တစ်စုံတစ်ယောက်က သင့်ကို ကျိတ်ပြီး Crush နေတယ် ဆိုရင်

0
880

၁။ သင့်ကို ရှိန်နေလိမ့်မယ်။ ဒါပေမဲ့ အကြောင်းမျိုးစုံပြပြီး သင်နဲ့တွေ့ဆုံဖို့၊ စကားပြောဖို့ ကြိုးစားလိမ့်မယ်။

၂။ သင်နဲ့စကားပြောတဲ့အခါ အသံတွေမသိမသာ တုန်ခါနေလိမ့်မယ်။ မျက်လုံးတွေလည်း ရီဝေနေလိမ့်မယ်။

၃။ သင့်ရဲ့ အမြင်တွေ၊ အကြံဉာဏ်တွေ၊ ခံစားချက်တွေကို လေးစားတန်ဖိုးထားလိမ့်မယ်။

၎။ နောက်ကြောင်းတွေအကုန်ရှင်းထားလိမ့်မယ်။ (အဲဒါကိုလည်း သင်သိအောင်ပြောပြလိမ့်မယ်။)

၅။ သင်နဲ့ပတ်သက်တဲ့အရာတွေကို အသေးစိတ်ကအစ သတိထားမှတ်မိနေလိမ့်မယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၆။ သူ့ကိုယ်သူအရင်ကထက်ပိုကောင်းတဲ့ လူတစ်ယောက်ဖြစ်အောင် ကြိုးစားလိမ့်မယ်။

၇။ သင့်စကားတွေကို အမြဲတမ်းလိုလို ထောက်ခံသဘောတူလိမ့်မယ်။

၈။ သင့်ကို မထိတထိစနောက်တာတွေ၊ သင်နဲ့အတူ အသေးအဖွဲလေးတွေမှာ ငြင်းခုံလိမ့်မယ်။ သင်စိတ်ဆိုးသွားတဲ့အခါ ပြုံးရယ်လာအောင် ပြန်ချော့လိမ့်မယ်။

၉။ သူ့နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို သင့်ကိုပြောပြလိမ့်မယ်။ သူ့ဘဝရဲ့ အနာဂတ်အစီအစဉ်တွေအကြောင်း၊ သူ့စိတ်ခံစားမှုတွေအကြောင်း သင့်ကိုဝေမျှပြောပြလိမ့်မယ်။

၁ဝ။ သင်အကူအညီလိုတဲ့အခါ အားတက်သရော ကူညီပေးလိမ့်မယ်။ သင့်သူငယ်ချင်းတွေနဲ့လည်း အဆင်ပြေရင်းနှီးအောင် ဆက်ဆံလိမ့်မယ်။

သဘောကျနှစ်ခြိုက်ခဲ့ရင် SHARE ပေးလိုက်ပါဦး။