အချစ်တွေ ကုန်ခမ်းစေမယ့် အဆင့် (၆)ဆင့်

0
7080

[pull_quote_center]တခါတရံrelationshipတွေမှာကိုယ်ကစတင် လမ်းခွဲခဲ့ပေမယ့်လည်း ကိုယ့်ရည်းစားဟောင်းကို မမေ့နိုင်သေးတာလေးတွေ ဖြစ်တတ်ပါတယ်။ မေ့နိုင်ဖို့အတွက် အချိန်ပေးရတယ် မဟုတ်လား။[/pull_quote_center] နာကျင်ခံစားနေရတာတွေကိုအဆုံးသတ်ပေးဖို့ နည်းလမ်းသတ်မှတ်ထားတာမျိုးတော့မရှိပါဘူး။ ဒါပေမယ့် လမ်းခွဲခြင်းကြောင့် အသည်းကွဲနေချိန်မှာခံစားနေရတာတွေကိုကျော်လွှားနိုင်ဖို့ အချစ်တွေ ကုန်ခမ်းသွားစေမယ့် နည်းလမ်းတွေတော့ရှိပါတယ်။ ဒီနည်းလမ်းအဆင့်ဆင့်ကိုအောက်မှာဖော်ပြလိုက်ပါတယ်။

၁။ အဆင်မပြေခဲ့တာတွေကိုနားလည်အောင် ပြန်တွေးပါ။

Relationship ကိုပြန်မြင်ယောင် လိုက်ပါ။ ကောင်းတာတွေရောဆိုးတာတွေရောပေါ့။ ပြီးသွားရင် ဒီ relationship အဆင်မပြေရတဲ့ အကြောင်းတွေအားလုံးကိုစာရင်းပြုစုပါ။ ရည်းစားဟောင်းကိုအရမ်းတမ်းတနေမိတဲ့အချိန်တွေမှာချရေးခဲ့တဲ့ ဒီအချက်အလက်တွေဖတ်ပြီးကိုယ့်ကိုယ်ကိုဘာကြောင့် အဆင်မပြေခဲ့ဘူးဆိုတာသတိပေးပါ။  ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၂။ ကိုယ့်ကိုယ်ကိုဝမ်းနည်းဖို့ခွင့်ပြုပေးပါ။

အဆင်ပြေနေပါတယ်၊ လမ်းခွဲခြင်းကကိုယ့်ကိုဘာမှ မထိခိုက်စေပါဘူးလို့ ဟန်ဆောင်နေမယ့်အစားခံစားချက်တွေကိုဖွင့်ထုတ်လိုက်ပါ။ ဝမ်းနည်းကြေကွဲလိုက်ပါ၊ သူငယ်ချင်းတွေကိုလည်းရင်ဖွင့်လိုက်ပါ။ ဆုံးရှုံးလိုက်ရတဲ့ ခံစားချက်အတွက် လိုအပ်သမျှအားလုံးလုပ်ပေးပါ။ ဒါပေမယ့် ဒီဝမ်းနည်းကြေကွဲနေရတဲ့ အဆင့်ကိုသိပ်အကြာကြီးဆွဲမထားပါနဲ့။

၃။ အဆက်အသွယ်အားလုံးကို ဖြတ်ပါ။

ရည်းစားဟောင်းကိုဆက်သွယ်ဖို့ တိုက်တွန်းတာတွေ ရှိရင်ရှိပါလိမ့်မယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ပြန်ဆက်သွယ်ဖို့ ရှောင်ကြဉ်ပါ။ ပြန်ဆက်ဖို့ပြုလုပ်ခြင်းကအဆင်လည်းပြေမှာမဟုတ်သလို ပြဿနာပိုပြီး ရှုပ်ထွေးစေနိုင်ပါတယ်။ နောက်ပြန်လှည့်မကြည့်တော့ဘဲဘဝအသစ်ကိုသာစပါတော့။

