မိသားစုသစ်ပင်တိုင်း စိမ်းလန်းစိုပြေပြီး နာကျင်စရာဆက်ဆံရေးတွေ ကင်းဝေးစေဖို့

0
265

လူတစ်ယောက်ရဲ့ဘဝရှင်သန်မှုက သစ်ပင်တစ်ပင်ဆိုရင် သူ့ရဲ့မိသားစုက သစ်ပင်ရဲ့အဓိက ရေသောက်မြစ်နဲ့တူပါတယ်။ ရေသောက်မြစ်မကောင်းမွန်ဘဲနဲ့တော့ သစ်ပင်က စိမ်းစိမ်းစိုစိုနဲ့ ရှင်သန် ကြီးထွားဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ရေသောက်မြစ်နဲ့တူတဲ့ မိသားစုဘဝလေးတွေ သာယာစိုပြေဖို့ မိသားစုဝင်အချင်းချင်းကြား လိုက်နာသင့်ကြတဲ့ သိမှတ်စရာဆောင်ရန်၊ ရှောင်ရန်အချက်လေးတွေကို ရေးသားတင်ဆက်လိုက်ပါတယ်ရှင်။

၁။ ပြစ်တင်မှုတွေကို ရှောင်ကြဉ်ပါ။

အပြုသဘောဆောင်တဲ့စကားတစ်ခွန်းကြောင့်  မိသားစုကြား ချစ်ခင်စည်းလုံးမှုတိုးလာစေနိုင် သလို အပျက်သဘောဆောင်တဲ့ ပြစ်တင်စကားတစ်ခွန်းကြောင့်လည်း စိတ်ဝမ်းကွဲနာကျင်ရတတ်ပါ တယ်။ ဒါကြောင့် စကားလုံးတွေကို ဂရုစိုက်ပါ။ မိသားစုဆိုတာ သင်ဘယ်အခြေအနေရောက်ရောက် သင်နဲ့အတူရှိနေပေးမယ့် အရေးပါဆုံးသူတွေဆိုတာ ဘယ်တော့မှမမေ့ပါနဲ့။

၂။ အိမ်တွင်းရေးကို အိမ်ထဲမှာပဲထားပါ။

သင်နဲ့မပြေလည်တဲ့မိသားစုဝင်တစ်ဦးဦးအကြောင်း တခြားသူကို ပြောပြတာဟာ အထင်အမြင် လွဲမှုတွေ ပိုမိုကြီးထွားလာစေနိုင်ပါတယ်။  ဒါကြောင့် သင့်မြတ်ရေးကို ဦးတည်တဲ့ဖြေရှင်းမှုမျိုးနဲ့ မိသား စုပြဿနာကို မိသားစုအတွင်းမှာပဲ ပြေလည်အောင် ဖြေရှင်းသင့်ပါတယ်။

၃။ ပူးပေါင်းဆောင်ရွက်ပါ။

ပူးပေါင်းဆောင်ရွက်မှုဆိုတာ မိသားစုအတွင်း ချစ်ခင်တွယ်တာမှုနဲ့ စည်းလုံးညီညွှတ်မှုအတွက် မရှိမဖြစ်အရေးပါတဲ့ကိစ္စပါ။ ဒါကြောင့် မိသားစုအရေးကိစ္စတိုင်းမှာ တက်တက်ကြွကြွပါဝင်ဆောင်ရွက် ပါ။ သင်နဲ့အတူ အားလုံးပါဝင်အောင်လည်း လှုံ့ဆော်ပေးသင့်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၎။ ရိုးသားမှုရှိပါ။

အမှန်တရားဆိုတာ အကြာကြီး ဖုံးကွယ်ထားလို့ မရပါဘူး။ သင့်အပေါ်ရိုးသားတဲ့၊ သစ္စာရှိတဲ့ မိသားစုကို ပိုင်ဆိုင်ချင်တယ်ဆိုရင် သင့်ဘက်ကလည်း မိသားစုအပေါ်ရိုးသားပြီးသစ္စာရှိဖို့ ကြိုးစား သင့်ပါတယ်။

၅။ မတူညီမှုတွေကို လက်ခံပါ။

အတူမွေးဖွားကြီးပြင်းလာရတဲ့ တစ်အူထုံ့ဆင်းမောင်နှမအရင်းတွေတောင် စိတ်တူကိုယ်တူရှိဖို့ မဖြစ်နိုင်ပါဘူး။ အဲဒီမတူညီမှုတွေကို အပြစ်တင်နေမယ့်အစား နားလည်လက်ခံပေးခြင်းဖြင့် မိသား စုချစ်ခြင်းမေတ္တာကို ပိုမိုခိုင်မြဲအောင်တည်ဆောက်သင့်ပါတယ်။

၆။ တောင်းပန်၊ ခွင့်လွှတ်တတ်တဲ့အကျင့်ကို မွေးမြူပါ။

တောင်းပန်တတ်ခြင်းနဲ့ ခွင့်လွှတ်တတ်ခြင်းဆိုတာ မိသားစုရဲ့ချစ်ခင်တွယ်တာမှုနဲ့ စည်းလုံးညီ ညွှတ်မှုတွေကို ပိုမိုခိုင်မြဲစေတဲ့အရာပါ။  ပြီးပြည့်စုံတဲ့လူဆိုတာ မရှိပါဘူး။ သူစိမ်းတွေကိုတောင် ခွင့် လွှတ်နားလည်ပေးနေရသေးတာမို့ မိသားစုဝင်အချင်းချင်း သင့်အပေါ် အမှားပြုမိရင်လည်း ခွင့်လွှတ် ပေးလိုက်ပါ။ သင့်မှာအမှားရှိရင်လည်း လှိုက်လှိုက်လှဲလှဲ တောင်းပန်သင့်ပါတယ်။

တိုက်ဆိုင်တဲ့အချက်လေးတွေပါနေခဲ့ရင် ယခုဆောင်းပါးလေးကို SHARE ပြီး သင်သိစေချင် တဲ့သူတွေကို mention ခေါ်လိုက်ပါဦးနော်။