မူးဝေပျို့အန်ခြင်းကင်းပြီး ကျန်းမာပေါ့ပါးတဲ့ ကိုယ်ဝန်ဆောင်ကာလကို ပိုင်ဆိုင်နိုင်စေဖို့ အိမ်သုံးဆေးနည်းလေးများ

0
667

မိခင်တစ်ယောက်ဖြစ်လာဖို့ ကိုယ်ဝန်ရှိခြင်းရဲ့ ရှေ့ပြေးလက္ခဏာတွေထဲမှာ ခံရအခက်ဆုံးက မနက်ခင်းတွေမှာ ပျို့အန်ပြီး မူးမော်တတ်ခြင်းပါပဲ။ များသောအားဖြင့် ကိုယ်ဝန်ဆောင်ကာလ ၆ ပတ်မှ ၁၂ပတ်အတွင်းမှာ ဖြစ်ပွားတတ်ပြီး ခံစားရခက်တဲ့ဝေဒနာတစ်မျိုးပဲဖြစ်ပါတယ်။ ဒီဝေဒနာကို ပျောက်ကင်းဖို့ဆိုတာကလည်း ဓာတုဆေးဝါးတွေကို အားကိုးနေလို့မဖြစ်ပါဘူး။ ဒါကြောင့် ဂန္ထဝင်စာဖတ်ပရိသတ်မိခင်လောင်းများအတွက် ကိုယ်ဝန်ဆောင်စမှာ ခံစားရတတ်တဲ့ ပျို့အန်မူးမော်ခြင်းကို သက်သာစေနိုင်မယ့် သဘာဝဆေးနည်းလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။

၁။ ဂျင်း

မနက်ခင်းတွေမှာ ဂျင်းပြားလေးတွေစိမ်ထားတဲ့ ရေနွေးကြမ်းပူပူလေးကို သောက်ခြင်းက ကိုယ်ဝန်ကြောင့်ဖြစ်တဲ့ ပျို့အန်တာတွေ ခေါင်းမူးတာတွေနဲ့ မောပမ်းနွမ်းနယ်တာတွေကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။    ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၂။ ပူစီနံ

မနက်ခင်းတွေမှာ ပူစီနံရွက်အနည်းငယ်ကို စားသုံးပေးခြင်းက ပျို့ခြင်း၊ အန်ခြင်းနဲ့ အခြားအစာအိမ်ပြဿနာတွေကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။

၃။ ရှောက်သီး

ကိုယ်ဝန်သည်တွေအနေနဲ့ အလွယ်တကူပျို့အန်တတ်တာ၊ ခေါင်းမူးတာတွေကို သက်သာပျောက်ကင်းစေချင်ရင် မနက်အိပ်ရာ နိုးနိုးချင်း သောက်နေကျ ရေထဲကို ရှောက်သီးလေးတွေ ပါးပါးလှီးထည့်ပြီး သောက်သုံးသင့်ပါတယ်။

၎။ နူးညံ့တဲ့ ကာဘိုဟိုက်ဒရိတ်

ကိုယ်ဝန်ဆောင်ကာလရဲ့ မနက်ခင်းတွေမှာ ပျို့ချင်အန်ချင်စိတ်တွေဖြစ်ပေါ်ပြီး ခံတွင်းပျက်တာမျိုးတွေဖြစ်တတ်ပါတယ်။ အဲဒီ့အခါမှာ နူးညံ့တဲ့ ကာဘိုဟိုက်ဒရိတ် (ဥပမာ- ဘီစကွတ်လေးတွေ၊ ပေါင်မုန့်လေးတွေ) စားပေးခြင်းက ခံတွင်းပျက်ခြင်းကို သက်သာစေနိုင်ပါတယ်။

၅။ ဗီတာမင် B6

ကိုယ်ဝန်ဆောင်ကာလမှာ ဖြစ်တတ်တဲ့ ဗီတာမင်ဓာတ်ချို့တဲ့မှုကြောင့် ပျို့အန်မူးမော်တာတွေ ဖြစ်တတ်ပါတယ်။ ဗီတာမင်ဓာတ်လုံလောက်စွာ ရရှိဖို့ ဗီတာမင် B6 ဆေးလုံးကို တစ်နေ့သုံးကြိမ်သောက်သုံးပေးပါ။ မကြာခဏပျို့အန်တတ်တာတွေကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်မိခင်လောင်းတွေအတွက် ပျို့တာအန်တာတွေကို သက်သာစေဖို့ အကောင်းဆုံးနည်းလမ်းကတော့ မနက်ခင်းပျို့အန်တာတွေမဖြစ်ခင်မှာ မနက်စာစားဖို့ပါပဲ။ တစ်နေ့တာလုံးမှာလည်း ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို ၂နာရီခြားတစ်ခါ နည်းနည်းချင်းစီ စားသုံးပါ။ ပရိုတင်းဓာတ်က သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်စေပြီး ပျို့အန်ခြင်းတွေကို သက်သာစေနိုင်ပါတယ်။

သင့်သူငယ်ချင်း မိခင်လောင်းတွေဖတ်ဖို့ SHARE ပေးလိုက်ပါဦးနော်။