ်လိမ်းရတဲ့အတွက် အကုန်အကျများပါတယ်။ အဆိုးဆုံးကတော့ ကိုယ်သုံးနေကျ မိတ်ကပ်ကိုမသွင်းကြတော့တာပါပဲ။ ဒီလိုဖြစ်ခဲ့ရင် အရင်အဆင်ပြေနေတဲ့ ပစ္စည်းမျိုးနဲ့ တူတဲ့မိတ်ကပ်ကိုမနည်းရှာဝယ်ရပါတယ်။

၅။ မိတ်ကပ်ထပ်လိမ်းဖို့ လိုအပ်ခြင်း

တချို့အလှကုန်တွေကတော့ လိမ်းထားတာတစ်နေကုန်ခံပါတယ်။ တစ်ချို့တွေကတော့ ခဏခဏပြန်ပြန် လိမ်းပေးနေရပါတယ်။ ပွဲတစ်ခုသွားတော့မယ်ဆိုရင် လမ်းမှာတော့ မိတ်ကပ်ကအဆင်ပြေပြီးလှပနေတယ်။ ပွဲလည်းရောက်ရော နှုတ်ခမ်းနီကအရောင်မိန်နေပြီ၊ မျက်လုံးပေါ်ကလိုင်နာတွေကလည်းပျံ့နေပါပြီ။ ကိုယ်လှချင်နေသလိုဘယ်တော့မှ လှမနေပါဘူး။

၆။ နှာချေတာကိုအောင့်ထားရခြင်း

မျက်တောင်ကော့ဆေးလိမ်းပြီးကာစမှာ နှာချေချင်လာပြီဆိုရင်တော့ အောင့်အီးသည်းခံထားရပါတယ်။ ဆေးမခြောက်ခင် နှာချေလိုက်လို့ကတော့ မျက်လုံးတွေကိုပိတ်ပြီးနှာချေလိုက်တဲ့အတွက် မျက်ရည်တွေနဲ့ မျက်နှာတစ်ခုလုံးအနက်ရောင်လိမ်းပေးလိုက်သလို ဖြစ်သွားမှာပါ။ ဒီလိုသာဖြစ်ခဲ့ရင် အစွန်းအထင်းတွေအားလုံးကို ပြန်သုပ်ပြီးအစကနေ ပြန်လိမ်းရပါတော့တယ်။

၇။ မိတ်ကပ်တွေ ပွအောင်လုပ်မိခြင်း

ကိုယ်ကအလှပြင်ထားတာကိုမေ့ပြီးမျက်နှာကိုပွတ်လိုက်မိပြီဆိုရင်တော့ မျက်နှာတစ်ခုလုံးမိတ်ကပ်တွေ ပုံပျက်ကုန်မှာဖြစ်ပါတယ်။ ကိုယ်လိမ်းထားတာတွေကိုဖျက်ချင်လို့ပွတ်လိုက်တာမျိုးမဟုတ်ဘဲမထင်မှတ်ဘဲ ဖြစ်တတ်သွားတာမျိုးပါ။ ဒီလိုလုပ်မိလိုက်ရင် ကိုယ်အချိန်ကုန်ခံပြီး ပြင်ဆင်ထားတာတွေ အလကားဖြစ်ကုန်ပါတယ်။

မိတ်ကပ်ဆိုတာ ကျွန်မတို့မျက်နှာလေးလှပအသက်ဝင်နေစေဖို့ နည်းလမ်းကောင်းလေးတစ်ခုပါ။ ဒါပေမယ့် တခါတရံအလွဲလေးတွေနဲ့ စိတ်ရှုပ်စေနိုင်ပါတယ်။ စာဖတ်သူလည်းဘယ်လိုအလှပြင်လေ့ရှိပါသလဲ။ မိတ်ကပ်လိမ်းပြီးအပြင်ထွက်လေ့ရှိသလားမဟုတ်ရင်လည်းမျက်နှာပြောင်နဲ့ပဲထွက်လေ့ရှိတာလား။

အ​တွေးအခေါ်များကို မျှ​ဝေ​ပေးတယ်​ဆိုတာ ဂရုစိုက်​လို့ပါပဲ။ ​အောက်​ပါ ​Facebook​ SHARE button ​လေးကို တစ်​ချက်​နှိပ်​ပြီး သူငယ်​ချင်း​တွေကို ဘယ်​​လောက်​ဂရုစိုက်​တယ်ဆိုတာ ​ဖော်​ပြလိုက်​ပါ။ LIKE လုပ်ရန်လည်းမမေ.ပါနဲ.နော်​။