စိတ်ပျိုကိုယ်နုတဲ့ အသက်(၃ဝ)ဖြစ်ဖို့ အဆိုးမြင်အတွေးတွေကို စွန့်လွှတ်ကြပါစို့

0
1229

၁။ ကိုယ့်ကိုယ်ကို တခြားသူနဲ့မနှိုင်းယှဉ်ပါနဲ့။

တခြားသူနဲ့နှိုင်းယှဉ်ခြင်းက မနာလိုမှုနဲ့ ဒေါသကလွဲပြီး အကျိုးမဖြစ်ေ ပ်ါစေပါဘူး။ ဒါကြောင့် ကိုယ့်လမ်းကိုယ်လျှောက်ပြီး ကိုယ့်ပျော်ရွှင်မှုကိုယ်တည်ဆောက်လိုက်ပါ။

၂။ ကိုယ့်စိတ်ကိုယ် အလွန်အကျွံအလိုမလိုက်ပါနဲ့။

ကိုယ့်စိတ်ကိုယ် အလွန်အကျွံအလိုလိုက်ခြင်းက နောက်ဆက်တွဲကောင်းကျိုးတွေကို မဖြစ်ပေါ် စေနိုင်ပါဘူး။ ဒါကြောင့် ကိုယ့်စိတ်ကိုယ် အလိုလိုက်နေတာတွေကိုလျှော့ချပြီး ပျော်ရွှင်မှုကို တည် ဆောက်လိုက်ပါ။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ အခက်အခဲတွေကို ပုံကြီးမချဲ့ပါနဲ့။

ဝေဖန်စကားဆိုတာ ချီးမွမ်းခုနစ်ရက်၊ ကဲ့ရဲ့ခုနစ်ရက်မို့ အချိန်တန်ရင် အရာရာက ပြီးဆုံးသွား မှာပါ။ ဒါကြောင့် ကြုံ တွေ့ရတဲ့အခက်အခဲတွေ၊ အနှောင့်အယှက်တွေကို စိတ်ထဲအကြာကြီး ခံစားမ နေဘဲ ကိုယ့်ဘဝကိုယ် ရှေ့ဆက်လျှောက်လိုက်ပါ။

၎။ နာကျင်စရာအတိတ်တွေကို ဆုပ်ကိုင်မထားပါနဲ့။

ပြီးဆုံးပြီးသားအတိတ်က နာကျင်စရာတွေကို လက်တွေ့ဘဝထဲသယ်လာတာဟာ ကိုယ့်ဘဝ ပျော်ရွှင်မှုကို ဟန့်တားထားတာနဲ့တူပါတယ်။ ဒါကြောင့် ဘဝထဲကို ပျော်ရွှင်မှုတွေတည်ဆောက်နိုင်ဖို့ နာကျင်စရာအတိတ်ကို လွှတ်ချလိုက်ပါ။

၅။ ပျော်ရွှင်မှုကို ရှာဖွေဖို့ မတွန့်ဆုတ်ပါနဲ့။

လူဆိုတာ အလုပ်လုပ်ချိန်လုပ်ပြီး အနားယူချိန်အနားယူသင့်ပါတယ်။ ဒါကြောင့် တစ်ခါတရံမှာ ကိုယ့်ကိုယ်ကို ထိုက်သင့်တဲ့အနားယူမှုတွေပေးပြီး ပျော်ရွှင်မှုကို တည်ဆောက်လိုက်ပါ။

၆။ ကျေးဇူးသိတတ်ပါ။

ကိုယ့်ဘဝထဲက ကောင်းမွန်တဲ့အရာတွေကို နေ့စဉ်တွေးပြီး ကျေးဇူးတင်ပါ။ အဲ့ဒီကောင်းမွန်တဲ့ အတွေးအမြင်တွေနဲ့ ဘဝရဲ့ ပိုမိုပျော်ရွှင်မှုကို တည်ဆောက်လိုက်ပါ။

ဆောင်းပါးလေးကို နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါဦးနော်။