(၂၁) ရာစုမှာ စိန်ခေါ်မှုအပြည့်နဲ့ အကောင်းဆုံ ရပ်တည်နိုင်ဖို့

1
499

၁။ လူမှုဆက်ဆံရေး ကောင်းမွန်မှု ရှိခြင်း။

ကျွန်တော်တို့နေ့စဉ်ဘဝမှာ လူမှုဆက်ဆံရေးဟာ သိပ်ကိုအရေးပါလာပါပြီ။ ဒီတော့ လူမှုပေါင်းသင်းဆက်ဆံရေး ကျွမ်းကျင်နေဖို့ လိုအပ်ပါတယ်။ အလုပ်ခွင်မှာဆိုလည်း လက်အောက်ငယ်သားဖြစ်စေ၊ အထက်လူကြီးနဲ့ဖြစ်စေ အကောင်းဆုံး ဆက်ဆံနိုင်ခြင်းက အလုပ်ကိုပိုမိုတွင်ကျယ်စေပြီး စိတ်ချမ်းသာစွာနဲ့ လုပ်ဆောင်နိုင်စေမှာပါ။ လူတွေနဲ့ ကောင်းကောင်းဆက်ဆံနိုင်ပြီဆိုရင် ရောက်လေရာ ပတ်ဝန်းကျင်မှာ အကောင်းဆုံးရပ်တည်နိုင်မှာပါ။

၂။ စိတ်ပိုင်းဆိုင်ရာ ရင့်ကျတ်မှု ရှိခြင်း။

အပြိုင်အဆိုင် တိုးတတ်နေတဲ့ ခေတ်ကြီးထဲမှာ လူတွေအားလုံး အရည်အချင်းတွေက မကွာကြတော့ပါဘူး။ အောင်မြင်ဖို့အတွက် အဓိကအရေးပါတာတော့ စိတ်ပိုင်းဆိုင်ရာမြင့်မြတ်မှုနဲ့ ခံစားနားလည်နိုင်စွမ်းတွေပါပဲ။ ခံစားနားလည်နိုင်စွမ်း ပိုကောင်းလေ အလုပ်မှာရှိတဲ့အခက်အခက်တွေကို အကောင်းဆုံး ဖြေရှင်းနိုင်လေပါပဲ။ ဒီလိုသာ စိတ်ဓါတ်ရင့်ကျတ်မယ်ဆိုရင် အရာအားလုံး တည်တည်ငြိမ်ငြိမ်နဲ့ ဆုံးဖြတ်ဆောင်ရွက်နိုင်မှာမလွဲပါပဲ။

၃။ တီထွင်ဆန်းသစ်နိုင်စွမ်းရှိခြင်း။

ဒီလောက်အပြိုင်အဆိုင်များတဲ့ ခေတ်ကြီးထဲမှာ ဆန်းသစ်တီထွင်မှုက မရှိမဖြစ် လိုအပ်လာပါပြီ။ ကိုယ့်ရဲ့ တီထွင်ကြံဆ နိုင်စွမ်းတွေကို အစွမ်းကုန် မြှင့်တင်လိုက်ပါ။ သမရိုးကျ အတွေးအမြင်တွေကနေ ရုန်းထွက်နိုင်လေ အောင်မြင်ဖို့အခွင့်အလမ်း ပိုများလေပါပဲ။

၎။ ဆုံးဖြတ်ချက် မှန်ကန်ပြတ်သားမှုရှိခြင်း။

ယနေ့ခေတ်မှာ အပြောင်းအလဲဆိုတာ ကြိုတင်တွက်ဆထားလို့ မရတာကြောင့် ကြုံတွေ့လာတဲ့ အခြေအနေကို အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းနိုင်ဖို့လိုပါတယ် ။ ဒီလိုဖြစ်လာနိုင်ဖို့ကလဲ အရာရာကို စဉ်းစားချင့်ချိန်ပြီး ဆုံးဖြတ်ချက် ပြတ်သားဖို့ လိုအပ်ပါတယ်။ အခြေအနေတစ်ခုကို လျှင်လျှင်မြန်မြန် ကိုင်တွယ်ဆုံးဖြတ်နိုင်ခြင်းက အချိန်ကုန်သက်သာစေသလို သင့်ရဲ့ အတွေးအခေါ်စွမ်းရည်ကိုလဲ တိုးတက်စေမှာဖြစ်ပါတယ်။
၅။ အလုပ်တာဝန်တွေကို မျှဝေလုပ်ဆောင်နိုင်ခြင်း။

အထက်အရာရှိ တော်တော်များများဟာ အခြားသူတွေကို အယုံအကြည်မရှိတဲ့အတွက် အလုပ်တာဝန်တွေကို ခွဲဝေမပေးချင်ကြဘူး။ သူတို့လောက် မစွမ်းဆောင်နိုင်ဘူး ထင်တာကလည်း တစ်ကြောင်းပေါ့။ သို့ပေမဲ့ လူတွေကို ထိုက်သင့်သလောက် ယုံကြည်နိုင်အောင်ကြိုးစားပါ။ သူတို့သက်ဆိုင်ရာအလုပ်တွေကို စိတ်ချလက်ချ တာဝန်ယူလုပ်ဆောင်ခွင့်ပေးပါ။ သူတို့ရဲ့ အားသာချက်တွေ စွမ်းဆောင်ရည်တွေကို ထုတ်ဖော်ခွင့်ပေးလိုက်ပါ။ ကိုယ်က ယုံကြည်ပေးလိုက်တဲ့အတွက် အကောင်းဆုံး ကြိုးစားလုပ်ကိုင်လာပါလိမ့်မယ်။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဗဟုသုတ တိုးပွားစေခဲ့ရင် Share။

1 COMMENT

Comments are closed.