ဖူးစာရှင်အစစ်အမှန်တဲ့ တွေ့နေပြီဆိုတာကို သိစေနိုင်တဲ့ လက္ခဏာ (၅) ရပ်

0
10104
Smiling man standing with his girlfriend behind and looking away
၁။ စိတ်ချင်း ထပ်တူကျတယ်လို့ ခံစားရတယ်ဆိုရင်

သင်နဲ့သင့်ချစ်သူကြားမှာ မတူညီတဲ့အချက်တွေအများကြီး ရှိနေတာတောင်မှ တစ်ယောက်နဲ့တစ်ယောက် နားလည်ပြီး ခံစားချက်ချင်း ထပ်တူကျတယ်၊ စိတ်ဓာတ်ချင်းထပ်တူကျတယ်လို့ ခံစားလာရပြီဆိုရင် သင့်ဘဝရဲ့ လက်တွဲဖော်အစစ်အမှန်ကို ပိုင်ဆိုင်ထားရပါပြီ။

၂။ အပြစ်မမြင်တော့ဘူးဆိုရင်

လူတိုင်းမှာ ချို့ယွင်းချက်လေးတွေ ရှိကြပါတယ်။ ကိုယ့်ချစ်သူရဲ့ ချို့ယွင်းချက်၊ အားနည်းချက်လေးတွေကို သိနေရက်နဲ့ အပြစ်မမြင်ဘဲ ချစ်ချင်တယ်ဆိုတာကလည်း ဖူးစာရှင်အမှန်ကို တွေ့နေပြီဆိုတဲ့သဘောပေါ့။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ ရန်ဖြစ်လိုက် ပြန်ချစ်လိုက် ဖြစ်နေတယ်ဆိုရင်

မုသားစကားတွေနဲ့ နှစ်သိမ့်ပျော်မြူးနေတဲ့အတွဲတွေထက်  ပြဿနာကို ပွင့်ပွင့်လင်းလင်းဖြေရှင်းပြီး မကြာခဏရန်ဖြစ်တတ်တဲ့အတွဲတွေက ပိုပြီးခိုင်မြဲတတ်ပါတယ်။ ရန်ဖြစ်စိတ်ကောက်ပြီး စိတ်ဆိုးပြေတဲ့အခါမှာ ဖြစ်ပေါ်တတ်တဲ့အချစ်တွေက ပိုမို ကြည်နူးစရာကောင်းတယ် မဟုတ်လား။

၎။ သူ့ကိုပဲ အမြဲမြင်ချင်တွေ့ချင်နေတယ်ဆိုရင်

ဖုန်းထဲကနေ စကားတွေပြောတာထက် အပြင်မှာပဲတွေ့ပြီး စကားတွေပြောချင်နေတယ်ဆိုတာ သူ့ကို တကယ်ချစ်မိနေလို့ပေါ့။ နည်းပညာတိုးတက်မှုတွေက ချစ်ခြင်းမေတ္တာရဲ့ သဘောသဘာဝကို ပြောင်းလဲမပေးနိုင်ဘူးလေ။

၅။ သင့်နှလုံးသားတစ်ခုလုံးကို သူကစိုးမိုးထားတယ်ဆိုရင်

“ဘာလို့ချစ်တာလဲ”ဆိုတဲ့ မေးခွန်းမှာ တိကျတဲ့အဖြေမရှိပါဘူး။ နှလုံးသားရဲ့ စေစားရာအတိုင်း အချစ်ဆိုတာ ဖြစ်တည်လာတာပါ။ စိတ်နှလုံးတစ်ခုလုံးကို ချစ်သူကပဲ စိုးမိုးထားတယ်၊ ခံစားချက်တိုင်း အတွေးတိုင်းမှာ သူပါနေတယ်၊ ပြီးတော့ သူနဲ့ စိတ်နှလုံးချင်းဆက်နွယ်နေတယ်ဆိုရင် သူဟာ သင့်ရဲ့ ဖူးစာရှင်အစစ်အမှန်ပဲ ဖြစ်ပါတယ်။

သင့်ရဲ့ ဖူးစာရှင်ကို mention ခေါ်ပြီး I love you လို့ ပြောလိုက်ပါနော်။