၎။ ကိုယ့်ကိုယ်ကိုအာရုံစိုက်ပါ။

ဒီလိုလမ်းခွဲကာစအချိန်ကကိုယ့်ကိုယ်ကိုအာရုံစိုက်ပြီးအချိန်ပေးဖို့ အကောင်းဆုံးအချိန်ပါပဲ။ ပိုလာတဲ့အချိန်တွေအားလုံကိုကိုယ်အနှစ်သက်ဆုံးအရာတွေကို ပြုလုပ်ဖို့ အသုံးပြုလိုက်ပါ။ ပန်းတိုင်အသစ်တွေ ချမှတ်ပြီးကိုယ်ကြိုးစားရယူရမယ့်အရာတွေအတွက် ကိုယ့်ကိုယ်ကိုတိုးတက်အောင်ကြိုးစားပါ။ ဒီအခွင့်အရေးကိုခဏပဲဖြစ်ဖြစ် ကိုယ့်အတွက် အထူးအခွင့်အရေးလိုသဘောထားပြီးလွတ်လပ်စွာအသုံးပြုလိုက်ပါ။

၅။ ဖူးစာမပါဘူးဆိုတာကိုလက်ခံလိုက်ပါ။

နှစ်ယောက်လုံးကဒီrelationshipထဲမှာမပျော်ရွှင်ဘူးဆိုတဲ့ အချက်ကိုနားလည်သဘောပေါက်ဖို့ လိုပါတယ်။ ဘယ်လောက်ပဲပြောင်းလဲဖို့ကြိုးစား ကြိုးစားဘယ်လိုမှ အရင်လိုမဖြစ်နိုင်တော့ဘူးလေ။ ရည်းစားဟောင်းနဲ့ ဘဝကိုသာမေ့ပစ်လိုက်ပါ။

၆။ လူသစ်တွေနဲ့ တွေ့ဆုံပါ။

ဒါကကိုယ့်ဘဝအတွက် နိဂုံးမဟုတ်ပါဘူး။ ကိုယ့်ရဲ့ဖူးစာရှင်ကကိုယ့်ကိုသေချာပေါက် စောင့်နေပါတယ်။ ဒါကြောင့် အပြင်ထွက်ပြီးလူသစ်တွေနဲ့ တွေ့ဆုံပါ။ ကိုယ်အကျွမ်းဝင်လို့ ရတဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ လူတွေ အများကြီးရှိနေတာကိုသိခြင်းအားဖြင့် ကိုယ့်ဘဝကိုပြန်လည် အသက်ဝင်စေနိုင်ပါတယ်။

အချစ်တွေကုန်ခမ်းသွားတယ်ဆိုတာက ရှုပ်ထွေးသလိုပရိယာယ်လည်း ကြွယ်ပါတယ်။ ဒီလိုဖြစ်ဖို့ကကိုယ့်ကိုယ်ကိုပဲရှာဖွေရမှာပါ။ အထက်ဖော်ပြပါနည်းလမ်းတွေကတော့ ကိုယ့်အတွက် လမ်းပြအဖြစ်ဆောင်ရွက်ပေးမှာဖြစ်ပြီးကျန်တဲ့ကိစ္စကတော့ ကိုယ့်တာဝန်ပဲနော်။ ပရိတ်သတ်ကြီးလည်းအချစ်တွေကုန်ခမ်းဖို့ ဘယ်လိုရင်ဆိုင်ပါသလဲ။

မျှ​ဝေ​ပေးတယ်​ဆိုတာဂရုစိုက်​လို့ပါပဲ။အောက်​​ဖော်​ပြပါ ​Facebook​SHARE button ​လေးကို တစ်​ချက်​နှိပ်​ပြီးသင့်​သူငယ်​ချင်း​တွေကိုဘယ်​​လောက်​ဂရုစိုက်​တယ်ဆိုတာ ​ဖော်​ပြလိုက်​ပါ။