အမျိုးသမီးတွေမှာ ယေဘုယအားဖြင့်တွေ့ရတဲ့ စိတ်နေသဘောထား (၅)ရပ်

0
1837

တချို့လူ့အဖွဲ့စည်းတွေကတော့ ကြိုတင်ခန့်မှန်းလို့ရတဲ့ စိတ်နေသဘောထားတွေကို ယုံကြည်ကြပါတယ်။ တချို့စိတ်နေသဘောထားတွေကတော့ မှန်ချင်မှမှန်ပေမယ့် တချို့တွေကတော့ တကယ်မှန်ကန်ပါတယ်။ အမျိုးသမီးတွေမှာ အချိန်တွေကြာလာလည် တွေ့ရဆဲဖြစ်တဲ့ စိတ်နေသဘောထားတွေကို အမျိုးသမီးများ၏စိတ်နေသဘောထားများလို့ ခေါင်းစဉ်တပ်လိုက်ပါတယ်။ ဒါတွေကတော့ များတော့အားဖြင့် မှန်ကန်ကြောင်း သက်သေပြထားပါတယ်။ မှန်ကန်လေ့ရှိတဲ့ အမျိုးသမီးတွေရဲ့ စိတ်နေသဘောထားတွေကို လေ့လာကြည့်ရအောင်။

၁။အမျိုးသမီးတွေက စိတ်ထိခိုက်လွယ်ကြတယ်။

ကျွန်မတို့ အမျိုးသမီးတစ်ယောက်စီမှာ စိတ်ထိခိုက်လွယ်တာလေးတွေ ရှိကြပါတယ်။ ကိုယ့်ကိုယ်ကို ဘယ်လောက်ကြံ့ခိုင်တယ် မာကြောတယ်ပြောပြော တစ်နေရာမှာတော့ ခံစားလွယ်တတ်တာပါပဲ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၂။အမျိုးသမီးတွေက စကားပြောရတာကို နှစ်သက်ကြတယ်။

အတင်းပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် စကားပြောရတာကို နှစ်သက်တာပါ။ ကျွန်မတို့ရဲ့ အတွေးအမြင်တွေကို မျှဝေရတာ၊ တစ်ယောက်နဲ့တစ်ယောက် စကားပြောပြီး ဆက်သွယ်ပြောဆိုတာ၊ မိတ်ဖွဲ့တာတွေကို အလွန်နှစ်သက်ကြပါတယ်။ ခေါင်းစဉ်တစ်ခုသာ ကျွန်မတို့ကို ချပေးလိုက်၊ တစ်ဖြည်းဖြည်းနဲ့ စကားရှည်ပြီး၊ လမ်းကြောင်းလွဲရောက်တဲ့ထိ ပြောနိုင်ကြပါတယ်။ ဒါကသဘာဝအတိုင်း ထွက်လာတာပါ။

၃။အမျိုးသမီးတွေက ခံစားလွယ်ပါတယ်။

ကျွန်မတို့က သိပ်ကိုခံစားလွယ်တဲ့ လူတွေပါ။ အတွေးများတယ်၊ အသေးစိတ်စဉ်းစားတယ်၊ တခြားလူတွေနဲ့ မရည်ရွယ်ဘဲ ခံစားချက်ခင်းနီးစပ်လွယ်ကြတယ်။ ဒါကလည်း ကျွန်မတို့ရဲ့ အားနည်းချက်ဖြစ်လာနိုင်ပါတယ်၊ ဒါပေမယ့် များသောအားဖြင့်တော့ ဒါကအားသာချက်ဖြစ်နေပါတယ်။ ကမ္ဘာကြီးအကြောင်းကို အများကြီးနားလည်တဲ့ လူသားတွေပါ။

၎။စိတ်ဓာတ်ကျတဲ့အခါ အမျိုးသမီးတွေက ချောကလပ်စားတတ်ကြတယ်။

အချစ်ဇာတ်လမ်းတွေထဲမှာဆိုရင် အဓိကမင်းသမီးက ရည်းစားနဲ့လမ်းခွဲပြီးတဲ့အခါ တီဗွီလေးကြည့်ပြီး ချောကလပ်စားနေတာက တကယ့်ကိုကြည့်ရတာ ခံစားရပါတယ်။ ကျွန်မတို့တွေလည်း ဒီလိုလုပ်ကြပါတယ်။ စိတ်သက်သာရာရဖို့ ကြည်နူးစရာလေးတွေ ရှာတာပေါ့။ ကိုယ့်ကိုယ်ကို လိမ်ညာပြီး အကြိုက်ဆုံးအစားအသောက်တွေ စားသောက်ရတာလောက် ကောင်းတာမရှိပါဘူး။

၅။အမျိုးသမီးတွေက သူတို့သူငယ်ချင်းတွေကို အားလုံးဖွင့်ပြောတတ်ပါတယ်။

ရင်းနှီးတဲ့မိန်းကလေးသူငယ်ချင်းနှစ်ယောက်က အရာအားလုံးပြောပြာကြတယ်။ အရေးကြီးတာတွေပါသလို စကားအဖြစ်တောင် ပြောနေစရာမလိုတာတွေလည်း ပါပါတယ်။ အထူးသဖြင့် အချစ်ရေးနဲ့ပတ်သက်ရင် တစ်ယောက်နဲ့တစ်ယောက် အကြံဥာဏ်ယူတယ်။ တစ်ယောက်ပြဿနာကို တစ်ယောက်က ကူဖြေရှင်းတယ်၊ အဖွဲ့တစ်ဖွဲ့လိုမျိုးပေါ့။

စိတ်နေသဘောထားတွေကတော့ အားလုံးအတွက်မမှန်ကန်နိုင်ပါဘူး။ ဒါပေမယ့် ဘယ်အသက်အရွယ်ဖြစ်ဖြစ်၊ ဘာလူမျိုးဖြစ်ဖြစ်၊ ဘာပုံစံဖြစ်ဖြစ် အမျိုးသမီးတွေမှာ တူညီတာလေးတွေတော့ ရှိကြပါတယ်။ တစ်ခြား မှန်ကန်တယ်လို့ ပြောလို့ရတဲ့ စိတ်နေသဘောထားလေးတွေရော ရှိပါသေးသလား။

မျှ​ဝေ​ပေးတယ်​ဆိုတာဂရုစိုက်​လို့ပါပဲ။အောက်​​ဖော်​ပြပါ ​​SHARE button ​လေးကို တစ်​ချက်​နှိပ်​ပြီးသင့်​သူငယ်​ချင်း​တွေကိုဘယ်​​လောက်​ဂရုစိုက်​တယ်ဆိုတာ ​ဖော်​ပြလိုက်​ပါ။