အမြွှာပူးလေးများ၏ စိတ်ဝင်စားဖွယ်အချက်လေးများ

0
1048

ကမ္ဘာပေါ်တွင် ကလေးအယောက်၂၅၀မွေးဖွားတိုင်းမှာ တစ်ကြိမ်ကတော့ အမြွှာလေးဖြစ်နိုင်ပါတယ်တဲ့။ ဒီရှားရှားပါးပါး အမြွှာလေးတွေရဲ့ ထူးဆန်းပြီး စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာလေးတွေကို အားလုံးသိအောင် ကျွန်မတို့ဖော်ပြပေးလိုက်ပါတယ်။

ဤဆောင်းပါးကို ဂနဝင် မဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ချွတ်စွပ်တူတဲ့ အမြွာလေးတွေကို ဘယ်လိုခွဲခြားကြမလဲ

ချက်ကလေးတွေက မွေးရာပါမဟုတ်တဲ့အတွက် အမြွှာလေးနှစ်ယောက်ကို ကွဲပြားစေပါတယ်။ ချွတ်စွပ်တူတဲ့အမြွှာလေးတွေမှာတောင် DNAချင်းတူနိုင်ပေမယ့် လက်ဗွေရာလေးတွေကတော့ ကွဲပြားကြပါတယ်။

မတူညီတဲ့ဖခင်နှစ်ဦးကနေလည်း အမြွာလေးတွေမွေးဖွားနိုင်ပါတယ်

သားဥကြွေချိန်အတွင်းမှာ တစ်ယောက်ထက်ပိုပြီး လိင်ဆက်ဆံခဲ့မယ်ဆိုရင် ထူးခြားတဲ့ ဖြစ်စဉ်တစ်ခုဖြစ်လာနိုင်ပါတယ်။ Heteropaternal super fecundation လို့ခေါ်ပြီး ကိုယ်လိင်ဆက်ဆံတဲ့လူနှစ်ယောက်လုံးနှင့် မျိုးအောင်ခြင်းမျိုးဖြစ်ပါတယ်။ ဒီလိုမျိုးအောင်ခြင်းကနေ သွေးသားမတူညီတဲ့ အမြွာပူးလေးတွေမွေးဖွားလာနိုင်ပါတယ်။

များပြားလာသော အမြွှာပူးလေးများ

အမြွှာပူးလေးတွေမွေးဖွားနှုန်းက လွန်ခဲ့တဲ့ နှစ်(၃၀)ခန့်ထက်စာရင် သိသိသာသာ တိုးပွားလာပါတယ်။ ၁၉၈၀ခုနှစ်ကနေ ယနေ့အချိန်ထိဆိုရင် ၇၆%ထိ တိုးလာတာကို တွေ့ရပါတယ်။ အသက်ကြီးမှကလေးယူကြတဲ့ အမျိုးသမီးတွေ များလာတာကြောင့်လဲဖြစ်နိုင်ပါတယ်။ အသက်(၃၀)ပတ်ဝန်းကျင်အမျိုးသမီးများသည် အသက်(၂၀)ပတ်ဝန်းကျင်အမျိုးသမီးတွေထက် အမြွှာပူးလေးတွေ မွေးဖွားနိုင်ခြေ ပိုရှိတာကို တွေ့ရလို့ပါပဲ။ နောက်တစ်ခုကတော့ အရပ်ပိုရှည်လာကြတဲ့ အမျိုးသမီးတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ အမြွှာမွေးတဲ့ အမျိုးသမီးတွေဟာ သာမန်အမျိုးသမီးတွေထက် (၁)လက်မလောက်တော့ အရပ် ပိုရှည်တတ်ကြပါတယ်။

တနေ့တည်းမွေးကြပေမယ့် အမြွှာမဟုတ်တာတွေလည်းရှိပါတယ်

စူပါဖက်တေးရှင်း(Superfetation) လို့ခေါ်ပြီးဒီလိုဖြစ်စဉ်မျိုးကဖြစ်ခဲပါတယ်။ သန္ဓေတစ်ခုအောင်ပြီးချိန်မှာ သွေးပြန်ပေါ်ပြီး နောက်ထပ်သန္ဓေတစ်ခုပြန်အောင်တာမျိုးကို ခေါ်ပါတယ်။ ဒီလိုဖြစ်စဉ်မျိုးမှာဆိုရင် ပထမကလေးကတော့ နေ့စေ့လစေ့မွေးပြီး ဒုတိယကလေးက လမစေ့တော့ပါဘူး။ တစ်ရက်တည်းမွေးပေမယ့် သန္ဓေအောင်ချိန်ကွာခြားနေလို့ပါပဲ။

အမြွှာလေးများ၏ ကိုယ်ပိုင်ဘာသာစကား

အမြွှာလေးတွေ မပီကလာပီကလာ အချင်းချင်းပြောနေကြတာက ခရစ်တိုဖေးစီးယား(cryptophasia) လို့ခေါ်တဲ့ သူတို့လေးတွေပဲနားလည်နိုင်တဲ့ ဘာသာစကားလေးတွေပါ။ အမြွှာပူးတွေရဲ့ ခန့်မှန်းချေ (၄၀) ရာခိုင်နှုန်းလောက် ဟာ ကိုယ်ပိုင်ဘာသာစကားကို ဖန်တီးနိုင်ကြတယ်လို့ လေ့လာတွေ့ရှိချက်တစ်ခုက ဖော်ပြထားပါတယ်။

အ​ထက်ပါ အကြောင်းအရာများကို ​သ​ဘောတူရင်​ ​ကျေးဇူးပြုပြီး SHARE ​ပေးပါဦး။ LIKE လုပ်ရန်လည်း သတိရပေးပါနော်​။