Valentine မှာ ချစ်ခြင်းတွေကို ပြန်လည်အသက်သွင်းဖို့ စကားလေး (၅) ခွန်း

0
703
၁။ ငါမင်းကို တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး ချစ်မြတ်နိုးလာတယ်။

ဒီစကားမျိုးကို မနှစ်သက်တဲ့ သူရှိမယ်မထင်ပါဘူး။ ဒီလိုပြောလိုက်ခြင်းအားဖြင့် သူ့အပေါ် စိတ်ဝင်စားမှု ရှိနေသေးတယ်ဆိုတာ သိလိုက်ရလို့် သူစိတ်လုံခြုံမှု ရှိသွားမှာပါ။

၂။ မင်းဟာ ငါ့အတွက်တော့ အကောင်းဆုံး လက်တွဲဖော်ဆိုလဲ ဟုတ်တယ်၊ အရင်းနီးဆုံး မိတ်ဆွေဆိုလဲ ဟုတ်တယ်။

ဒီလို ပြောလိုက်ခြင်းဟာ သင့်လက်တွဲဖော်ကို သင်ဘယ်လောက်ထိ တန်ဖိုးထားတယ် ဆိုတာကို ဖော်ပြလိုက်တာပါပဲ။ သင့်ဘဝမှာ သူကအရေးပါနေတယ် ဆိုတာသိလိုက်ရလို့ သိပ်ကို ပျော်ရွှင်သွားမှာပါ။

၃။ ဘဝတစ်လျှောက်လုံး မင်းအနားမှာပဲ အမြဲ အတူရှိနေမှာပါ။

ဒီလို စကားမျိုး ကိုယ့်ချစ်သူဆီက မမျှော်လင့်တဲ့သူဆိုတာ ရှိမှာမဟုတ်ပါဘူး။ သူ့ဘဝမှာ ဒီစကားကြားတဲ့ အချိန်လောက်ပျော်ရွှင်ရတဲ့ အချိန်ဆိုတာ ရှိပါအုံးမလားပဲ။

၎။ ငါတို့ ဒီ Valentine မှာ ထူးထူးခြားခြားလေး တစ်ခုခု စီစဉ်ရအောင်။

ဒီလို ပြောလိုက်ခြင်းဟာ သင်တို့ချစ်ခြင်းကို ဂရုတစိုက်ရှိနေပါတယ် ဆိုတာကို ဖော်ပြလိုက်တာပါ။

၅။ မင်း တစ်နှစ်ပတ်လုံး အိမ်အလုပ်တွေရော၊ စီးပွားရေးတွေရော၊ အခြားကိစ္စတွေနဲ့ပါ   ပင်ပန်းနေရောပေါ့။

ဒါဟာ သူ့နေ့စဉ်ဘဝကို စိတ်ဝင်တစားရှိနေတယ် ဆိုတာကိုဖော်ပြလိုက်တာ ဖြစ်သလို သူရဲ့အရေးပါမှုကိုပါ အသိအမှတ်ပြုရာလဲ ကျပါတယ်။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

သဘောကျ နှစ်သက်ခဲ့ရင် Share ပေးဖို့မမေ့နဲ့နော်။