ချစ်သူထံ မပို့သင့်သော မက်ဆေ့ခ်ျ (၅)စောင်

1
3861

၁။တခြားကောင်မလေး ရှိလား။

ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ဒီလိုမက်ဆေ့ခ်ျမျိုး မပို့မိပါစေနဲ့။ ရူးကြောင်ကြောင်နိုင်တဲ့အတွက် ရှောင်သင့်ပါတယ်။ တခြားကောင်မလေး တကယ်ရှိနေတာ သေချာတယ်ဆိုရင်တောင် ပွင့်ပွင့်လင်းလင်း ပြောတာပိုကောင်းပါတယ်။ ဒီလိုအကြောင်းအရာမျိုးက မက်ဆေ့ခ်ျကနေတဆင့် စကားပြောဖို့ မသင့်တော်ပါဘူး။ ဒီလိုအကြောင်းမျိုးပြောချင်တယ်ဆိုရင် ခေါင်းအေးအေးထားပြီး သေသေချာချာ ပြတ်ပြတ်သားသား စဉ်းစားပြီး တိုက်ရိုက်သွားပြောပါ။ မက်ဆေ့ခ်ျမပို့ပါနဲ့။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၂။ထေ့ငေါ့တဲ့ စာသားလေးတွေ မပို့ပါနဲ့။

မက်ဆေ့ခ်ျပို့တဲ့အခါ သတိထားရမယ့်အချက်ပါ။ ကိုယ်က ရယ်စရာဟာသတစ်ခုလို့ ယူဆနေရင်တောင် ရိုင်းပြတဲ့ စကားလုံးမျိုးတွေက ကိုယ်နဲ့အခုမှစသိတဲ့ လူတစ်ယောက်အတွက် ထေ့ငေါ့သလိုထင်မြင်စေပါတယ်။ ဒီလိုပြောမယ့်အစား ပွင့်ပွင့်လင်းလင်း ပြောဖို့ကြိုးစားပါ။

၃။အရင်ကပြောခဲ့တဲ့ မက်ဆေ့ခ်ျလေးတွေကို screen shot ရိုက်ပြီး ပို့ခြင်း

အရင်တုန်းက မက်ဆေ့ခ်ျပို့ခဲ့တာလေးတွေကို ပြန်ပြောကြတာ ချစ်စရာကောင်းပါတယ်။ ဒါပေမယ့် အငြင်းပွားဖို့ဆိုရင်တော့ ကောင်းတဲ့လုပ်ရပ်မဟုတ်ပါဘူး။ အငြင်းပွားဖို့ အတိတ်ကအရာတစ်ခုကို ဆွဲယူတာမျိုး မလုပ်ပါနဲ့။ အတိတ်ကို အားမကိုးဘဲ လက်ရှိအခြေအနေကို ကိုင်တွယ်တာပဲ ကောင်းပါတယ်။

၎။ဘာလို့ မက်ဆေ့ခ်ျ ပြန်မပို့တာလဲ။

လူတိုင်းက အချိန်တိုင်းမှာ မက်ဆေ့ခ်ျပို့ဖို့ အားနေတာမဟုတ်ဘူးဆိုတာကို နားလည်သင့်ပါတယ်။ အကောင်းဘက်ကတွေးလိုက်ပါ၊ သူအလုပ်များနေတာလည်း ဖြစ်နိုင်တယ်လေ။ သူ့ဟာသူ လွတ်လွတ်လပ်လပ်နေပါစေ၊ ကိုယ်လည်း အေးအေးဆေးဆေး နေလိုက်ပါ။ ကိုယ့်ဟာကိုယ် အေးဆေးမနေဘဲ ဒီလိုမက်ဆေ့ခ်ျ သွားပို့လိုက်ရင် ကိုယ်ကမျှော်လင့်ချက်မဲ့နေသလို ဖြစ်သွားပါလိမ့်မယ်။

၅။လမ်းခွဲကြစို့။

ဒီလိုမျိုး ဘယ်တော့မှ မပို့တာကောင်းပါတယ်။ မက်ဆေ့ခ်ျကနေတဆင့် လမ်းခွဲတာက ယဉ်ကျေးတဲ့ အပြုအမူမဟုတ်ပါဘူး။ သိက္ခာရှိတဲ့ အမျိုးသမီးတစ်ယောက်ဆိုရင် မျက်နှာချင်းဆိုင် ပြောတာကောင်းပါတယ်။ အနည်းဆုံးတော့ ဖုန်းကနေတဆင့် ပြောပေါ့။

မျှ​ဝေ​ပေးတယ်​ဆိုတာဂရုစိုက်​လို့ပါပဲ။အောက်​​ဖော်​ပြပါ ​SHARE button ​လေးကို တစ်​ချက်​နှိပ်​ပြီးသင့်​သူငယ်​ချင်း​တွေကိုဘယ်​​လောက်​ဂရုစိုက်​တယ်ဆိုတာ ​ဖော်​ပြလိုက်​ပါ။

1 COMMENT

Comments are closed.