တစ်ဖက်သက်ချစ်ခြင်း၏လက္ခဏာ (၅)ရပ်

2
4316

အချစ်ဇာတ်လမ်းလေးထဲမှာ ကိုယ့်အချစ်က တစ်ဖက်သက်ဖြစ်နေတယ်လို့ ခံစားနေရပါသလား။

ဒီလိုဆိုရင် အချစ်ခရီးလမ်းဟာ ပူဆွေးခံစားမှုတွေဆီကို ဦးတည်နေတာကြောင့် ပြန်စဉ်းစားသုံးသပ်ဖို့ လိုအပ်နေပါပြီ။

ဒီ relationship က လိုအင်တွေမပြည့်ဝဘူးဆိုတဲ့ ခံစားချက်မျိုးပေးနိုင်သလိုကိစ္စတိုင်း၊ အရာရာတိုင်းကို ပြုလုပ်နေရတာကိုယ်တစ်ယောက်တည်းလို့လည်း ခံစားစေနိုင်ပါတယ်။ အောက်ဖော်ပြပါ လက္ခဏာရပ်တွေ ရှိနေပြီဆိုရင်တော့ ကိုယ့်ချစ်သူနဲ့ ခံစားချက်တွေကိုပွင့်ပွင့်လင်းလင်းဆွေးနွေးကြဖို့ လိုအပ်နေပါပြီ။

၁။ ကိုယ်ကပဲအဆက်အသွယ်စလုပ်ရတယ်။

မက်ဆေ့ခ်ျပို့တာဖြစ်ဖြစ် ဖုန်းဆက်တာဖြစ်ဖြစ် ကိုယ်ကစပြီးမဆက်သွယ်ဘူးဆိုရင် ရက်တွေအများကြီးကြာသွားလည်း သူ့ဆီကဘာမှ အဆက်အသွယ်ရမှာ မဟုတ်ပါဘူး။ နှစ်ယောက်သားစကားပြောဖြစ်ရင်လည်း သူကစကားကို တိုတိုတုတ်တုတ်နဲ့ ပြန်ဖြေပြီး စကားစဖြတ်ချင်နေတတ်ပါတယ်။ ကိုယ်ဘာအကြောင်းအရာပဲပြောပြော သူဘက်ကစိတ်ဝင်စားပုံမပေါ်ပါဘူး။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၂။ သိပ်ချိန်းတွေ့လေ့မရှိဘူး။

စုံတွဲတွေကတော့ ပိတ်ရက်တွေဆိုရင် လှလှပပဝတ်ဆင်ပြီး တူတူလျှောက်လေ့ရှိတတ်ကြတယ်လေ။ သူ့မိတ်ဆွေ၊ ကိုယ့်မိတ်ဆွေတွေနဲ့ လူမှုရေးကိစ္စတွေမှာလည်းပါဝင်တတ်ကြတယ်။ တစ်ဖက်သက်ဖြစ်နေတဲ့ အချစ်ဇာတ်လမ်းမှာတော့ ကိုယ်ကပဲ အမြဲစပြီးချိန်းတွေ့ဖို့ပြောနေရတယ်။ သူ့ပိတ်ရက်တွေမှာဆိုရင်လည်း ကိုယ့်ကိုဘယ်တော့မှာပျော်ဖို့ပါးဖို့ ချိန်းလေ့မရှိဘူး။ ချိန်းတွေ့ဖို့ကိုကိုယ့်ဘက်က စပြောခဲ့ရင်တောင် ကိုယ်နဲ့ချိန်းမယ့်အစားသူ့မိတ်ဆွေတွေနဲ့ လည်ပတ်ဖို့ကိုရွေးချယ်လေ့ရှိပါတယ်။

၃။ ကိုယ်လိုအပ်တဲ့အချိန်တိုင်းအနားမှာရှိမနေတတ်ဘူး။

ချစ်သူကောင်လေးတွေဆိုတာ သူတို့ကောင်မလေးတွေ ပြဿနာကြုံတွေ့နေရချိန်မှာ ကူညီပေးဖို့ဆိုရင် စိတ်အားထက်သန်တတ်ကြပါတယ်။ ကိုယ့်မှာအခက်အခဲတွေကြုံနေရတဲ့အချိန်၊ အကူအညီလိုနေတဲ့အချိန်မှာ ကိုယ့်ချစ်သူကဂရုမစိုက်ဘူးဆိုရင်တော့ သူက ဒီ relationship ပေါ်မှာစိတ်မပါလို့ပါ။ ကိုယ့်မှာအရေးကြုံလာတိုင်း သူကကိုယ့်ကိုရှောင်နေတတ်ပါတယ်။ ကိုယ့်ပြဿနာမပြေလည်မချင်း သူ့ဆီကအဆက်အသွယ်ရမှာ မဟုတ်ပါဘူး။

