ကိုယ်ရင်ဖွင့်မယ့်လူက ဖြောင့်မတ်မှန်ကန်လားဆိုတာ သိနိုင်ဖို့ နည်းလမ်း (၅)သွယ်

0
2031

ရင်ဖွင့်လိုက်တိုင်း အမြဲတမ်း စိတ်သက်သာရာ မရပါဘူး။ ရင်ဖွင့်မယ့်လူက စကားပြောပါသေးတယ်။

တစ်ယောက်ယောက်ဆီမှာ အတွင်းစကားလေးတွေ ပြောတော့မယ်ဆိုရင် အောက်ဖော်ပြပါ အချက်လေးတွေကို အရင်စဉ်းစားချင့်ချိန်ကြည့်လိုက်ပါ။ ဤဆောင်းပါးကို ဂနဝင် မဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၁။သူက နားထောင်ပေးတတ်တဲ့လူလား။

အရင်တုန်းက ကိုယ်စကားပြောတဲ့အခါ သူကကောင်းကောင်း နားထောင်ခဲ့ပေးလားဆိုတာ စဉ်းစားကြည့်ပါ။ စကားပြောရင် ကိုယ့်မျက်လုံးထဲကို စိုက်ကြည့်ပြီး စိတ်ဝင်တစား နားထောင်ပေးလား။ ကိုယ်ပြောလိုက်တဲ့ စကားလေးတွေနောက်မှာ အလိုက်သင့်လေး အားပေးထောက်ခံတဲ့ စကားလေးတွေ လိုက်ပြောပေးလား။ (ဥပမာ – ဟယ် ဖြစ်ရလေ၊ အေးပေါ့ဟ) စကားပြောလာရင်း ခံစားချက်တွေ ပွင့်ထွက်လာတဲ့အခါမျိုးမှာ သူက သူ့ဖုန်းလာရင်တောင် လျစ်လျူရှုတတ်တဲ့ လူမျိုးလား။ ဒီမေးခွန်းလေးတွေ ကိုယ့်ကိုယ်ကို ပြန်မေးလိုက်နော်။

၂။သူက ထောက်ခံအားပေတတ်သူ ဟုတ်ရဲ့လား။

သူက ထောက်ခံအားပေးတာလား၊ ဒါမှမဟုတ် ကိုယ်ခံစားနေရတုန်း စိတ်ကို လာဆွပေးတတ်တာလား။ မီးလောင်ရာလေပင့် လုပ်တတ်သူမျိုးပေါ့။ ရွေးချယ်သင့်တာကတော့ ကိုယ့်နေရာကိုဝင်ပြီး နားလည်ပေးတတ်တဲ့လူမျိုး၊ ကိုယ်ဝမ်းနည်းနေတဲ့အခါ မျှဝေခံစားတတ်တဲ့ လူမျိုးပေါ့။

၃။သူက စာနာနားလည်ပေးတတ်ပြီး နှစ်သိမ့်ပေးတတ်သူ တစ်ဦးလား။

ကိုယ်ဘယ်လိုခံစားနေရတယ်ဆိုတာ သူသဘောပေါက်တဲ့ပုံ ပေါ်လား။ ကိုယ့်နေရာကနေ ဝင်ခံစားတတ်ရုံမက ဒီခံစားချက်တွေကို ထုတ်ဖော်ပြသပေးနိုင်တဲ့ သူဖြစ်ဖို့က အရေးကြီးပါတယ်။ တစ်ယောက်ယောက်က ကိုယ်ခံစားနေရတာကို တိတိကျကျ ပြန်ပြောနိုင်ရင် ရင်ဖွင့်သူရဲ့စိတ်ထဲမှာ ကောင်းကောင်းကျေနပ်သွားပါတယ်။

၎။သူ့အကြောင်းပဲ အမြဲပြောနေလား။

တချို့ကျတော့ နှစ်သိမ့်တာ မြန်ဆန်လွန်းပါတယ်။ ဒါပေမယ့် သူတို့နှစ်သိမ့်တဲ့ ပုံစံက “နင်ခံစားနေရတာကို ငါသိတာပေါ့၊ ငါလည်း ဒီလိုဖြစ်ခဲ့ဖူးတယ်လေ” ဆိုတာမျိုးပြောပြီး သူ့အကြောင်းပဲ ပြောသွားတာမျိုးလည်း ရှိပါတယ်။ ဒါကြောင့် ဒဏ်ရာရနေတဲ့ ကိုယ့်ကိုပဲ အာရုံစိုက်ပြီး နှစ်သိမ့်ပေးမယ့်သူကို ရွေးချယ်ပါ။

၅။သူက သစ္စာရှိရဲ့လား။

နာကျင်ခံစားနေရတဲ့အခါ ရင်ဖွင့်ချင်တဲ့ဆ္ဒတွေကြောင့် ကျွန်မတို့ ဆုံးဖြတ်ချက်တွေကို ယိမ်းယိုင်သွားစေပါတယ်။ ရင်ဖွင့်မယ့်သူက ကိုယ် ယုံကြည်လို့ရမရ၊ ကိုယ့်လျှို့ဝှက်ချက်ကို လေးစားလား မလေးစားလားဆိုတာတွေ မစဉ်းစားမိတော့ဘူးလေ။ ဒါကြောင့် ရင်ဖွင့်တော့မယ်ဆိုရင် သူက ကိုယ့်အပေါ်သစ္စာရှိတဲ့လူလားဆိုတာကို စဉ်းစားဖို့ မမေ့ပါနဲ့။

အထက်ပါ ဆောင်းပါးကိုဖတ်ခြင်းဖြင့် LESSON ရရှိခဲ့တယ်ဆိုရင် သင့်သူငယ်ချင်းတွေကို SHARE ပေးဖို့မမေ့ပါနဲ့။ LIKE လုပ်ရန်လည်း သတိရပေးပါ၊