၎။ ကိုယ့်ကိုလည်းဂရုမစိုက်ဘူး။

ဂရုစိုက်တတ်တဲ့ ချစ်သူကောင်လေးတစ်ယောက်က ကိုယ့်တစ်နေ့တာ ဘယ်လိုဖြတ်သန်းခဲ့လဲဆိုတာ အမြဲတမ်းကြားချင်ပါတယ်။ တစ်နေကုန်လည်းဟာ သမက်ဆေ့ခ်ျလေးတွေနဲ့ အခြားမက်ဆေ့ခ်ျလေးတွေ ပို့နေပါလိမ့်မယ်။ ကိုယ့်ချစ်သူကတော့ ကိုယ့်တစ်နေ့တာအကြောင်း ဘယ်တုန်းကမှ မမေးခဲ့ဖူးတာကြောင့် ကိုယ့်အကြောင်းလည်း သူမသိပါဘူး။

၅။ ချစ်သူနှစ်ဦးကြား ပြဿနာများ

ချစ်သူနှစ်ဦးကြားမှာ ဆက်ဆံရေးကကင်းကွာနေသလိုခံစားရပြီး ကိုယ့်ဘက်က တစ်ဖက်သက်ဖြစ်နေပါတယ်။ ဒါတွေကို ပွင့်ပွင့်လင်းလင်းပြောပြဖို့ ကြိုးစားတဲ့အခါတိုင်းလည်း သူကစိတ်ဝင်စားခြင်းမရှိဘူး။ ကိုယ်ခံစားနေရတဲ့ အခက်အခဲတွေကိုဖြေရှင်းဖို့လည်း သူမကြိုးစားပါဘူး။ သူကဘာကိုမှ ဖြေရှင်းဖို့မကြိုးစားတာကြောင့် ကိုယ်ကသာဒီ relationship ရဲ့ပြဿနာတွေကို တစ်ဦးတည်းအဖြေရှာနေရပါတယ်။

အမျိုးသမီးများရှင်… ဖော်ပြပါလက္ခဏာရပ်တွေရှိတဲ့ ကိုယ့်ချစ်သူကတော့ ကိုယ့်ဘဝကို မြင့်တင်ပေးဖို့၊ ကိုယ့်အချစ်ဇာတ်လမ်းလေးကို လှပခိုင်မြဲအောင်ပြုလုပ်ပေးဖို့ ဆန္ဒရှိတဲ့ လက်တွဲဖော်တစ်ယောက် မဟုတ်ပါဘူး။  တစ်ဖက်သက်ချစ်နေရတဲ့ အချစ်ဇာတ်လမ်းထဲကကိုယ်လက်တွေ့နားလည်ခဲ့ရတဲ့ အခြားလက္ခဏာရပ်လေးတွေ ရှိခဲ့ရင်လည်း comment လေးတွေရေးပြီး မျှဝေပေးကြပါဦးနော်။

အတွေးအခေါ်များကို မျှဝေပေးတယ်ဆိုတာ ဂရုစိုက်လို့ပါပဲ။ အောက်ပါ Facebook SHARE button လေးကို တစ်ချက်နှိပ်ပြီး သူငယ်ချင်းတွေကို ဘယ်လောက်ဂရုစိုက်တယ်ဆိုတာ ဖော်ပြလိုက်ပါ။ LIKE လုပ်ရန်လည်းမမေ့ပါနဲ့နာ်။

2 COMMENTS

  1. အဲ့လိုတွေ ဖြစ်နေပေမယ့် တစ်ဖက်သတ်တော့ဟုတ်ပဲနဲ့ သူ့ကို ကိုယ်ကစဆက်သွယ်လိုက်ရင် သူအထင်သေးသွားမလားဆိုပြီး ဖြစ်နေတတ်တာက ဘာဖြစ်လို့လဲဟင်…သူချစ်သလိုကိုယ်လဲချစ်ပေမယ့်လေ

Comments are closed.